Knowledge

မျှစ်ကို ဘာ့ကြောင့် ပုံမှန်စားသင့်သလဲဆိုတဲ့ အကြောင်းအရင်း (၅) ချက်

ဝါးပင်ကနေ ရရှိတဲ့ စားသုံးနိုင်သော တစ်ခုတည်းသော အရာကတော့ မျှစ်ပဲဖြစ်ပါတယ် _။ မျှစ်ကို အာရှနိုင်ငံတွေမှာ အဓိက အစားများကြပြီးတော့ အဆီပိုနဲ့ ကယ်လိုရီဓာတ်များ လုံးဝမပါဝင်တဲ့ အစားအစာ တစ်ခုပဲဖြစ်ပါတယ်။

မျှစ် စားသုံးခြင်းကြောင့် ရရှိတဲ့ ကျန်းမာရေါ်အကျိုါ်တွေ ကလည်း မရေမတွက်နိုင်အောင် ပါပဲ။ ထိုကျေးဇူးတွေကလည်းမရေမတွက်နုင်အောင်ပါပဲ။ ထိုအကျိုးကျေးဇူးများထဲကမှ အသိသာဆုံး အကျိုးကျေးဇူး (၅) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ကိုယ်အလေးချိန်လျော့ချပေးခြင်း

လေ့လာတွေ့ရှိချက်များအရ မျှစ်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး အခြားအစားအစာများမှာ ပါဝင်တဲ့ အမျှင်ဓာတ်ထက်စာရင် ထိုအမျှင်ဓာတ်က ဝိတ်ကျဖို့အတွက် ပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူပါတယ်။

(၂) ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

မျှစ်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ကင်ဆာရောဂါ ကာကွယ် ပေးရာမှာလည်း အစွမ်းထက်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ Phenolic ဒြပ်ပေါင်းများက ကင်ဆာရောဂါ အမျိုးမျိုး ကို ကာကွယ်ပေးနိုင်တာကြောင့် တစ်ခါတစ်လေမှ စားတာထက် မှန်မှန်စားသုံးပေးရင် ပိုမိုအကျိုးရှိပါတယ်။

(၃) နှလုံးအားကောင်းအောင် ကူညီပေးခြင်း

မျှစ်တွေက နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဒါ့အပြင် သူ့ထဲမှာ ပါဝယင်တဲ့ အမျှင်ဓာတ်က ကိုလက်စတောပမာဏ တိုးမြှင့်လာခြင်းမှလည်း ကာကွယ်ပေးတာကြောင့် နှလုံးအားကောင်းအောင် ကူညီထောက်ပံ့ပေးတဲ့ အစားအစာတစ်မျိုးပါပဲ။

(၄) အနာကျက် မြန်စေခြင်း

ပွန်းပဲ့ဒဏ်ရာ၊ ထိုခိုက်ဒဏ်ရာ များအတွက် မျှစ်ကို အသုံးပြု ကြပါတယ်။ လေံလာတွေ့ရှိချက်များအရ ဝါးရွက်များက အရေပြားနှင့်ပတ်သတ်တဲ့ ထိခိုက်ဒဏ်ရာများကို အကျက်မြန်စေတယ်လို့ သိရှိရပါတယ်။

(၅) အမျိုးသမီးများ အတွက် အာဝက ပေးအပ်တဲ့ ဆေးစွမ်းကောင်းတစ်လက်

မျှစ်ကို မှန်မှန်စားသုံးပေးခြင်းက ဓမ္မတာ မမှန်ခြင်းကို ကုသပေးနိုင်ပြီး ဓမ္မတာလာတဲ့ အခါမှာလည်း ရာသီသွေး အဆင်းများခြင်းမှ ကာကွယ်ပေးကာ ပုံမှန် သွေးဆင်းအောင် ကူညီပေးတတ်ပါတယ်။

ဒါအပြင် ကလေးမီးဖွားချိန်မှာလည်း နာကျင်မှု ဝေဒနာကို ထက်ဝက်ခန့် လျော့ချပေးနိုင်တဲက အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။

Source – Stylecraze.com















Source – Stylecraze.com