“မသာစ ေဆာင္…ေက်ာင္းစ ေရွာင္”ဟူ ေသာ ေရွးဆို႐ိုး ဆုံးမစကား ရွိ၏ ။” မသာစ ေဆာင္ ” ဆိုသည္မွာ နာေရး အသုဘတို႔၌ ေဝငွ
သည့္ သံေဝဂလကၤာမ်ား ပါေသာ ယပ္ေတာင္ တို႔ကို ေဆာင္ထားျခင္းျဖင့္ထိုယပ္ေတာင္ ကိုျမင္တိုင္း… ထိုသံေဝဂလကၤာတို႔ကို ဖတ္မိတိုင္း…
” ငါလည္း… တစ္ေန႔ .. ေသရအုံးမွာ ပါလား”ဟု မၿမဲျခင္း ဆင္းရဲျခင္း အစိုးမရျခင္း သေဘာ တို႔ကို ဆင္ျခင္၍ သံေဝဂဉာဏ္ျဖစ္ႏိုင္ေသာ ေၾကာင့္တည္း ။
“ ေက်ာင္းစ ေရွာင္ ” ဆိုသည္မွာ လူတို႔သည္ သံဃာေတာ္မ်ား ထံမွ သြားတိုက္ေဆး တံ ၊ ဆပ္ျပာခဲ/မႈန႔္ ၊ မ်က္ႏွာသုတ္ ပဝါ စသည္တို႔ကိုရတတ္၏။
ထို ပစၥည္းမ်ား သည္ စြန႔္ႀကဲေသာ ရဟန္းတစ္ပါးတည္း သာ ပိုင္ဆိုင္သည့္ ပုဂၢလိကပစၥည္းမ်ားျဖစ္ပါက အ ေၾကာင္း မဟုတ္ေသာ္လည္း… သံဃိကဂ႐ုဘဏ္ ပစၥည္းျဖစ္ပါက ကိုယ္က်ိဳး နည္းကာ ဆိုးက်ိဳး မ်ားစြာျဖစ္ႏိုင္၏ ။
ထိုသံဃိကဂ႐ု ဘဏ္ ပစၥည္းမ်ားကို အသုံးျပဳမိတိုင္း….. သံေတြခဲ , မီးက်ီးခဲ , အဆိပ္သီးမ်ားကို စားေသာက္ ရသကဲ့ သို႔ျဖစ္ရ၏။” ဟ…ငါတို႔ဘုန္းႀကီးက ေက်ာင္းထိုင္ ဆရာေတာ္ေလ သူကိုယ္တိုင္ စြန႔္လို႔ ယူတာ ဘာအျပစ္ျဖစ္ ရမွာတုန္း ” ဟုေျပာဆို ၾကသူမ်ား ရွိၾက၏ ။
“ေက်ာင္းထိုင္ ဘုန္းႀကီးျဖစ္ေန ပါေစ” သာသနာပိုင္ ဆရာေတာ္ႀကီးျဖစ္ေန ပါေစ သံဃနာယကဥကၠ႒ဆရာေတာ္ႀကီးျဖစ္ေနပါေစ..။“သံဃိကဂ႐ုဘ႑ာ” ပစၥည္းမ်ားကို .. မိမိ သေဘာထား ဆႏၵအတိုင္း ေပးလို႔မရ ။ စြန႔္လို႔မရ ။
ေဝဘန္ခြဲျခမ္း လို႔မရ ။အဘယ့္ေၾကာင့္နည္း…?“မစြန႔္အပ္ မေဝဘန္အပ္ေသာ သံဃိ ကဂ႐ုဘဏ္ ပစၥည္း တို႔သည္ ဝိနယပိဋကတ္ ၌ ပါရွိျခင္းေၾကာင့္တည္း……။
“ထိုပစၥည္းတို႔မွာ ၁။ အာရာမ အရံ ၂။ အာရာမဝတၳဳ အရံေနရာ ၃။ ဝိဟာရေက်ာင္းတိုက္ ၄။ ဝိဟာရဝတၳဳ ေက်ာင္းတိုက္ေနရာ ၅။ မၪၥ ေညာင္ေစာင္း ၆။ ပီဌ အင္းပ်ဥ္ ၇။ ဘိသိ ဘုံလ်ိဳ
၈။ ဗိေဗၺာဟန – ေခါင္းအုံး ၉။ ေလာဟကုမၻီ – ေၾကးအိုး ၁၀။ ေလာဟဘာဏက – ေၾကးအိုးစရည္း ၁၁။ ေလာဟဝါတက ၁၂။ ေလာဟကဋာဟ – ေၾကးဖ်ဥ္းအိုး ၁၃။ ဝါသိ – ပဲခြပ္ (တံစဥ္း)။ ၁၄။ ဖရသု – ပုဆိန္ ၁၅။ ကုဓာရီ – ဓားမ၁၆။ ကုဒါလ – ေပါက္တူး
၁၇။နိဒါဒနံ – ေဆာက္ ၁၈။ဝလႅိ – ႏြယ္ပင္ ၁၉။ေဝဠဳ – ဝါးပင္။ ၂၀။ မုၪၨ – ျဖဴဆံျမက္ပင္။ ၂၁။ပဗၺဇ – ၿပိတ္ျမက္ပင္။ ၂၂။တိဏ – ႂကြင္းေသာျမက္။ ၂၃။မတၱိကာ – ေျမညက္။ ၂၄။ဒါ႐ုဘ႑ာ – သစ္ဘ႑ာ။ ၂၅။မတၱိကာဘ႑ – ေျမဘ႑ာ။
“ဤသို႔(၂၅ )ခု သ႐ုပ္ျပဳ ေသာ္လည္း ဆိုင္ရာ တစ္ခုခ်င္းကို ထပ္စိပ္ေသာ္ အေျမာက္ အမ်ားရ၏။
ထို႔ေၾကာင့္… သံဃိကဂ႐ုဘ႑ာ(၂၅) မ်ိဳး၌ အက်ဳံးဝင္ သည့္ ဘုန္းႀကီးေက်ာင္းဝန္း အတြင္း၌ ခေရပန္း ေကာက္ျခင္း ၊ ေခြးေတာက္႐ြက္ခူးျခင္း ၊ သရက္သီးခူးျခင္း ၊ ပန္းကန္ခြက္ ေယာက္မ်ားကို ယူျခင္း ၊ ေပါက္တူး ပုဆိန္ စသည္တို႔ကို ယူျခင္းစေသာ… စေသာ… သံဃိကပစၥည္းဟူသမွ် တို႔ကို အထူး သတိထား၍ ေရွာင္ၾကဥ္ထိုက္ ၏။
