ဘာလို့လှူမှန်းမသိတဲ့ လူတွေအတွက်ပါ။ ဖတ်ကြည့်ပါနော် အဓိပ္ပာယ်လေးကို ဘုရားတပည့်တော်တို့သည် လူမှုကိစ္စများမြောင်လှသောကြောင့် ဘုရားရှင်အား ၂၄ လေးနာရီပတ်လုံးရှိခိုးမာန်လျော့ ကန်တော့လိုသော်လည်း ကန်တော့နိုင်ခြင်း မရှိပါသဖြင့် ဘုရားတပည့်တော်တို့ကိုယ်စား ဘုရားရှင်အား ၂၄နာရီပတ်လုံး ရှိခိုးမာန်လျော့ ကန်တော့နေသော ကန်တော့ပွဲအဖြစ် လှူဒါန်းကန်တော့ပါသည်ဘုရား လြိုပြောပြီး ကန်တော့ပွဲကိုကပ်ရပါတယ်။
အဘမင်းခေါင်ရှင်းပြတဲ့ ကန်တော့ပွဲအကြောင်း ကိုယ့်ဘာသာ တော်တော်စိတ်ရှုပ်ထွေးခဲ့ရတာပါ။ ဒီအုန်းသီးအစိမ်းကြီး ငှက်ပျောဖီးအစိမ်းတွေ ထိုးထိုးထောင်ထောင်တွေ ဘုရားရှင်ကို ဘာကိစ္စနဲ့ လှူရသလဲ။ ဘုရားရှင်ကကော ဆွမ်း ရေချမ်း ဆီမီး
စသည်တို့လို ဘယ်လိုအသုံးပြုတော်မူသလဲ။ သိချင်စိတ်နဲ့လိုက်မေး စာအုပ်တွေမွှေ့ရှာဖတ် စိတ်ကျေနပ်တဲ့ အဖြေကမရခဲ့ဘူး။ တစ်နှစ်ကျော်တယ် လေ့လာတာ။ သာသနာပွဲလေကွာ ထက်မပိုခဲ့တော့ ကန်တော့ပွဲကြီးသေချာပြင် ငုတ်တုတ်ကြီးထိုင်ကြည့်ပြီး နှစ်နာရီလောက် စဉ်းစားသေးတယ်။
ကဲဟာ ဂွမ်းခနဲ လမ်းပေါ်လွှင့်ပစ်လိုက်မိတယ်။ အေးရော ကိုယ်မှ သေချာမသိတာကြီးကို မလုပ်ချင်ပါဘူး။ အဲ့အချိန်ကျမှ ကြွတော်မူလာပါလေရော အဘမင်းခေါင်ကြီးလေ။ ငါ့သားရေ ကန်တော့ပွဲဆိုတာ ဝိသာခါကျောင်းအစ်မ သောတာပန်ကြီးက စခဲ့တာကွ။ ဝိသာခါကြီးက သားသမီးတွေ အများကြီးကွ၊ ဒါတော့မှတ်ဖူးလောက်ရဲ့ မဟုတ်လား။ ဒီတော့ အမြဲလို ကိုယ်ဝန်ဆောင်ရသပေါ့ကွာ။ အဲ့ဒီကိုယ်ဝန် အရင့်အမာကာလကြီးမှာ ကြည်ညိုစိတ်ကြီးလွန်းတဲ့ ဝိသာခါကြီးက မနက်ဖြန်နံနက် အရုဏ်ဆွမ်းအလို့ငှာ ဘုရားရှင်နှင့် ရဟန္တာကြီးများကို အိမ်တော်ဦးသို့ ကြွရောက်ချီးမြှင့်တော်မူဖို့ ဆန္ဒပြင်းပြနေရှာသတဲ့။
ဆွမ်းပင့်ချင်တာကွာ ချဉ်ချင်းတပ်တယ်ဆိုကြပါစို့။ ကိုယ်ဝန်ရင့်မာကြီးနဲ့ ကိုယ်တိုင်လည်းမပင့်နိုင် လူစားလွှတ်ရင်လည်း အဂါရဝဖြစ်မှာစိုးရိမ်ပြီး ပူဆွေးသောက ဖြစ်နေရှာသတဲ့။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူခွင့်ကြီး ကြုံနေကြတဲ့အချိန် ဘယ်လောက်များ သမာဓိအား ကောင်းကြလေမလဲ တွေးကြည့်။ ဝိသာခါကြီး ငြိမ်ငြိမ်လေး ထိုင်တဲ့ပြီး စိတ်ဆန္ဒအတိုင်း အပြင်းအထန် အာရုံညွှတ်သတဲ့။
