ကြက်ဥ၊ သံပုရာသီးအမှည့်၊ သကြား ဒီသုံးမျိုးကို မယုံရင် လက်တွေ့စမ်းကြည့်လိုက်ပါ ။
ရုတ် တရက် အား အင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ ။
အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံံပုရာဆမ်းဆေးတစ်ခွက်”
အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ်အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ဆေးနည်းတစ်လက်မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့..
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်းနှစ်ဇွန်းတို့ကိုဖေါက် ထည့်ရောမွှေပေးပါ။
သံံပုရာအစေ့တွေကိုဖယ်ရှားပစ်ပါ။
ပါဝင်ပစ္စည်းအားလုံးကိုနှံ့နှံ့စပ်စပ်ရောမွှေ ပြီးသောက်ပေးရင်အမောအပန်းပြေပြီးအားရှိလာမှာဖြစ်ပါတယ်။
ဒီဆေးနည်းကကျွန်တော့်ဖခင်ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေပိုပြီးသုံးစွဲသင့်ပါတယ် ။
အိပ်ရေးပျက်သူတွေအတွက်လည်းအားဆေးတစ်လက်ပါ။။
“ကျန်းမာချမ်းသာကြပါစေ”
Credit – via. sai min thant
Zawgyi
အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံပုရာဆမ်းဆေးတစ်ခွက်”။
(1) ကြက်ဥအစိမ်းတစ်လုံး၊
သံပုရာအစေ့တွေကိုဖယ်ရှားပစ်ပါ။