ယောက်ျားများကို ထိန်းနည်း ( ၄ )နည်း..
၁ – အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထို မိန်းကလေး မျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောက်ျား သည် ကံကောင်းသောသူဖြစ်သည်။
သူမသည် သူချစ်သော ယောက်ျား ကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာ ရှိရှိ ထမင်းကောင်း ဟင်းလျှာ များကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။
၂ – ပိုက်ဆံ ကိုထိန်းနည်း
နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား ၏မာန၊ ယောက်ျား များကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေး အများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ ၏ မျက်စိ ထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။
၃ – လူကိုထိန်းနည်း
နံပါတ်သုံးနည် းကိုအသုံးပြုသော မိန်းကလေး သည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေး သည် ဒီနည်းကိုအသုံးပြုလေသည်။
ဘယ် ယောက်ျာ းမျှ မိန်းကလေး တစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။
၄ – မိမိကိုယ်ကိုယ်ထိန်းနည်း
နံပါတ်လေးနည်း ကိုအသုံးပြုသော မိန်းကလေး သည် အသိဉာဏ ်ပညာ ရှိသော သူဖြစ်သည်။ ထို မိန်းကလေး မျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်
ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေး ဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကိုပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယ်မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်
မိန်းကလေး တစ်ယောက်ဖြစ်လျှင် မိမိ ကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင် နေခြင်းမဟုတ်ပဲ မိမိ ဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေး ဖြစ်ရမည်
အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထို မိန်းကလေး မျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမ ိယောက်ျာ းသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။
မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်း ဘဝ ကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။
မိမိ ကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သ ူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမ ိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။
သင်သည် ဘယ်လ ိုမိန်းကလေး မျိုးလဲ..
သင်သည် ဘယ်လို မိန်းကလေးမျိုး ကို လက်ထပ်ယူချင်ပါသလဲ။နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။
ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ်။ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ ။အားလုံး အပျင်းပြေပါစေ။ #Crd



