Health Care

ဂျပန်ပျိုပျို မေမေတို့လို စိုပြေနူးညံ့တဲ့ GLOW SKIN လေး ပိုင်ဆိုင်ဖို့ အသားအရေထိန်းသိမ်းနည်း

ကမ္ဘာအနှံ့မှာ နိုင်ငံအလိုက် အမျိုးသမီးတွေမှာ အလှအပ ဂရုစိုက်နည်း ကိုယ်စီ ရှိကြပါတယ်။

ဒီ အမျိုးမျိုးထဲကမှ ဂျပန်မလေးတွေ လုပ်လေ့ရှိတဲ့ အသားအရေ ထိန်းသိမ်းနည်း တစ်မျိုးကို ပြောပြပါရစေ။

ဒီနည်းလမ်းအတွက် ပါဝင်ပစ္စည်း (၃) မျိုး လိုအပ်ပါတယ်။ ဒါ့အပြင် ပစ္စည်း အားလုံးက သဘာဝပစ္စည်းတွေ ဖြစ်တာမို့ ဘာဘေးထွက်ဆိုးကျိုးမှ ရှိမှာမဟုတ်ပါဘူး။

ဒီတော့ ဂျပန်မလေးတွေ သုံးတဲ့ Glow Skin ရဖို့ သဘာဝနည်းလမ်းကို ကြည့်လိုက်ရအောင်

ရှားစောင်းလတ်ပတ် ဂျယ်

ရှားစောင်းလတ်ပတ် တစ်ချောင်းကို နှစ်ခြမ်းခွဲကာ အလယ်က ဂျယ်ကို ယူပေးရပါမယ်။ ဂျယ်တစ်ဇွန်း ယူပေးရပါမယ်။

ရှားစောင်းလတ်ပတ်မှာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များစွာနဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။

ဒီဓာတ်တွေက အရေးအကြောင်းနဲ့ အစက်အပျောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့နူးညံ့စေပါတယ်။

Matcha Powder

Matcha Powder ကိုတော့ လက်ဘက်ရည်ဇွန်းနဲ့ ဇွန်းဝက် ထည့်ပေးရပါမယ်။ Matcha က ဝက်ခြံတွေကို သက်သာစေကာ အသားအရေ အပြစ်အနာအဆာတွေကို လျော့ပါးစေပါတယ်။

ရှားစောင်းလတ်ပတ်နဲ့ Matcha ကို ရောလိုက်တဲ့အခါ မျက်နှာ အသားအရေအတွက် အံ့မခန်း အာနိသင်ကို ပေးစွမ်းနိုင်မှာပါ။

ပျားရည်

ပျားရည်ကိုတော့ တစ်ဇွန်းထည့်ပေးရပါမယ်။ ပျားရည်က ဘတ်တီးရီးယားတွေကို သေစေနိုင်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။

ဒါ့အပြင် အသားအရေကို အစိုဓာတ် ပေးနိုင်ပါတယ်။

ဒီပါဝင်ပစ္စည်း သုံးမျိုးကို ရောကာ မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ် ထားရပါမယ်။

ဒီဂျပန် နည်းလမ်းကို အသုံးပြုပြီးနောက် သင့်မျက်နှာ ပိုချောမွေ့ကာ Glow လာမှာ မလွဲမသွေပါပဲ။