သင်မသိသေးတဲ့ မီးဖိုချောင်ထဲကအန္တရာယ်အရှိဆုံးအရာ ( ၁၁ ) ခု..
မီးဖိုချောင်ထဲမှာနေ့စဉ်အသုံးပြုရတဲ့ပစ္စည်းတွေရှိပါတယ်။အရမ်းကိုရိုးစင်းပြီးတော့ အန္တရာယ်မရှိတဲ့ပုံပေါက်နေလို့သူတို့ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာသတိမထားမိကြပါဘူး။ဒါကြောင့်မို့လို့ အရမ်းကိုအရေးကြီးတဲ့သတင်းတွေကိုဝေမျှချင်ပါတယ်။
ဒီသတင်းကိုဖတ်ပြီးသွားရင်တော့ သင့်အလေ့အကျင့်တစ်ချို့ကပြောင်းလဲသွားမှာပါ။
၁၁-ပလတ်စတစ်ထမင်းဘူး
ပလတ်စတစ်ကိုပိုပြီးပြုပြင်ရလွယ်အောင်လို့ တစ်ချို့ထုတ်လုပ်သူတွေကဓာတုပစ္စည်းတွေထည့်တတ်ပါတယ်။အဲ့ဓာတုပစ္စည်းတွေက ကျန်းမာရေးအတွက်အလွန်ဆိုးဝါးတဲ့ပြသနာဖြစ်စေပါတယ်။
သင့်အဲ့ဓာတုပစ္စည်းတွေကို သင့်အစားအသောက်နဲ့ သင့်ကိုယ်ထဲမှာမလိုချင်လောက်ပါဘူးနော်..။
၁၀-မီးဖိုချောင်ဘေစင်
သင့်ဟင်းလျာထဲက အစားအသောက်တွေက သင့်ဘေစင်မှာတစ်ခါတစ်လေကျန်နေခဲ့တယ်ဆိုရင် အဲ့ကျန်ခဲ့တဲ့အရာလေးတွေက ဘက်တီးရီးယားတွေမွေးဖွားလို့ရတဲ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ထောက်ပံ့ပေးနေပါတယ်။
မီးဖိုချောင်ဘေစင်ကတကယ့်ကိုညစ်ပတ်တဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်။
၉-ဓားများ
သင့်ဓားတွေကအမြဲတမ်းထက်နေသင့်ပါတယ်။တကယ်လို့သင့်ဓားတွေကမထက်ဘူးဆိုရင်တော့ သင်တစ်ခုခုကိုလှီးဖြတ်တဲ့အချိန်မှာ ချော်ထွက်သွားပြီးတော့ သင့်လက်နဲ့တခြားကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်နိုင်ပါတယ်။
၈-ရေမြုပ်
သာမန်မီးဖိုချောင်သုံးရေမြုပ်မှာ ဘက်တီးရီးယားတွေက အရမ်းကိုမြန်ဆန်စွာနဲ့ ပေါက်ပွားနိုင်ပါတယ်။ဆေးချွတ်နေရုံနဲ့တော့ အန္တရာယ်ရှိတဲ့ပိုးမွှားတွေမပေါက်ပွားနိုင်အောင်မကာကွယ်နိုင်ပါဘူး။
ဘက်တီးရီးယားကိုသတ်ဖို့အတွက်ဆိုရင်သင်စိုနေတဲ့ရေမြုပ်ကိုမိုက်ခရိုဝေ့ဗ်နဲ့ခြောက်အောင်လုပ်တာမျိုးတို့ ဒါမှမဟုတ် အရောင်ချွတ်ဆေးအပျော့စားနဲ့ အချိန်နည်းနည်းကြာအောင်နှစ်ထားတာမျိုးတို့လုပ်နိုင်ပါတယ်။
ဒါမှမဟုတ်လည်း ပန်းကန်ဆေးစက်ထဲမှာ အကြာဆုံးနဲ့အပူဆုံး စနစ်ကိုရွေးပြီးတော့ ထည့်ထားလိုက်လို့လည်းရပါတယ်။
၇-လက္သုတ္ပုဝါ
