အသက်က ၇၂ နှစ်ရှိပြီဖြစ်သော်လည်း တိုင်ပတ်အကကို မျက်လုံးကမခွာချင်ဘဲ စွဲလမ်းသွားအောင် ကပြနိုင်မှုကြောင့် ချက်ချင်း..နာမည်ကြီးသွားခဲ့သည့် အဖွားအို
သာမန်အားဖြင့် လူအများစုတို့သည် အသက်အရွယ်ရလာသည်နှင့်အမျှ မိမိကိုယ်ကို အိုမင်းလာသည်ဟုယူဆကာ စိတ်ဓာတ်ကျနေတတ်ပါတယ်။လူတစ်ဦးတစ်ယောက်၏ အိုမင်းရင့်ရော်ခြင်းဟာ အသက်အရွယ်ထက် စိတ်ကျန်းမာခြင်းအပေါ်တွင် မူတည်နေပါတယ်။
ယခုတွင်လည်း တရုတ်နိုင်ငံ ဘေဂျင်းမှ အသက်၇၂နှစ်အရွယ်ရှိနေပြီသော်လည်း လူငယ်လေးတစ်ယောက်လို နေထိုင်ဖြတ်သန်းနေသည့် Jinlin Zhijunဆိုတဲ့အဖွားအိုဟာ ရုတ်တရက်နာမည်ကြီးလာခဲ့ပါတယ်..။အဖွားအို၏သမီးဖြစ်သူက တိုင်ပတ်အကသင်တန်းကို ဖွင့်လှစ်လိုက်ချိန်တွင် ကိုယ်တိုင်စိတ်ဝင်စားပြီး လွန်ခဲ့သော ၂နှစ်က စတင်သင်ယူခဲ့ပါတယ်။
ထို့နောက် ကျွမ်းကျင်စွာကတတ်ချိန်တွင် ကထားသည့်ဗီဒီယိုလေးကို အွန်လိုင်းပေါ်တင်လိုက်ရာမှ အရွယ်နှင့်မလိုက်အောင် ပေါ့ပါးစွာကခုန်နိုင်မှုကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။
Zawgyi