သားသမီးအုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး အဖေတွေဖျောက်ရမယ့် အကျင့်(၇)မျိုး..
၁ – တအားအော်ခြင်း
စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ် ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေ ပါဘူး။
ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပို အာရုံစိုက် သွားမယ်လို့ ထင်မြင်တာ ကလည်း မှားပါတယ်။ သင်အော်ဟစ်နေ တဲ့ အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ် တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ် နိုင်ပါဘူး။
သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင် တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင် ဆိုးသွားစေ ပါတယ်။
၂ – အခြေခံ လိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်း
သားသမီးတွေရဲ့ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ အခြေခံ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဖို့ ငွေကြေးလို ပါတယ်။ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေး နိုင်တဲ့အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ် အကြောက်တရား သာ ရှိနေပြီး လေးစားမှုလျော့ကျ နိုင်ပါ တယ်။
၃ – ကတိမတည်ခြင်း
အဖေဟာ သူတို့ အားကိုးထိုက်တဲ့ လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေ ရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည် ရပါမယ်။ သူတို့နဲ့ ပတ်သက်ရင် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့ မရပါဘူး။သူတို့အတွက် သင်ဟာ မှန်းဆမရတဲ့သူ၊ တသတ်မတ်တည်း မရှိတဲ့လူမျိုးအဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့် ပါဘူး။
၄ – ဇနီးကိုဆန့်ကျင်ခြင်း
အပျော်သဘောမျိုး ဆိုရင် ကိစ္စမရှိ ပါဘူး..။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာ မျိုးတောင် မလုပ်သင့် ပါဘူး။ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါတယ်။ သူတို့ မှီခိုရသူ တစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာ အကြီးအကျယ်ဖြစ်စေ ပါတယ်။
၅ – အလိုလိုက်ခြင်း
လိုချင်တယ်လို့ တစ်ချက်ပြော လိုက် တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေး တာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်း လိုချင်နေ ပါတယ်။ ပူဆာပါတယ်။ဒါပေမဲ့ သူတကယ် လိုချင်တာလား၊ တကယ်နှစ်သက် တာလား ဆိုတာကို သင့်ဘက်က သိဖို့ လိုပါ တယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေး သင့်တာပါ။
၆ – နှိမ့်ချခြင်း
ကလေးရဲ့ စိတ်ဟာ ပျော့ပြောင်း ပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြော တာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက် အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ကျ သွားပါတယ်။ငါဟာ သူတို့ပြောသလိုလူပဲ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ် ပါတယ်။ ဘာကိုပဲတွေးတွေး ငါက ဒီလိုလူဆိုတဲ့ အယူအဆပေါ် အခြေခံပြီးတွေးတော ပါတော့ တယ်။
၇ – ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်
သားသမီးတွေကို ဂရုစိုက် ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လည်း လိုပါတယ်။ ကိုယ်ကျန်းမာမှ မိသားစုကို ရေရှည် စောင့်ရှောက် နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့၊ ယုံကြည်မှု ရှိနေဖို့ကလည်း အမြဲကြိုးစားနေ ရမှာ ဖြစ်ပါတယ်။ သားသမီးတွေကို အော်ဟစ် ရိုက်နှက် ဆုံးမ တာထက် သူတို့ လေးစားအောင် စံပြနေပြ တာက ပိုထိရောက်တဲ့ အုပ်ချုပ်ပုံဖြစ် ပါတယ်။
အညာသား စွယ်စုံကျမ်းမှ ပြန်လည်မျှဝေသည်။
ဒါလေးဖတ်ပြီးရင် မိမိတို့ရဲ့ရင်သွေးငယ်လေးတွေကို ဖခင်တစ်ယောက် အနေနဲ့လွဲမှားစွာ ဆုံးမ အုပ်ချုပ်မိနေခဲ့လျှင် အချိန်မီပြင်ဆင် နိုင်ကြ ပါစေ..။
Credit