ရေချိုးခန်းပိုက်၊ဘေစင်ပိုက်တွေပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်း (၃)မျိုး..
ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။
ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်.
(၁) မုန့်ဖုတ်ဆိုဒါရည် – လိုအပ်သောပစ္စည်းများ – မုန့်ဖုတ်ဆိုဒါ ၄ဇွန်း။ ဆား ၂ ဇွန်း။ ရှာလကာရည် ၁ခွက်။မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး
ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်လိုက်ပါ။
ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်
(၂) Asprin – Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ ရှာလကာရည်တစ်ခွက် လောင်းထည့်လိုက်ပါ။
ခဏအကြာမှာရေနွေးဆူဆူကိုလောင်းထည့်လိုက်ပါ။လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။
(၃) ဆား – ဆား ၅ဇွန်းလောက်ကို ပိုက်ထဲထည့်လိုက်ပါ။ပီးရင်တော့ ရေနွေးဆူဆူကို လောင်းလိုက်ပါ။ရနွေးပူမလောင်မိဖို့ လက်ကိုသတိထားပါ။
လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်ပေးနိုင်ပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။
#Crd – အန်တီမေ
Zawgyi
ေရခ်ိဳးခန္းပိုက္၊ေဘစင္ပိုက္ေတြပိတ္ေနတဲ့အခါ ပြင့္သြားေအာင္လုပ္နိုင္မယ့္ ရိုးရွင္းတဲ့နည္းလမ္း (၃)မ်ိဳး..
ေဘစင္ပိုက္၊ ေရခ်ိဳးခန္းပိုက္ေတြ ပိတ္သြားၿပီး ေရမစီးပဲအိုင္ေနတာမ်ိဳးက အရမ္းစိတ္ညစ္စရာေကာင္းသလို၊ စိတ္အႏွောက္အယွက္လည္း အရမ္းျဖစ္ရပါတယ္ေနာ္။
ဒီျပႆနာေတြကို ႀကဳံရတဲ့အခါ ပိုက္ျပင္ဆရာကို မေခၚခင္ ဒီနည္းလမ္းေလးေတြကို စမ္းသပ္ၾကည့္လိုက္ပါဦး..။ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေလးေတြျဖစ္လို႔ သင္ကိုယ္တိုင္ျပဳလုပ္နိုင္တဲ့နည္းလမ္းေလးေတြျဖစ္ပါတယ္.
(၁) မုန႔္ဖုတ္ဆိုဒါရည္ – လိုအပ္ေသာပစၥည္းမ်ား – မုန႔္ဖုတ္ဆိုဒါ ၄ဇြန္း။ ဆား ၂ ဇြန္း။ ရွာလကာရည္ ၁ခြက္။မုန႔္ဖုတ္ဆိုဒါနဲ႕ ဆားတို႔ကို ေသေသခ်ာခ်ာေရာေမႊၿပီး
ပိုက္ထဲကို ေလာင္းထည့္လိုက္ပါ။ရွာလကာရည္ကို ပြက္ပြက္ဆူတဲ့အထိ အပူေပးၿပီး ပိုက္ထဲကို ထပ္ေလာင္လိုက္ပါ။
ၿပီးရင္ ပိုက္အဝကို ခ်က္ခ်င္း တစ္ခုခုနဲ႕ အုပ္ၿပီးဖိထားလိုက္ပါ။နာရီဝက္ၾကာတဲ့အခါမွာ ေရႏြေးပူပူေလာင္းခ်လိဳက္ပါ။ပိုက္ထဲက ဂ်ီးေတြနဲ႕ အစာေဟာင္းေတြအကုန္ ေမ်ာပါသြားပါလိမ့္မယ္
(၂) Asprin – Asprin ေဆးျပား ၂ျပားကို ပိုက္ထဲထည့္လိုက္ပါ။ၿပီးရင္ေတာ့ ရွာလကာရည္တစ္ခြက္ ေလာင္းထည့္လိုက္ပါ။
ခဏအၾကာမွာေရႏြေးဆူဆူကိုေလာင္းထည့္လိုက္ပါ။လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္နိုင္ပါတယ္။
(၃) ဆား – ဆား ၅ဇြန္းေလာက္ကို ပိုက္ထဲထည့္လိုက္ပါ။ပီးရင္ေတာ့ ေရႏြေးဆူဆူကို ေလာင္းလိုက္ပါ။ရႏြေးပူမေလာင္မိဖို႔ လက္ကိုသတိထားပါ။
လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ေပးနိုင္ပါတယ္။အားလုံးပဲ အဆင္ေျပၾကပါေစ။
#Crd – အန္တီေမ