Knowledge

ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော နေ့နံအလိုက်၊ အသက်အရွယ်များ….

နေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ပြုလုပ်သင့်သည့် ယတြာများမွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေးနှင့် ပညာရေး)

အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြ

ပေးလိုက်ပါတယ် မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။

တနင်္ဂနွေနေ့ဖွားများသည်အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။

ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။

တနင်္လာနေ့ဖွားများသည်အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေးရ၏။သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။

အင်္ဂါနေ့ဖွားများသည်အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊၇၂နှစ်၊ ၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။ယတြာအားဖြင့် ယပ်လှူရ၏။

လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။ကြာသာပတေးနေ့ဖွားတို့သည်အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း၊ ငါးသိန်း စသည်ဖြင့် မိမိတို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။တစ်နေရာတည်းတွင် မပစ်ဘဲငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။

သောကြာနေ့ဖွားတို့သည်အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။ တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။ဝေယျာဝစ္စကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့ လှူရ၏။

စနေနေ့ဖွားတို့သည်အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။

ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။ သူတစ်ပါး၏ ဝန်စည်စလွယ်တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။

မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ်မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။၇ခုစား ၈ခုစား ဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။

ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ရပါတယ်။ အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေးပေးထားခြင်း ဖြစ်ပါတယ်။

တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ဒါကို အထူးသတိပြုပါ။ သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး

၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။(မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)လေးစားစွာဖြင့်ကိုဖုန်း၊ သုတေသီဝေသာလီမောင်ဖုန်း၊ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Credit

——————-

နေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ပြုလုပ်သင့်သည့် ယတြာများနေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ယတြာ။နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ

မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေးနှင့် ပညာရေး)အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ် မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။

တနင်္ဂနွေနေ့ဖွားများသည်အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။

ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။

တနင်္လာနေ့ဖွားများသည်အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေးရ၏။သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။

အင်္ဂါနေ့ဖွားများသည်အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊၇၂နှစ်၊

၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။ယတြာအားဖြင့် ယပ်လှူရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။

ကြာသာပတေးနေ့ဖွားတို့သည်အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း၊ ငါးသိန်း စသည်ဖြင့် မိမိတို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။တစ်နေရာတည်းတွင် မပစ်ဘဲငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။

သောကြာနေ့ဖွားတို့သည်အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။ တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။ဝေယျာဝစ္စကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့ လှူရ၏။

စနေနေ့ဖွားတို့သည်အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။ သူတစ်ပါး၏ ဝန်စည်စလွယ်တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။

မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ်မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။၇ခုစား ၈ခုစား ဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။

ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ရပါတယ်။ အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေးပေးထားခြင်း ဖြစ်ပါတယ်။

တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ဒါကို အထူးသတိပြုပါ။ သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။၃ယောက်လောက် မသိမသာလောက်သ

ဖြစ်နိုင်ပြီး ၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။(မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)လေးစားစွာဖြင့်ကိုဖုန်း၊ သုတေသီဝေသာလီမောင်ဖုန်း၊ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Credit