“အဘယ္ေၾကာင့္ ဆိုေသာ္… သံဃိကပစၥည္း မွန္ပါက သူခိုးတစ္ေယာက္က ခိုးယူသြားၿပီး ထိုသူခိုးက တျခားသူ ထံျပန္ေရာင္း… စသည္ျဖင့္ ပိုင္ရွင္ အဆက္ဆက္ ေျပာင္းသြား ေသာ္လည္း သံဃိကပစၥည္းမွန္သမွ် သံဃိကပစၥည္း အျဖစ္၌သာ တည္ေနေသာေၾကာင့္ျဖစ္၏ ။
“သံဃိကပစၥည္း အျဖစ္၌ တည္ေနပါက အသုံးျပဳမိၾကေသာ သူတို႔သည္ သံေတြခဲ… မီးက်ီးခဲ … အဆိပ္သီး တို႔ကို မ်ိဳခ်ကာ စားရသကဲ့ သို႔ျဖစ္ေတာ့၏။ထိုထို အေၾကာင္းျဖစ္ရပ္ တို႔ေၾကာင့္ -” ေက်ာင္းစ ေရွာင္ ” ဟူေသာ ေရွးသူေတာ္ ေကာင္း တို႔၏ ဆုံးမစကား ကို လိုက္နာ ေဆာင္႐ြက္သင့္ေပ၏ ။
“အထူး အားျဖင့္ သာသနာ့ေျမ သံဃိကေျမမ်ားကို ငါပိုင္တယ္ ငါတို႔ ဘုန္း ႀကီးပိုင္တယ္ ငါတို႔ေဆြမ်ိဳး ဘုန္းႀကီး ပိုင္တယ္ ဟုေျပာဆို အလြဲသုံးစားျပဳကာ ေရာင္းခ် ငွားရမ္း ေနၾကသူမ်ား အထူး သတိျပဳေစလို ပါ သည္ ။(သံဃိကပစၥည္း အလြဲသုံးစားမႈ မ်ားသည္ ဗုဒၶဘာသာျမန္မာ တို႔အတြက္ ကပ္သဖြယ္ ဆင္းရဲရျခင္း အေၾကာင္းတစ္ခုျဖစ္ႏိုင္၏)သစၥာဓမၼျမင္ႏိုင္ၾကပါေစ..။
Credit – အရွင္ေတဇနိယ(မန္းေတာင္ေျခ)
unicode
“မသာစ ဆောင်…ကျောင်းစ ရှောင်”ဟူ သော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။” မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂလင်္ကာများ ပါသော ယပ်တောင် တို့ကို ဆောင်ထားခြင်းဖြင့်ထိုယပ်တောင် ကိုမြင်တိုင်း… ထိုသံဝေဂလင်္ကာတို့ကို ဖတ်မိတိုင်း…
” ငါလည်း… တစ်နေ့ .. သေရအုံးမှာ ပါလား”ဟု မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်း သဘော တို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်ဖြစ်နိုင်သော ကြောင့်တည်း ။
“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ် ပဝါ စသည်တို့ကိုရတတ်၏။
ထို ပစ္စည်းများ သည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်း သာ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပစ္စည်းများဖြစ်ပါက အ ကြောင်း မဟုတ်သော်လည်း… သံဃိကဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုး နည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏ ။
ထိုသံဃိကဂရု ဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း….. သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့ သို့ဖြစ်ရ၏။” ဟ…ငါတို့ဘုန်းကြီးက ကျောင်းထိုင် ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ ယူတာ ဘာအပြစ်ဖြစ် ရမှာတုန်း ” ဟုပြောဆို ကြသူများ ရှိကြ၏ ။