လက်သုတ်ပုဝါတွေကသင့်မီးဖိုချောင်ထဲမှာအညစ်ပတ်ဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။သင်က သင့်လက်မဆေးခင်အချိန်မှာရော ဟင်းချက်နေတဲ့အချိန်တွေမှာရော တစ်ချိန်လုံးကိုင်ထားတတ်ပါတယ်။
ဒါက သင့်အစားအသောက်ထဲက ဘက်တီးရီးယားဝင်ဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၆-Air Fresheners
အဲ့လိုပစ္စည်းတွေမှာ အဆုတ်ကိုထိခိုက်စေပြီး ကင်ဆာအထိပါဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကိုတွေ့ရတတ်ပါတယ်။ဒါကြောင့်သင့်မီးဖိုချောင်ကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပြီး အမှိုက်ကိုပုံမှန်လွှင့်ပစ်တာက ဒီလိုပစ္စည်းသုံးတာထက်ပိုကောင်းပါတယ်။
၅-ဂတ္စ္မီးဖို
သင်အိပ်ရာမဝင်ခင် ဒါမှမဟုတ် အိမ်ထဲကမထွက်ခင်မှာ သင်မီးဖိုကိုပိတ်ထားရဲ့လားဆိုတာစစ်ဆေးဖို့ဘယ်တော့မှမမေ့ပါနဲ့။အဲ့လိုစစ်ဆေးကြည့်တာက ဂတ်စ်တွေစိမ့်ထွက်နေတဲ့အန္တရာယ်ကနေ သင့်ကိုရောတစ်ခြားလူတွေကိုပါကာကွယ်နေတာဖြစ်ပါတယ်။
၄-မစေးကပ်နိုင်တဲ့ဟင်းချက်ပစ္စည်း
အပူအလွန်အမင်းပေးထားတဲ့ Teflonတွေက အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးတွေကိုထုတ်လွှင့်ပေးနေပါတယ်။ ဒါကြောင့်ဒီလိုကိစ္စမျိုးမှာတော့ အရင်ချိန်တုန်းကသုံးတဲ့ ကောင်းမွန်တဲ့ပစ္စည်းတွေကိုပဲသုံးသင့်ပါတယ်။
၃-အသားကြိတ်စက်
အသားကြိတ်စက်တွေက အရမ်းကိုအားကောင်းပါတယ်။ သင့်လက်ချောင်းတွေကို အသားကြိတ်စက်နဲ့..ဝေးဝေးမှာတော့ထားပေါ့နော်။သင့်ရဲ့ကြိတ်ထားတဲ့အသားတွေက အောက်ကိုတွန်းပို့ဖို့အတွက်အထူးကိရိယာရှိပြီးတော့ သင့်လက်မထိခိုက်အောင်လို့ သင်သုံးမှဖြစ်ပါမယ်။
၂-အမှိုက်စွန့်ပစ်ခြင်း
ဒီဟာလေးက အမှိုက်တွေအတွက်ပဲနော်။သင်ဘယ်တော့မှဒီထဲကိုဘယ်တော့မှလက်မထည့်သင့်ပါဘူး..။သင်အထဲကိုတစ်ခုခုကျသွားတယ်ဆိုရင်တော့ သင့်လက်နဲကပြန်ထုတ်ဖို့မကြိုးစားပါနဲ့။
၁-စဉ်းနှီးတုံး
အသားတွေနဲက ဟင်းသီးဟင်းရွက်တွေအတွက်စဉ်းနှီးတုံးကိုသက်သက်စီအမြဲတမ်းသုံးစွဲသင့်ပါတယ်။အသားစိမ်းတွေမှာ အပြင်းအထန်ဖျားစေတဲ့ ဘက်တီးရီးယားတွေပါနေတတ်ပါတယ်။ပြီးတော့ ပျက်စီးနေတဲ့ဟာတွေ ကွဲနေတဲ့ဟာတွေကိုမသုံးပါနဲ့..။
ဘာလို့လဲဆိုတော့ အဲ့ကွဲရာတွေထဲမှာ ဘက်တီးရီးယားပေါက်ပွားဖို့အကောင်းဆုံးနေရာဖြစ်နေတတ်လို့ပါ။
Writer – Min Thu (Daily Hot News )