Knowledge

မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး..

မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး

မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝမှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားအရေကို ကြည်လင်စေတယ် -ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။

(၂) အဆိပ်အတောက်တွေ ပြေစေတယ် -မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ် အတောက်တွေကို ဖယ်ရှားပေးရုံ သာမကအဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။

(၃) ဆံပင်ကို သန့်ရှင်းစေတယ် -သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။

(၄) သွားတွေကို ဖြူဖွေးစေတယ် -မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။

(၅) မြေသြဇာဖြစ်တယ် – အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။

(၆) အနာတွေကို ပျောက်ကင်းစေတယ် – အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်

(၇) အိုးခွက်တွေကို ပြောင်လက်စေတယ် – မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။Credit

=======================

မီးေသြးခဲ့ရဲ႕ လူသိနည္းတဲ့ အံ့မခန္းအသုံးဝင္ပုံ (၇) မ်ိဴး

မီးေသြးမႈန႔္ ဟာ အေရွ႕တိုင္းမွာေရာ အေနာက္တိုင္းမွာပါ ေဆးပညာ၊ က်န္းမာေရး၊ အလွအပေရးရာေတြမွာ တြင္က်ယ္စြာ အသုံးျပဳလာတာ ၾကာလွပါၿပီေနာ္။ အလြယ္တကူရနိုင္တဲ့ မီးေသြးမႈန႔္ကို ေန႕စဥ္ ဘဝမွာ ဘယ္လိုအသုံးျပဳရမလဲ၊ ဘယ္ေလာက္ေတာင္ အသုံးဝင္လဲဆိုတာ ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသားအေရကို ၾကည္လင္ေစတယ္ -ပ်ားရည္တစ္ဇြန္းနဲ႕ မီးေသြးမႈန႔္အနည္းငယ္ကို ေရာၿပီးလိုအပ္ရင္ ေရႏြေးအနည္းငယ္ကိုပါ ေရာေပးနိုင္ပါတယ္။ ၿပီးရင္ေတာ့ ရလာတဲ့ အႏွစ္ကို မ်က္ႏွာမွာလိမ္းၿပီး (၁၀) မိနစ္အၾကာမွာ ေရေဆးေပးလိုက္ပါ။ ၾကည္လင္ဝင္းပတဲ့ အသားအေရေလးကို ရရွိမွာပါ။

(၂) အဆိပ္အေတာက္ေတြ ေျပေစတယ္ -မီးေသြးမႈန႔္အနည္းငယ္ကို သံပုယိုသီး၊ သၾကားအနည္းငယ္နဲ႕ ေရာၿပီး ေသာက္သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲကအဆိပ္ အေတာက္ေတြကို ဖယ္ရွားေပး႐ုံ သာမကအဆီကိုလည္း က်ေစပါတယ္။ ေနာက္ၿပီး ေက်ာက္ကပ္ကိုလည္း အထူးက်န္းမာေစပါတယ္။

(၃) ဆံပင္ကို သန႔္ရွင္းေစတယ္ -သင့္ေခါင္းမွာ ေအာက္သိုးသိုးအနံ႕မ်ိဳး ဒါမွမဟုတ္ အနံ႕တစ္ခုခု စြဲသြားခဲ့ရင္ ေခါင္းေလွ်ာ္ရည္ထဲ မီးေသြးမႈန႔္အနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းျဖင့္ ဆံပင္အနံ႕ေလးကို ေကာင္းမြန္ေစၿပီး ဦးေရျပားကိုလည္း သန႔္ရွင္းစင္ၾကယ္ေစပါတယ္။

(၄) သြားေတြကို ျဖဴေဖြးေစတယ္ -မီးေသြးမႈန႔္ အနည္းငယ္ကိုယူၿပီး သြားပြတ္တံေလးနဲ႕ သြားတိုက္ေပးျခင္းျဖင့္ ျဖဴေဖြးတဲ့ သြားေလးေတြကို ရရွိမွာပါ။ မီးေသြးမႈန႔္ဟာ သြားမွာ စြဲက်န္ေနတဲ့ အေရာင္ေတြကို ခြၽတ္ေပးနိုင္တာေၾကာင့္ပါ။

(၅) ေျမၾသဇာျဖစ္တယ္ – အပင္စိုက္သူေတြ အေနနဲ႕ ေျမႀကီးထဲကို မီးေသြးမႈန႔္ေရာေပးျခင္းျဖင့္ ေျမၾသဇာျဖစ္ေစလို႔ အပင္ေတြကို ရွင္သန္ႀကီးထြားေစပါတယ္။

(၆) အနာေတြကို ေပ်ာက္ကင္းေစတယ္ – အေကာင္ပေလာင္ေတြ အကိုက္ခံရတဲ့အခါျဖစ္ျဖစ္၊ ထိမိရွမိတဲ့ ေနရာေတြမွာ မီးေသြးမႈန႔္ကို အုန္းဆီအနည္းငယ္နဲ႕ ေရာၿပီးလိမ္းေပးျခင္းျဖင့္ အနာအက်က္ ျမန္ေစပါတယ္..

(၇) အိုးခြက္ေတြကို ေျပာင္လက္ေစတယ္ – မီးေသြးမႈန႔္ကို စတီးဝူးနဲ႕တို႔ကာ အိုးေတြ၊ ေႂကြျပားေတြကို တိုက္ေပးျခင္းျဖင့္ ေျပာင္လက္သန႔္ရွင္းသြားမွာ ျဖစ္ပါတယ္။

#Crd