အဲ့ဒီမှာ ကမ္ဘာ့ပထမဆုံးသော ကန်တော့ပွဲက အာရုံထဲပြတ်ပြတ်ထင်ထင်ပေါ်လာသတဲ့ကွ။ အုန်းသီးတစ်လုံးနဲ့ ငှက်ပျောသီး နှစ်ဖီးတဲ့ဟေ့။ အုန်းသီးက သူမကြီးရဲ့မျက်နှာဦးခေါင်း ကြွက်မြှီးက ဆံပင်၊ ငှက်ပျောဖီးနှစ်ဖီးက လက်ဆယ်ဖျာ ရှိခိုးဟန် ကိုယ်စားပေါ့ကွာ။ ဖြတ်ပြောစရာရှိတာက ကြွက်မြီးကြီး ဘုရားဘက်လှည့် ထိုးထားတာမျိုး ဆံပင်ဆိုမှ ဘုရားကိုကျောခိုင်းသလိုဖြစ်တယ်ကွ။ နောက်တော့ရှင်းသွားလိမ့်မယ်။
အာရုံထဲပေါ်တဲ့အတိုင်း ရွှေအုပ်ကြီးနဲ့ပြင်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ကိုင်ကာနဲ့ ဘုရားရှင်နဲ့ရဟန္တာကြီးများကို ဆွမ်းတော်ကပ်လှူလိုပါတယ်ဆိုတဲ့ပြီး လေးလေးနက်နက် တိုင်တည်သတဲ့ကွ။ အဲ့ဒီမှာ ကန်တော့ပွဲက သူ့ရှေ့က ဖြတ်ခနဲပျောက်ပြီး ဘုရားရှင်ရှေ့တော်မှောက် ဘွားလနဲရောက်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ပြည့်ရှင်မင်းကြီးကလည်း မူးမတ်သေနာပတိ အခြံ အရံတွေနဲ့ ဇေတဝန်ကျောင်းတော်ပေါ်တက်လာ ဦးချပြီး မနက်ဖြန်နံနက် နန်းတော်ဦးသို့ ဆွမ်းဘုန်းပေးချီးမြှင့်ပါဘုရား ဆိုတဲ့ပြီး ပင့်လျောက်သတဲ့။
ဘုရားရှင်က ဒကာတော်မင်းကြီး နောက်ကျသွားပြီ ခုပဲဝိသာခါကျောင်း အစ်မကြီး လာလျောက်သွားပြီလို့ မိန့်တော်မူသတဲ့။
မင်းကြီးက လမ်းမှာလည်း မတွေ့မဆုံမိပါလား ဘုရားလို့ စောဒက တက်သတဲ့။ မင်းကြီးကလည်း အခြွေအရံတွေနဲ့ ဝိသာခါကလည်း အခြွေအရံတွေနဲ့ လမ်းဖြူးဖြူးကြီးမှာ ဆုံကိုဆုံရမယ်ပေါ့ကွာ။ ဘုရားရှင်က မဟုတ်ပေဘူး မင်းကြီး ဝိသာခါဆိုတာ ဒီအရာကို ညွှန်းဆိုတာပါလို့ ကန်တော့ပွဲကိုညွှန်ပြတော်မူပြီး ဆိတ်ဆိတ်နေတော်မူတယ်တဲ့။
ဘုရင်မင်းကြီးလည်း ဦးကုန်းချ နန်းတော်ပြန် ချက်ခြင်းညီလာခံဆင့်ခေါ်တဲ့ပြီး ဘုရားရှင်ညွှန်ပြခဲ့တဲ့ အုန်းသီးတစ်လုံးနဲ့ ငှက်ပျောနှစ်ဖီး ကန်တော့ပွဲအတိုင်း ပြင်ခိုင်း ကိုင်းပညာရှိမူးမတ်တွေ မြတ်စွာဗုဒ္ဓ အရှင်က ဒါကိဝိသာခါကြီးလို့ မိန့်တော်မူတယ်။ ဘာအကြောင်းလဲဆိုတာ စဉ်းစားလျောက်တင်ကြစမ်းဟဲ့ လုပ်ပါလေရော။ ဖင်ကုတ်ခေါင်းကုတ်နဲ့ သတ်ရင်လည်း သေရပါတော့မယ်ဘုရား ဖြစ်ကုန်ကြရောဟေ့။ ဝိသာခါကြီးထံကို ဆက်သားလွှတ်အကျိုးအကြောင်းသိရတော့မှ ဘုရားရဲ့တရားတော်တွေ နာယူလိုက်နာနေကြသူတွေပီပီ ဥာဏ်တွေပွင့်ကုန်ကြတယ်ကွ။
သူတို့ချည်း သိတာထက် အားလုံးသိရလေအောင် မောင်းကြေးနင်း လည်ခတ်ပါလေရောဟေ့။ ကန်တော့ပွဲက အဲ့ဒီကစတာပဲ။ တိုလိုက်ကြစို့ကွာ လိုရင်းကိုသာ ရအောင်ယူ။ မည်သည့်အလှူမဆို ၃၁ ဘုံကျင်လည်ခဲ့သမျှ ပဋ္ဌာန်းဆက်တွေကို ပင့်ဖိတ်လို့ အတူတကွအားဖြင့် လှူဒါန်းပါမှ ကျွတ်ကြလွတ်ကြ ဘုံဝတွေ မြင့်ကြပါလေမှ အလှူမြောက်တယ် အကျိုးရှိတယ် မဟုတ်လား။
