၀က်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝမစားသင့်တဲ့ အစိတ်အပိုင်း (၅) ခု-
“အသီးမှာ သရက်၊ အသား မှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုရိုးစကားအတိုင်း ဝက်သား
ဟာ လူးတွေ နေ့စဉ်စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေ ရဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိ နိုင်တာမို့ ဖြစ်နိုင်ရင် ရှောင်ကျဉ်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။
ဝက်ဟာ ခေါင်းဖျား ကနေ အမြီး ထိ အားလုံး စားလို့ရပေမယ့် မစားသင့်ပဲ ချန်လှပ် (သို့) သတိထားပြီး စား ရမယ့် အစိတ်အပိုင်း (၅) ပိုင်းကတော့ –
၁။ ဝက်သွေး
သံဓါတ်ပါတဲ့ အစားအစာတွေ ထဲမှာတော့ ဝက်သွေးက ထိပ်ဆုံး စာရင်းကနေ ပါဝင်ပါတယ်။ အကယ်၍ ဝက်သွေးဟာ ကျန်းမာတဲ့ ဝက်ကနေ ထုတ်လုပ်ထားတာ ဆိုရင်တော့ အသုံးတည့်ပါတယ်
ဒါပေမယ့် ရောဂါကြောင့် သေသွားတဲ့ ဝက်တွေ ဒါမှမဟုတ် မလတ်ဆတ် တော့တဲ့ သွေးတွေကနေ ထုတ်လုပ်လိုက်တဲ့ ဝက်သွေးတွေဟာ အန္တရာယ်ရှိပါတယ်။
ဝက်သွေး မှာ အဆိပ်အတောက် များစွာပါဝင်တာမို့ သေသေချာချာကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်ပေမယ့် မကျက်တကျက်(သို့)အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ အလွန် အန္တရာယ်များပါတယ် ၂၀၁၇ ခုနှစ်က ဗီယက်နမ်နိုင်ငံ မှာ နီခရိုဆစ် လို့ခေါ်တဲ့ လူ့ရဲ့ခန္ဓာကိုယ်တွင်းက ကလီစာတွေ ဆဲလ်တွေ ပျက်ဆီး လာတဲ့ ဝေဒနာရှင် ၉ ဦးမှာ အချို့သေဆုံးခဲ့ပြီး အချို့က ခြေလက်အင်္ဂါတွေ
ဖြတ်တောက်ပစ်ရတဲ့ ဖြစ်ရပ် တွေရှိခဲ့ပါတယ်၊ ဒီလူတွေဟာ ရောဂါရှိတဲ့ ဝက်က ထုတ်လုပ်ထားတဲ့ ဝက်သွေးတွေ စာသုံးပြီးဖြစ်ခဲ့တာမို့ ဆရာဝန်တွေက လူထုကို ရှောင်ကျဉ်ဖို့ သတိပေးခဲ့ရတဲ့ထိ ဖြစ်ခဲ့ပါတယ်။
၂။ ဝက်အသည်း
အသည်းဟာ အဆိပ် အတောက်တွေ ထုပ်လုပ်ပေးတဲ့ နေရာဖြစ် ပါတယ်။ ဝက်အသည်းမှာ ကိုလက်စထရော နဲ့ သံဓါတ်အပြင်းစားတွေ ပါဝင်ပါတယ် အကယ်၍ အဟာရ ဓာတ်ပြည့်ဝအောင် ဝက်အသည်းကို ပုံမှန်စားတယ်လို့ ခံယူထားတယ်ဆိုရင်တော့ ဒီအယူအဆဟာ မှားယွင်းနေပါတယ်
ဝက်ရဲ့အသည်းမှ မဟုတ်ပါဘူး တိရိစ္ဆာန်တွေရဲ့ အသည်းကလည်း အတူတူမို့ အများကြီး မစားသင့်ပါ အသည်းရဲ့ တာဝန်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ပစ်ပေးရတာဖြစ်ပါတယ်။
အသည်းမှာ ရှိနေတဲ့ အမျိုးမျိုးသော အဆိပ်တွေအပြင် သတ္တုဓာတ်အပြင်းစားတွေ ဘက်တီးရီယားတွေကြောင့် ပုံမှန်စားသောက်မယ်ဆိုရှင် ရေရှည်မှာ အတွင်းကလီစာ ကင်ဆာဖြစ်နိုင်ချေ မြင့်မားပါတယ်
အသက်အရွယ်ကြီးသူတွေနဲ့ သွေးကြောဆိုင်ရာ အားနည်းသူ ရောဂါအခံရှိသူတွေအတွက် အဆိပ်အတောက်ဖြစ်ဖို့ ပိုပြီးလွယ်ကူပါတယ်။
