credit to orginal
unicode
နေပြည်တော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူနှင့် ကျောင်းဆရာတို့ ပြုတ်ကျ ေ..သဆုံးတဲ့ဗီဒီယိုဖိုင် ထွက်လာပါပီ
ရုပ်သံကို အောက်ဆုံးတွင် တင်ပြထားပါသည်…။
နေပြည်တော် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်ကျောင်းမှခုန်ချသည့်ကျောင်းသူကို ဆရာက ကယ်တင်ရန်ကြိုးစားရင်း နှစ်ဦးစလုံးပြုတ်ကျသေဆုံးသည့် မြင်ကွင်း
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ ခေတ်ရှေ့ဆောင်ကိုယ်ပိုင်ကျောင်းက Grade 10 ကျောင်းသူဟာ
ကျောင်းခေါင်မိုးကနေ ခုန်ချဖို့ကြိုးစားချိန်မှာ
ဆရာဖြစ်သူက ကယ်တင်ဖို့ကြိုးစားရင်း နှစ်ဦးစလုံးပြုတ်ကျသေဆုံးရတဲ့ မှတ်တမ်းမြင်ကွင်းပါ။
ဒီဖြစ်စဉ်မှာ သေဆုံးရတဲ့ကျောင်းသူ မဆုမြတ်စံမှူး(၁၆ နှစ်) ဟာ ကျောင်းခေါင်မိုးပေါ်မှာ လမ်းလျှောက်နေတာကို မြင်ရမှာဖြစ်ပြီး
သူမကို အောက်က သူငယ်ချင်းတွေက ခုန်မချဖို့ ချော့မော့ပြောဆိုတောင်းပန်နေတာကို မြင်ရပါတယ်။
မဆုမြတ်စံမှူးဟာ အမိုးအဖျားစွန်းဘက်ကို လျှောကျလာချိန်မှာ
ခေါင်မိုးတစ်ဖက်စွန်းက ပြေးလာတဲ့ ဆရာဦးကြည်လင်းသန့်(၂၂ နှစ်) က မဆုမြတ်စံမှူးကို အပြေးတစ်ပိုင်း လှမ်းပြီးဆွဲချိန်မှာ
ဆရာဦးကြည်လင်းသန့်ပါ ပြုတ်ကျခဲ့ရတဲ့ မြင်ကွင်းပါ။
ဒီဖြစ်စဉ်ကြောင့် တပည့်ဖြစ်သူကို ကယ်တင်ဖို့ကြိုးစားတဲ့ ကွန်ပျုတာဆရာဦးကြည်လင်းသန့်ရော၊ ကျောင်းသူမဆုမြတ်စံမှူးပါ သေဆုံးခဲ့ရပါတယ်။
စာတော်ပြီးအေးဆေးတယ်ဆိုတဲ့ မဆုမြတ်စံမှူး ဘာကြောင့်ခုန်ချသတ်သေဖို့ကြိုးပမ်းရသလဲဆိုတာတော့ အခုအချိန်အထိ မသိရသေးပါဘူး။
credit to orginal