ဒီတော့ပင့်ဖိတ်သူများ အပါအဝင်ပေါ့ကွာ ၃ဖီး ၅ဖီး ၉ဖီး ၄၅ဖီး ၁၀၈ဖီး ဘယ်လိုပဲပြင်ပြင် အဓိကမှတ်ယူလှူဒါန်း ဖို့ကအရှင်ဘုရား ဤအုန်းသီးကို ဘုရားတပည့်တော်တို့၏ ဦးခေါင်း ရတနာမြတ်အင်္ဂါအဖြစ် မှတ်ယူတော်မူပါဘုရား။ ငှက်ပျောဖီးတို့ကို လက်ဆယ်ဖြာအဖြစ် မှတ်ယူတော်မူပါဘုရား။ ဘုရားတပည့်တော်တို့သည် လူမှုကိစ္စများမြောင်လှသောကြောင့် ဘုရား ရှင်အား ၂၄ လေးနာရီပတ်လုံးရှိခိုးမာန်လျော့ ကန်တော့လိုသော်လည်း ကန်တော့နိုင်ခြင်းမရှိပါသဖြင့် ဘုရားတပည့်တော်တို့ကိုယ်စား ဘုရားရှင်အား ၂၄နာရီပတ်လုံး ရှိခိုးမာန်လျော့ ကန်တော့နေသော ကန်တော့ပွဲအဖြစ် လှူဒါန်းကန်တော့ကြပါသည်ဘုရား။
အဲ့လို ကန်တော့တာကွ ကန်တော့ပွဲက မင်းရဲ့ကိုယ်စား ဘုရားကိုကန် တော့နေတာ။ အလုပ်ရှုပ်နေတုန်း ဘုရားကန်တော့ချင်လာရင် ကန်တော့ပွဲကို အာရုံညွှတ်လိုက် မင်းကိုယ်စား အမြဲကန်တော့နေတော့တာဟေ့။ ကိုယ်စားဆိုမှတော့ ကန်တော့ပွဲက မင်းကိုစကားပြောလိမ့်မယ်။ ဝင်းထိန်တောက်ပနေရင် မင်း အိုကေနေတဲ့နိမိတ်။ ပုတ်ပွပြုတ်ကျ ကြွက်ကိုက် ဘာညာဆိုရင် ယတြာလေးဘာလေးခြေဖို့လိုပြီ ဆိုရမှာပေါ့ကွာ။ လက်ခံမိသလိုရှိပေမဲ့ ဒီချွန်ချွန်တက်တက်တွေ လက်ဖက်တွေ ကွမ်းတွေကကော ဘာလုပ်တာတုန်း မသိဘူးနော်။
ဒီလိုကွ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူတော့ လူတွေ လောဘ ဒေါသမောဟ ပရိဒေဝ သောကတွေ ကြီးကြီးလာလို့ ပညာရှိများက သက်သာကြပါစေကြောင်း လောကီပညာအစီအရင်တွေ ထည့်သွင်းပေးထားတာ။ မပါလည်းရတယ် ပါရင်တော့ပိုပြီးပြည့်စုံတာပေါ့ကွာ။ တက်ဦးမှာပဲ အထွန့်က ဒါဆိုသိုက်ပွဲတို့ သာတီဆဲဗင်းပွဲတို့ ဘာတို့ညာတို့ကကော အဘ အဲ့ဒါ အဘ ရှင်းပြပေး။ မင့်ကွာ ဝိဇ္ဇာသား ပြိတ္တာလောက် ဥာဏ်နည်းရသလား။
မှတ်ကွာ ကိုင်း ဒီမှာဟေ့ ဘုမ္မိယသိုက်တွေ ၃၇မင်းတွေ စသည်ဖြင့်က မင်းတို့လို လှူခွင့်မရဘူးကွ။ မင်းတို့က မင်းတို့ရဲ့ဆွေတော်မျိုးတော်တွေ ကိုယ်စားလှူပေးရတာလေကွာ။
သိုက်ပွဲကြီးပြင်ပြီးတာနဲ့ သိုက်နန်းရှင်များကိုယ်စား သိုက်နန်းရှင်အပေါင်းတို့သည် သိုက်ကိစ္စများကြောင့် သိုက်နန်းရှင်များကိုယ်စား ၂၄နာရီပတ်လုံး ဆိုကတည်းက အဲ့ဒါလည်း ဘုရားကိုကန်တော့တဲ့ပွဲပါပဲ ။ မောင်လျှာရှည် မိကျောင်းသားရယ်။
မင့် သာတီဆဲဗင်းလည်း ဒီအတိုင်းပဲပေါ့ကွာ။ ကန်တော့ပွဲမှန်သမျှ ဘုရားကိုကန်တော့တာချည်းပဲ မောင်မိချောင်းရေ။နောက်တစ်ခါ လမ်းပေါ် လွှင့်မပစ်တန်ကောင်းပါဘူးနော်။လက်ခံလိုက်ရပါလေပြီ။
မူရင်းရေးသားတင်ပြသူအားCrdပေးပါတယ်