ပုဂံခေတ်က ကျိန်စာထက် ကြောက်စရာကောင်းသော ကျိန်စာ ( ဖတ်ကြည့် )
မွေးနေ့တိုင်း ၀က်ခြံပေါက်ပါစေ…ပရင့်ထုတ်တိုင်း စာရွက်ခေါက်ပါစေ…ပိုက်ဆံအမ်းတိုင်း အကြွေစုတ်နဲ့ ညားပါစေ
အလကားနေရင်း ဖုန်းဘက်ထရီ အကုန်မြန်ပါစေ…စာရိုက်တိုင်း မဆေ့ဖ်ခင် ရီစတက်ကျပါစေ……ခြေအိတ်လျှော်တိုင်း တစ်ဖက်
ပျောက်ပါစေ……သွားလေရာ ထွက်ဖစ် ဂျမ်းပါစေ…ရေသန့်ဘူး အသစ်ဖောက်သောက်တိုင်းအဖုံးလွတ်ကျပါစေ…
လိုင်းပေါ်တက်တိုင်း အဝိုင်းလည်ပါစေ…တစ်အိမ်လုံး ခရီးသွားတိုင်းသရဲကားကြည့်မိပါစေ…တက်စီငှားတိုင်း ရပ်ကွက်ထဲမ၀င်ပေးဘဲလမ်းထိပ်မှာ ရပ်ပါစေ…အိမ်သာတက်တိုင်းအားပြင်းတဲ့ ရေပိုက်ခေါင်းနဲ့ ကြုံပါစေ…
Uniball ၀ယ်တိုင်းမင်မကုန်ခင် ဘောသီးကြွေပါစေ…မုန့်ဟင်းခါးစားတိုင်းဟင်းရည်အဆစ်မပေးတဲ့ဆိုင်နဲ့ ကြုံပါစေ…အီးမေးလ်ပို့တိုင်းအတက်ချမန့် fail ပါစေ…
ရုံးကန္နားသွားရတိုင်းထမင်းစားဆင်းတာနဲ့ ကြုံပါစေ…အပြင်ထွက်တိုင်း အိမ်ထဲမှာ သော့ကျန်ပါစေ…အစည်းအဝေးခန်းထဲမှာအီးခိုးပေါက်တိုင်း အကျယ်ကြီးဖြစ်ပါစေ…ကြေးအိုးစားတိုင်း ဆံပင်မွေးပါပါစေ…
အိတ်စပရက်စီးတိုင်း ပေါကားဖွင့်ပါစေ……ဘဏ်သွားတိုင်း အရွက်လျော့ပါစေ…တန်းစီတိုင်း ကိုယ်စီမိတဲ့လိုင်း နှေးပါစေ…ပူတဲ့ည
တိုင်း အဲကွန်းဖွင့်ဖို့မီးအားမပြည့်ပါစေ…မင်္ဂလာဆောင်သွားတိုင်းparking ခက်ပါစေ…လက်ဖက်ရည်ဆိုင်ထိုင်တိုင်း
စားပွဲထိုး ခေါ်မရပါစေ…ရပ်ကွက်ထဲမှာ အလှူခံ မဏ္ဍပ်ဆောက်တိုင်းလော်စပီကာ ကိုယ့်အိမ်ဖက်လှည့်ပါစေ…သီချင်းနားထောင်တိုင်း အခွေထစ်ပါစေ…အိပ်ရာ၀င်တိုင်း ခြင်တစ်ကောင် ဝီပါစေ…
နှိုးစက်မြည်တိုင်း အိပ်ကောင်းပါစေ…တရေးနိုး ရှူးရှူးထပေါက်တိုင်းခြေသန်းလေးနဲ့ ခလုတ်တိုက်ပါစေ…အိမ်မှာနားနေတိုင်း အလှူခံတံခါးခေါက်ပါစေ…ထမင်းစားတိုင်း သွားကြားညှပ်ပါစေ…မိုးရွာတိုင်း ထီးလန်ပါစေ…
အာလူးကြော်၀ယ်စားတိုင်းဆီချေးစော် နံပါစေ……အင်္ကျီ၀ယ်တိုင်း တစ်ဆိုဒ်သေးပါစေ…ဓာတ်ပုံရိုက်တိုင်း မျက်လုံးမှိတ်ပါစေ…အလျင်လိုတိုင်း အင်္ကျီကြယ်သီးလွဲပါစေ…ရုပ်ရှင်သွားကြည့်တိုင်း ရုံထဲမှာ အိပ်ပျော်ပါစေဒိုင်းယက် ၁ ခါလုပ်တိုင်း၀ိတ်၂ပေါင် တက်ပါစေ သတည်း။
#crd_to_owner
#နော်ဂဲလယ်ထူး (စာပေပရဟိတ)
Zawgyi
