“အောက်တိုဘာ ၃၁ ရက်နေ့(Halloween Night)ည တွင် အပြာရောင်လ ထွက်ပေါ်မည်”
၂၀၂၀၊ အောက်တိုဘာ ၃၁ ရက်(ဟောလိုးဝင်းပွဲတော်ည)မှာ အပြာရောင်လ (Blue Moon)ထွက်ပေါ်လာမှာဖြစ်တယ်လို့ နာဆာအမျိုးသားအာကာသသိပ္ပံအချက်အလက်စင်တာ
(NASA’s National Space Science Data Center)က ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာလထဲမှာ လပြည့်ည နှစ်ကြိမ်ထွက်ပေါ်မှာဖြစ်ပြီး ပထမလပြည့်ရက်က အောက်တိုဘာလရဲ့ပထမဆုံးအပတ် နဲ့ နောက်တစ်ကြိမ်ကတော့ အောက်တိုဘာနောက်ဆုံးပတ်ဖြစ်ပါတယ်။
တကယ်တော့ အပြာရောင်လ ဆိုတာ တင်စားခေါ်ဝေါ်မှုတစ်ခုသာဖြစ်ပြီး အဲ့ဒီနေ့ညမှာ ပုံမှန်မြင်နေကျ လ ကို အရွယ်အစားပိုကြီးပြီး ပိုတောက်ပတဲ့ပုံစံနဲ့သာမြင်ရမှာဖြစ်ပါတယ်။
လတစ်လရဲ့ပုံမှန်လပြည့်ရက်က တစ်ကြိမ်သာဖြစ်ပေမယ့် ၂၀၂၀ အောက်တိုဘာမှာတော့ လပြည့်ညကို နှစ်ကြိမ်မြင်တွေ့ရမှာဖြစ်ပါတယ်။
တစ်ကြိမ်က အောက်တိုဘာလအစမှာဖြစ်ပြီးနောက်တစ်ကြိမ်ကတော့ အောက်တိုဘာ ၃၁ မှာဖြစ်ပါတယ်။ ဒီလို တစ်လထဲမှာ လပြည့်ရက်နှစ်ခါဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး နှစ်နှစ်ခွဲမှာ ပျမ်းမျှ တစ်ကြိမ်သာပေါ်ပေါက်တဲ့ရက်လည်းဖြစ်ပါတယ်။
အဲ့ဒီလို လပြည့်ရက်နှစ်ခါမှာ ဒုတိယအကြိမ်ထွက်လာတဲ့ လဟာ ပိုမိုကြီးမားတဲ့အရွယ်အစားရှိပြီး တောက်ပတတ်တာမို့ အပြာရောင်လပြည့်ည
(Blue Moon Night) လို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ အောက်တိုဘာလရဲ့ ပထမဆုံးရက်မှာထွက်ပေါ်တဲ့ လပြည့်ညကိုတော့ Harvest Moon (ကောက်ရိတ်သိမ်းလ) လို့ခေါ်ပါတယ်။
Ref & photo – CNN
Zawgyi,
=======
“ေအာက္တိုဘာ ၃၁ ရက္ေန႔(Halloween Night)ည တြင္ အျပာေရာင္လ ထြက္ေပၚမည္”
၂၀၂၀၊ ေအာက္တိုဘာ ၃၁ ရက္(ေဟာလိုးဝင္းပြဲေတာ္ည)မွာ အျပာေရာင္လ (Blue Moon)ထြက္ေပၚလာမွာျဖစ္တယ္လို႔ နာဆာအမ်ိဳးသားအာကာသသိပၸံအခ်က္အလက္စင္တာ
(NASA’s National Space Science Data Center)က ထုတ္ျပန္ခဲ့ပါတယ္။
ေအာက္တိုဘာလထဲမွာ လျပည့္ည ႏွစ္ႀကိမ္ထြက္ေပၚမွာျဖစ္ၿပီး ပထမလျပည့္ရက္က ေအာက္တိုဘာလရဲ႕ပထမဆုံးအပတ္ နဲ႔ ေနာက္တစ္ႀကိမ္ကေတာ့ ေအာက္တိုဘာေနာက္ဆုံးပတ္ျဖစ္ပါတယ္။
တကယ္ေတာ့ အျပာေရာင္လ ဆိုတာ တင္စားေခၚေဝၚမႈတစ္ခုသာျဖစ္ၿပီး အဲ့ဒီေန႔ညမွာ ပုံမွန္ျမင္ေနက် လ ကို အ႐ြယ္အစားပိုႀကီးၿပီး ပိုေတာက္ပတဲ့ပုံစံနဲ႔သာျမင္ရမွာျဖစ္ပါတယ္။
လတစ္လရဲ႕ပုံမွန္လျပည့္ရက္က တစ္ႀကိမ္သာျဖစ္ေပမယ့္ ၂၀၂၀ ေအာက္တိုဘာမွာေတာ့ လျပည့္ညကို ႏွစ္ႀကိမ္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
တစ္ႀကိမ္က ေအာက္တိုဘာလအစမွာျဖစ္ၿပီးေနာက္တစ္ႀကိမ္ကေတာ့ ေအာက္တိုဘာ ၃၁ မွာျဖစ္ပါတယ္။ ဒီလို တစ္လထဲမွာ လျပည့္ရက္ႏွစ္ခါဟာ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ၿပီး ႏွစ္ႏွစ္ခြဲမွာ ပ်မ္းမွ် တစ္ႀကိမ္သာေပၚေပါက္တဲ့ရက္လည္းျဖစ္ပါတယ္။
အဲ့ဒီလို လျပည့္ရက္ႏွစ္ခါမွာ ဒုတိယအႀကိမ္ထြက္လာတဲ့ လဟာ ပိုမိုႀကီးမားတဲ့အ႐ြယ္အစားရွိၿပီး ေတာက္ပတတ္တာမို႔ အျပာေရာင္လျပည့္ည
(Blue Moon Night) လို႔တင္စားေခၚေဝၚၾကတာျဖစ္ပါတယ္။ ေအာက္တိုဘာလရဲ႕ ပထမဆုံးရက္မွာထြက္ေပၚတဲ့ လျပည့္ညကိုေတာ့ Harvest Moon (ေကာက္ရိတ္သိမ္းလ) လို႔ေခၚပါတယ္။
Ref & photo – CNN