ဆင်းရဲတဲ့ ဘဝမှာ အတူလက်တွဲခဲ့ကြပြီး မှ ချမ်းသာလာတဲ့ အခါ (ဖတ်ပြီး ရင်နင့်အောင် ခံစားရပါတယ်)
ဆင်းရဲတဲ့ ဘဝမှာ အတူလက်တွဲခဲ့ကြပြီး မှ ချမ်းသာလာတဲ့ အခါ သူ့ဘဝ က ကျပန်း ပန်းရံအလုပ် သမား ဘဝ ကနေစပြီး တဖြည်းဖြည်း နံ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။
အဲ့ကနေတဆင့်ပြီးတဆင့် ကန်ထရိုက် လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်း နဲ့ .. အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေဝင်ရာက ..ခုဆိုအိမ်ခြံမြေ နဲ့ဆောက်လုပ်ရေး ကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့ တယ်။
သူ့ ကုမ္မဏီ ဟာနာမည်တော်တော်လေး ရနေ ပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေ ကိုပြောင်းလဲ လာစေခဲ့တော့တယ်သူ့ရဲ့ ပန်ရံ အလုပ်သမားဘဝ ကတည်း ကနှစ်ပေါင်းများစွာ အတူတူပေါင်းသင်း စောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာ ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါးညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူး ကြီး ဖြစ်လာတယ်။
အသားအရေ တွေကလည်းနုနယ်ပြေပြစ် ရာကနေတဖြေးဖြေးကြမ်းတမ်း ခက်ထော် ယုံမက တနေ့တခြား တွန့်လိမ် အရေးအကြောင်းထင်လာခဲ့တယ် သူများမယားချောချောလှလှ တွေ နဲ့ ယှဉ်ယင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ သူမယားကို တဖြည်းဖြည်း စိတ်ကုန်လာ ညီးငွေ့လာခဲ့တော့ တယ်။
ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်း က အတူတူ ပင်ပန်းဆင်းရဲ ခဲ့တာတွေ ကိုလဲမေ့မရခဲ့ဘူး..။ ဒါပေမဲ့သူ့အနေနဲ့သူမယား ရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့ အဆုံး စုံတွဲ ဘဝ ကိုတော်လောက်ပြီလို့ စဉ်းစားတယ်။
အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ ကအတွင်းရေးမှှူး မလေး ကို သူသဘောကျ နေခဲ့တာပါ။
ဒါနဲ့ သူ့မိန်းမ နာမည် နဲ့ ဘဏ် စာအုပ်လုပ်ပြီး သိန်း (၁၀၀၀) ထည့်ထားပေးတယ် ပြီးတော့ အိမ်တစ်လုံး လည်းဝယ် ထားပေး ပြီး သူ့မိန်းမ ကိုလုံလောက်ပြည့်စုံအောင်ထောက်ပံ့ပေးထား ခဲ့တယ်။
သူ့အနေနဲ့ တာဝန်မဲ့တဲ့ သူမဖြစ်ချင်တဲ့အတွက် မယားဖြစ်သူ ရဲ့ အနာဂါတ်အတွက် ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ် …သူ့မယားကိုအခက်မတွေ့စေချင်ဘူး ဒီလိုမှ မဟုတ်ယင်သူ့စိတ် ထဲကောင်းမှာ လိပ်ပြာလုံ မှာ မဟုတ်ဘူး။
နောက်ဆုံးတော့ သူ့အစီ အစဉ်တွေ ကို သူ့မိန်းမကိုပြောပြ လိုက်တယ် ..သူမ ဟာ သူ့ရဲ့ အကြောင်းပြချက် နဲ့ တောင်းဆိုချက်တွေကိုရိုရိုကျိုးကျိုး နဲ့ ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ်။
သတ်မှတ် ထားတဲ့ နေ့ ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ် နဲ့ စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကိုလွဲပေး ပြီး နှစ် ၂၀ ကျော်လက်တွဲလာတဲ့ ဘဝ ကိုအဆုံးသတ်လိုက်ပြီး အလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ် ……… တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်ဘူးနေ့လည် ခင်းကျတော့သူ အိမ်ပြန်လာတော့ သူမိန်းမ လည်းထွက်သွားခဲ့ပြီ။
သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့ နဲ့ အိမ်ဂရမ် တွေဘဏ် စာအုပ်တွေကို သူ့အိပ်ယာဘေးမှာ ချထားပေးခဲ့တယ် အဲ့အောက်မှာသူမ ရေးထားတဲ့စာတစ်စောင်လည်း ရှိနေတယ်။
ကျွန်မပြန် သွားပြီ..။နော် အမေတို့ ရွာကို ပဲပြန်မှာပါ.ရှင့်ရှာထားတဲ့ ပိုက်ဆံတွေ အိမ်တွေ ကျွန်မ အတွက်မလိုအပ်လို့ပြန်ထားခဲ့ လိုက်တယ်။.အမေတို့ ဆီမှာ ကျွန်မအတွက်အကုန်ရှိတာပဲ။
အဝတ်အစား တွေ အိပ်ရာခင်း နဲ့ ခြုံစောင်အထူတွေကျွန်မလျော် ထားပေးခဲ့တယ် အဝတ်ဘီရို ရဲ့ အောက်ဆုံးထပ် မှာ ထည့့်ထားတယ်။
အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့ အုန်း..။