ပုဂံေခတ္က က်ိန္စာထက္ ေၾကာက္စရာေကာင္းေသာ က်ိန္စာ ( ဖတ္ၾကည့္ )
ေမြးေန႔တိုင္း ၀က္ၿခံေပါက္ပါေစ…ပရင့္ထုတ္တိုင္း စာ႐ြက္ေခါက္ပါေစ…ပိုက္ဆံအမ္းတိုင္း အေႂကြစုတ္နဲ႔ ညားပါေစ…
အလကားေနရင္း ဖုန္းဘက္ထရီ အကုန္ျမန္ပါေစ…စာ႐ိုက္တိုင္း မေဆ့ဖ္ခင္ ရီစတက္က်ပါေစ……ေျခအိတ္ေလွ်ာ္တိုင္း တစ္ဖက္ေပ်ာက္ပါေစ……သြားေလရာ ထြက္ဖစ္ ဂ်မ္းပါေစ…ေရသန္႔ဘူး အသစ္ေဖာက္ေသာက္တိုင္းအဖုံးလြတ္က်ပါေစ…
လိုင္းေပၚတက္တိုင္း အဝိုင္းလည္ပါေစ…တစ္အိမ္လုံး ခရီးသြားတိုင္းသရဲကားၾကည့္မိပါေစ…တက္စီငွားတိုင္း ရပ္ကြက္ထဲမ၀င္ေပးဘဲလမ္းထိပ္မွာ ရပ္ပါေစ…အိမ္သာတက္တိုင္းအားျပင္းတဲ့ ေရပိုက္ေခါင္းနဲ႔ ႀကဳံပါေစ…
Uniball ၀ယ္တိုင္းမင္မကုန္ခင္ ေဘာသီးေႂကြပါေစ…မုန္႔ဟင္းခါးစားတိုင္းဟင္းရည္အဆစ္မေပးတဲ့ဆိုင္နဲ႔ ႀကဳံပါေစ…အီးေမးလ္ပို႔တိုင္းအတက္ခ်မန္႔ fail ပါေစ…
႐ုံးကႏၷားသြားရတိုင္းထမင္းစားဆင္းတာနဲ႔ ႀကဳံပါေစ…အျပင္ထြက္တိုင္း အိမ္ထဲမွာ ေသာ့က်န္ပါေစ…အစည္းအေဝးခန္းထဲမွာအီးခိုးေပါက္တိုင္း အက်ယ္ႀကီးျဖစ္ပါေစ…ေၾကးအိုးစားတိုင္း ဆံပင္ေမြးပါပါေစ…
အိတ္စပရက္စီးတိုင္း ေပါကားဖြင့္ပါေစ……ဘဏ္သြားတိုင္း အ႐ြက္ေလ်ာ့ပါေစ…တန္းစီတိုင္း ကိုယ္စီမိတဲ့လိုင္း ေႏွးပါေစ…ပူတဲ့ညတိုင္း အဲကြန္းဖြင့္ဖို႔မီးအားမျပည့္ပါေစ…မဂၤလာေဆာင္သြားတိုင္းparking ခက္ပါေစ…လက္ဖက္ရည္ဆိုင္ထိုင္တိုင္း
စားပြဲထိုး ေခၚမရပါေစ…ရပ္ကြက္ထဲမွာ အလႉခံ မ႑ပ္ေဆာက္တိုင္းေလာ္စပီကာ ကိုယ့္အိမ္ဖက္လွည့္ပါေစ…သီခ်င္းနားေထာင္တိုင္း အေခြထစ္ပါေစ…အိပ္ရာ၀င္တိုင္း ျခင္တစ္ေကာင္ ဝီပါေစ…
ႏႈိးစက္ျမည္တိုင္း အိပ္ေကာင္းပါေစ…တေရးႏိုး ရႉးရႉးထေပါက္တိုင္းေျခသန္းေလးနဲ႔ ခလုတ္တိုက္ပါေစ…အိမ္မွာနားေနတိုင္း အလႉခံတံခါးေခါက္ပါေစ…ထမင္းစားတိုင္း သြားၾကားညႇပ္ပါေစ…မိုး႐ြာတိုင္း ထီးလန္ပါေစ…
အာလူးေၾကာ္၀ယ္စားတိုင္းဆီေခ်းေစာ္ နံပါေစ……အက်ႌ၀ယ္တိုင္း တစ္ဆိုဒ္ေသးပါေစ…ဓာတ္ပုံ႐ိုက္တိုင္း မ်က္လုံးမွိတ္ပါေစ…အလ်င္လိုတိုင္း အက်ႌၾကယ္သီးလြဲပါေစ…႐ုပ္ရွင္သြားၾကည့္တိုင္း ႐ုံထဲမွာ အိပ္ေပ်ာ္ပါေစဒိုင္းယက္ ၁ ခါလုပ္တိုင္း၀ိတ္၂ေပါင္ တက္ပါေစ သတည္း။
#crd_to_owner
#ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)