ပုံမှန်အတိုင်း ကျန်းမာရေး ကောင်းသူတွေအနေနဲ့လည်း အသည်းကို အများကြီး မစားသင့်ပါ။ ကိုယ့်အတွက် လိုအပ်တဲ့ အဟာရဖြစ်စေနိုင်လောက်အောင်သာ သတိနဲ့ ချင့်ချိန်စားသုံးပါ။
၃။ ဝက်အဆုတ်
ဝက်ရဲ့ အဆုတ်ဟာ ဘက်တီးရီးယား နဲ့ အညစ်ကြေးများစွာ ပါရှိနေပါတယ်။
အဆုပ်ဟာ လေဝင်လေထွက်အတွက် တာဝန် ယူရတာမို့ များသောအားဖြင့် မြေကြီးနဲ့ ဝက်ရဲ့ နှာခေါင်းဟာ ထိစပ်နေတဲ့အတွက် အညစ်အကြေးတွေ နေ့စဉ် ရှုသွင်းခံရတဲ့ အစိတ်ပိုင်းလည်းဖြစ်ပါတယ်။
အသက်အရွယ်ကြီးသူတွေနဲ့ နာတာရှည်သမားတွေ ဝက်အဆုပ်ကို မစားသင့်သလို ကျန်းမာရေးကောင်းသူတွေ အနေနဲ့လည်း အများကြီး မစားသင့်ပါဘူး..။
၄။ ဝက်အူ
အမှန်အတိုင်း ဆိုရသော် ဝက်အူဟာ အညစ်ပတ်ဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ဝက်ရဲ့အညစ်အကြေးတွေနဲ့ အစာမချေရသေးတဲ့ အစာတွေ သိုလှောင်ရာနေရာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဝက်အူမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယား ပိုးမွှားပေါင်း သောင်းခြောက်ထောင် ပေါက်ပွား ပျော်ရွှင်ရာနေရာလည်းဖြစ်ပါတယ်။
ဝက်အူကို စနစ်တကျ ကျက်အောင် မချက်ပြုတ်ပဲ စားမိပါက ဘက်တီးရီးယားတွေ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီး ရောဂါတွေ အန္တရာယ်တွေ ပေးနိုင်ပါတယ်။ဝက်အူဟာ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတွေ ဖြစ်စေပါတယ်။
၅။ ဝက်ဦးနှောက်
လူအတော်များများ နဲ့ မိခင်တွေ မှားယွင်းနေ တဲ့ အယူအဆတစ်ခုရှိပါတယ်။ ဝက်ဦးနှောက်စားရင် ဦးနှောက်ဉာဏ်ရည်ကောင်းတယ်၊
အားရှိတယ် ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆနဲ့ ကလေးတွေကို ဝက်ဦးနှောက်များများကျွေးမိရင်တော့ မှားပါလိမ့်မယ်။တစ်ကယ်တော့ ဝက်ဦးနှောက် စားသုံးခြင်းက လူတွေ ထင်နေကြသလို လူရဲ့ဦးနှောက်ကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး
ဝက်ဦးနှောက် အလွန်အကျွံစားခြင်းကြောင့် ကလေးတွေမှာ အဝလွန်ရောဂါ၊ သွေးတွင်း ကိုလေက်စထရောများခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်စေပါတယ်ဘာကြောင့်လဲဟု ဆိုရသော် ဝက်ရဲ့ဦးနှောက်ဟာ အဟာရဓါတ် အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။
ဝက်ဦးနှောက် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရောပါဝင်တာကြောင့်
ဒီပမာဏဟာ လူတစ်ယောက် တစ်နေ့တာမှာ တစ်ကယ် လိုအပ်တဲ့ အဟာရပမာဏထက် ၈ ဆ ပိုများတဲ့အတွက် တန်ဆေးလွန်ဘေး ဆိုသလိုအန္တရာယ်ရှိတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဝက်သားကြိုက်နှစ်သက်သူတွေ အထူးသဖြင့် အဆိုပါ အစိတ်အပိုင်းများစွာ ပါဝင်တဲ့ ကြေးအိုးလို၊
ဝက်သားတုတ်ထိုး အစားအစာများ ကြိုက်နှစ်သက်သူတွေ သင့်တင့်မျှတစွာ ကျန်းမာရေးသတိနဲ့ စားသုံကြဖို့ ပိုပိုလေးက တိုက်တွန်းလိုက်ပါတယ်။
Credit