အဝတ်တွေကို ချိတ်နဲ့ ချိတ်ထား ပေးတယ် ရှင့် ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က ဘီရို အလယ်ထပ် မှာနော် အတွင်းခံတွေ လဲလျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲ ထဲမှာ လိပ်ပြီးစီထားတယ်နော်။
ကျွန်မ မရှိတော့ ပေမဲ့ ဆရာပေး ထားတဲ့ အစာ အိမ်ဆေး တွေ သောက်ဖို့မမေ့နဲ့အုန်း.။နောက်တစ်ခု ရှင်က အိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မ သော့အပိုတွေ လုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာအပ်ထားပေးတယ်နော်။
မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက် ကိုပိတ်သွားဖို့မမေ့နဲ ့အုန်း မိုးရွာ လို့မိုးပက်ရင် အိပ်ရာတွေ စိုရွဲကုန်မယ်။
ကျွန်မ ရှင်ကြိုက်တဲ့ ဆိတ်သားခြောက် နဲ့ ဝက်သားခြောက်နေတစ်လှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထား ခဲ့တယ် စားချင်တဲ့အခါဆီအိုးလေးတည်ပြီးကျော် စားလိုက်ယုံပဲ ပြီးတော့ဟင်းချိုမုန့်မပါ ပဲရွာကဆုံဆီသန့်တွေနဲ့ ကြော်
ထားတဲ့ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာ ရှိတယ်။တင့်ဆွေ တို့ နဲ့ ဘီယာမြည်းမပြစ် လိုက်နဲ့အုန်း။သူမ ရေးထားတဲ့စာလုံးတွေ က ကြောင်ခြစ် ထားသလိုပဲ မညီမညာနဲ့ လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ ဒါပေမဲ့ စာလုံးတိုင်းဟာသူမရဲ့ ဖြူစင်တဲ့ စိတ်ထားအမှန် တွေဆိုတာ သူခံစားမိ လေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့နာကျင်လာတယ်။
သူ ကြောင်အိမ် ထဲ ကဘာလချောင် ပုလင်းတွေထုတ်ကြည့်ပြီး… သူသာမာန်ဆင်းရဲသားငမွဲလေး ဘဝ လွန်ခဲ့တဲ့ နှစ်၂၀ကတုန်းကသူ့ကိုဒီလို ပဲ ဘာလချောင်ကြော်တွေ ကြော်ကျွေး ခဲ့တုန်းက သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ် အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမကိုပျော်ရွင်အောင်ထားရ မယ်လို့ သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်။
သူချက်ချင်းပဲ ကားမောင်းထွက်ပြီးသူ့မိန်းမ ကိုလိုက်ရှာတယ် နာရီဝက်လောက်ကြာတော့ ကားဂိတ် မှာ သူ့မိန်းမကို တွေ့တယ် သူ့တစ်ကိုယ်လုံးလဲချွေးတွေရွဲ နစ်နေတာပဲ။သူ …မိန်းမကို
ဒေါသ နဲ့လှမ်းအော်တယ် ..နင်က ဘယ်ကိုသွားမလို့လဲ ငါအခု အလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာထမင်းတောင်မစားရသေးဘူး အိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? ငါနဲ့ခုချက်ချင်း အိမ်ပြန်လိုက်ခဲ့ …။
သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာ ယင်း ထိုင်ရာကထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ် ပဲလိုက်လာ ခဲ့တော့တယ် သူမ မျက်နာမှာလည်း မျက်ရည်စတွေ နဲ့ ..ပြုံးလာတယ်သူမ မသိတာက သူ့ရှေ့က စိုက်စိုက် နဲ့လျောက်နေနဲ့ သူယောက်ျား ရဲ့ပါးမှာမျက်ရည်တွေစီးကျနေတယ် ဆိုတာပါပဲ။
စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့လမ်းမှာ တစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာ လို့မတွေ့တော့ မှာကိုပဲအရမ်းကြောက်နေခဲ့တာပါ သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ် ဘာလို အဲ့လောက်တောင် အသုံးမကျတာလဲ ဘာမဟုတ်တဲ့ တစ်ခြားမိန်းမလှတာလေး နဲ့ပဲ သူ့ ကို
သိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော် အပင်ပန်းအဆင်းရဲ အတူတူခံလာတဲ့မိန်းမကိုပစ်ပယ်ဖို့ စဉ်းစားမိရတာလဲ ပေါ့ တကယ်ဆို သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝ အစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာသူနားလည်သွားပါပြီ။
ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာ မမူတည်ပါဘူး ကိုယ်ချစ်တဲ့ သူရဲ့အပြုံးပေါ်မှာတာမူတည်တာပါလွပ်လပ်မှု့ဆိုတာ လူတိုင်း အတွက်ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။
Credit