Knowledge
အိမ်ဆောက်မယ်ဆို မဖြစ်မနေသိထားသင့်တဲ့ဘိလပ်အုတ် နှင့် မီးဖုတ်အုတ် တို့၏ ခိုင်ခံ့မှုကွာခြားချက်
အိမ်ဆောက်မယ်ဆို မဖြစ်မနေသိထားသင့်တဲ့ဘိလပ်အုတ် နှင့် မီးဖုတ်အုတ် တို့၏ခိုင်ခံ့မှုကွာခြားချက်
ဘိလပ်အုတ် မသုံးပဲ စျေးကြီးတဲ့ မီးဖုတ်အုတ်အနီကိုဘာကြောင့်ရွေးချယ်ရတာလဲဒါက အိမ်ရှင်တွေအမေးများတဲ့မေးခွန်းပါ။မီးဖုတ်အုတ်တွေဟာကြွေထည်မြေထည်ထုတ်ကုန်တစ်ခုပါ။ ခံနှိုင်အားကြည့်ရာမှ မီးဖုတ်အုတ်ဟာဘိလပ်အုတ်ထက်နှစ်ဆခွဲကနေသုံးဆထိပိုခံနှိုင်အားရှိပါတယ်။
ရေစုတ်ယူမှု့ကို ကြည့်မယ်ဆိုရင်ဘိလပ်အုတ်ကမီးဖုတ်အုတ်ထက်ရေ ၂ဆကနေ ၃ဆထိရေစုတ်ယူနှိုင်တာတွေ့ရမှာပါ။မိုးရွာပြီးရင်မီးဖုတ်အုတ်နံရံတွေဟာခြောက်သွားပေမယ့်ဘိလပ်အုတ်နံရံတွေဟာ မခြောက်ပဲစိုနေသေးတာတွေ့ရမှာပါ။
သရိုးဖျော်စပ်ရာမှာလဲ ဘိလပ်မြေရဲ့မာမှု့ဖြစ်စဉ်ထိန်းဖို့ ရေများများဖျော်စပ်ရမှာဖြစ်တဲ့အတွက် ပန်းရံဆရာတွေ အတွက်ဘိလပ်အုတ်ဟာ အဆင်မပြေပါဖူးး။ထုံးစံအရအုတ်တွေမစီခင်ရေလောင်းရာမှာလဲ ဘိလပ်အုတ်ကို ပိုလောင်းပေးရပါတယ်။
(ခု ဘိလပ်အုတ်ထုတ်သူတွေက ရေစုတ်ယူမှု့လျှော့ကျစေတဲ့ ဓာတ်ပစ္စည်းတွေထည့်တာလဲတွေ့ရပါတယ်)အဓိကပြောချင်တာကတော့အဆောက်အအုံ အစိတ်အပိုင်း အများစုဟာအပူရှိန်၊စိုထိုင်းမှု့တွေကြောင့်ကျုံမှု့၊
ကြွမှု့ ဖြစ်တက်ပြီးကာလရှည်ကြာမှာမီးဖုတ်အုတ်ကပြန့်ကားပြီးဘိလပ်အုတ်တွေကတော့ကျုံ့ဝင်သွားပါတယ်။ကျုံတဲ့ကိစ္စ ဟာ crack ကွဲအက်နှိုင်ဖို့ များတဲ့အတွက်အုတ်နီပဲရွေးခြယ်ရတာပါ။သို့သော် မီးဖုတ်အုတ်က လောင်စာစွမ်းအင်ကုန်ပါတယ်။