“ကျောင်းထိုင် ဘုန်းကြီးဖြစ်နေ ပါစေ” သာသနာပိုင် ဆရာတော်ကြီးဖြစ်နေ ပါစေ သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးဖြစ်နေပါစေ..။“သံဃိကဂရုဘဏ္ဍာ” ပစ္စည်းများကို .. မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။
ဝေဘန်ခွဲခြမ်း လို့မရ ။အဘယ့်ကြောင့်နည်း…?“မစွန့်အပ် မဝေဘန်အပ်သော သံဃိ ကဂရုဘဏ် ပစ္စည်း တို့သည် ဝိနယပိဋကတ် ၌ ပါရှိခြင်းကြောင့်တည်း……။
“ထိုပစ္စည်းတို့မှာ ၁။ အာရာမ အရံ ၂။ အာရာမဝတ္ထု အရံနေရာ ၃။ ဝိဟာရကျောင်းတိုက် ၄။ ဝိဟာရဝတ္ထု ကျောင်းတိုက်နေရာ ၅။ မဥ္စ ညောင်စောင်း ၆။ ပီဌ အင်းပျဉ် ၇။ ဘိသိ ဘုံလျို
၈။ ဗိဗ္ဗောဟန – ခေါင်းအုံး ၉။ လောဟကုမ္ဘီ – ကြေးအိုး ၁၀။ လောဟဘာဏက – ကြေးအိုးစရည်း ၁၁။ လောဟဝါတက ၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး ၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)။ ၁၄။ ဖရသု – ပုဆိန် ၁၅။ ကုဓာရီ – ဓားမ၁၆။ ကုဒါလ – ပေါက်တူး
၁၇။နိဒါဒနံ – ဆောက် ၁၈။ဝလ္လိ – နွယ်ပင် ၁၉။ဝေဠု – ဝါးပင်။ ၂၀။ မုဥ္ဇ – ဖြူဆံမြက်ပင်။ ၂၁။ပဗ္ဗဇ – ပြိတ်မြက်ပင်။ ၂၂။တိဏ – ကြွင်းသောမြက်။ ၂၃။မတ္တိကာ – မြေညက်။ ၂၄။ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ။ ၂၅။မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။
“ဤသို့(၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာ တစ်ခုချင်းကို ထပ်စိပ်သော် အမြောက် အများရ၏။
ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊ သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန် စသည်တို့ကို ယူခြင်းစသော… စသော… သံဃိကပစ္စည်းဟူသမျှ တို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက် ၏။
“အဘယ်ကြောင့် ဆိုသော်… သံဃိကပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံပြန်ရောင်း… စသည်ဖြင့် ပိုင်ရှင် အဆက်ဆက် ပြောင်းသွား သော်လည်း သံဃိကပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။
“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့ သို့ဖြစ်တော့၏။ထိုထို အကြောင်းဖြစ်ရပ် တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော် ကောင်း တို့၏ ဆုံးမစကား ကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။
“အထူး အားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ် ဟုပြောဆို အလွဲသုံးစားပြုကာ ရောင်းချ ငှားရမ်း နေကြသူများ အထူး သတိပြုစေလို ပါ သည် ။(သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာမြန်မာ တို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏)သစ္စာဓမ္မမြင်နိုင်ကြပါစေ..။
Credit – အရှင်တေဇနိယ(မန်းတောင်ခြေ)