မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ..
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာသာဖြစ်တတ်တဲ့ရောဂါတချို့ကြောင့် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့လိုပါတယ်။
အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက် အတွင်းဖြစ်လာတာ မဟုတ်ဘဲ ရက်ရှည်လ များအစ ပျိုးပြီး ဖြစ်လာ တာပါ။
ရောဂါ အစပြုနေချိန်မှာ သတိထားမိခဲ့ရင် အသက်အန္တရာယ် မဖြစ်အောင် အချိန်မီ တားဆီ းနိုင်မှာပါ။ဒါကြောင့် အမျိုးသမီးတိုင်း သတိပြု သင့်တဲ့ ရောဂါအစပျိုး လက္ခဏာတွေကို ပြောပြပေး လိုက်ပါတယ်။
(၁) အစားစားချင်စိတ်နည်းလွန်းခြင်း
တခါတရံမှာ အစားစားချင်စိတ်ပျောက်နေ တာမျိုး ကလည်း ပုံမှန်ဖြစ်တတ်တဲ့ အနေအထား တစ်ခုပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာ ကိုတောင်စားချင် စိတ်မရှိ တာမျိုး၊
တစ်နေကုန်နေ လို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့ သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ အစပြုတဲ့ လက္ခဏာဖြစ်နေနိုင် လို့ပါ။
(၂) ဗိုက်ပူနေခြင်း
မိန်းကလေးတွေဟာ အသက် ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာ မလုပ်ဘူး ဆိုရင် ဗိုက်ပူလာတတ်ပါတယ်။
ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစား ထားသလိုမျိုး ဗိုက်ဖောင်းပြီးပူနေတယ် ဆိုရင်တော့ စိုးရိမ် ရပါတယ်။
ဝမ်းဗိုက်က အမြဲလိုလို တင်းပြီး ပူနေတယ် ဆိုရင် ဒါဟာ ရင်သား ကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစ ပျိုးနေတာဖြစ် နိုင်ပါတယ်။
(၃) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း
ဝက်ခြံထွက် တာကလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တတ်တဲ့ အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေ အမြဲ လိုလို ထွက်နေတယ် ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်း ကမောက်ကမဖြစ်နေ ပါပြီ။
သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေ အမြဲထွက်နေတယ် ဆိုရင် ဆရာဝန် နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။
(၄) လေ့ကျင့်ခန်းလုပ်တဲ့ အခါ ကိုယ်လက်တွေ အလွန် အမင်းနာကျင်ခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ၊
မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။ ဒီလိုဖြစ်နေရင် ဆရာဝန်ပြဖို့လိုပါတယ်။
(၅) ဓမ္မတာလာစဉ်သွေးခဲများဆင်းခြင်း
ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လိုမဟုတ်ဘဲ အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်အတွက်စိုးရိမ်ရတဲ့အနေအထားပါ။
ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။
(၆) ဆံပင်တွေအများအပြားကျွတ်ခြင်း
ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေအများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။
လေးစားစွာဖြင့်ခရက်ဒစ် သမီးလေး
မိန္းကေလးတိုင္း သတိျပဳသင့္တဲ့ အမ်ိဳးသမီးေရာဂါမ်ားရဲ႕အစပ်ိဳးလကၡဏာမ်ား
အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းပုံက အမ်ိဳးသားေတြနဲ႔ လုံးဝကိုျခားနားေနၿပီး အမ်ိဳးသမီးေတြမွာသာျဖစ္တတ္တဲ့ေရာဂါတခ်ိဳ႕ေၾကာင့္ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ဖို႔လိုပါတယ္။
အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ေရာဂါေတြဟာ တစ္ရက္ႏွစ္ရက္ အတြင္းျဖစ္လာတာ မဟုတ္ဘဲ ရက္ရွည္လ မ်ားအစ ပ်ိဳးၿပီး ျဖစ္လာ တာပါ။
ေရာဂါ အစျပဳေနခ်ိန္မွာ သတိထားမိခဲ့ရင္ အသက္အႏၲရာယ္ မျဖစ္ေအာင္ အခ်ိန္မီ တားဆီ းႏိုင္မွာပါ။ဒါေၾကာင့္ အမ်ိဳးသမီးတိုင္း သတိျပဳ သင့္တဲ့ ေရာဂါအစပ်ိဳး လကၡဏာေတြကို ေျပာျပေပး လိုက္ပါတယ္။
(၁) အစားစားခ်င္စိတ္နည္းလြန္းျခင္း
တခါတရံမွာ အစားစားခ်င္စိတ္ေပ်ာက္ေန တာမ်ိဳး ကလည္း ပုံမွန္ျဖစ္တတ္တဲ့ အေနအထား တစ္ခုပါ။ ဒါေပမယ့္ ကိုယ့္အႀကိဳက္ဆုံး အစားအစာ ကိုေတာင္စားခ်င္ စိတ္မရွိ တာမ်ိဳး၊
တစ္ေနကုန္ေန လို႔မွ တစ္ခါေလာက္ပဲစားျဖစ္တာမ်ိဳးေတြ ျဖစ္ေနရင္ေတာ့ သတိထားရေတာ့မွာပါ။ ဒါက သားအိမ္ကင္ဆာ အစျပဳတဲ့ လကၡဏာျဖစ္ေနႏိုင္ လို႔ပါ။
(၂) ဗိုက္ပူေနျခင္း
မိန္းကေလးေတြဟာ အသက္ ရလာတာနဲ႔အမွ် ေလ့က်င့္ခန္းေတြေသခ်ာ မလုပ္ဘူး ဆိုရင္ ဗိုက္ပူလာတတ္ပါတယ္။
ဗိုက္မွာအဆီစုၿပီး ဗိုက္ပူတာက ပုံမွန္ပဲျဖစ္ေပမယ့္ အစားအမ်ားႀကီးစား ထားသလိုမ်ိဳး ဗိုက္ေဖာင္းၿပီးပူေနတယ္ ဆိုရင္ေတာ့ စိုးရိမ္ ရပါတယ္။
ဝမ္းဗိုက္က အၿမဲလိုလို တင္းၿပီး ပူေနတယ္ ဆိုရင္ ဒါဟာ ရင္သား ကင္ဆာ ဒါမွမဟုတ္ သားအိမ္ကင္ဆာအစ ပ်ိဳးေနတာျဖစ္ ႏိုင္ပါတယ္။
(၃) ေမးေစ့နားတဝိုက္ဝက္ၿခံေတြထြက္ျခင္း
ဝက္ၿခံထြက္ တာကလည္း ေဟာ္မုန္းအေျပာင္းအလဲေတြ ျဖစ္တတ္တဲ့ အရာမို႔ သိပ္ေတာ့မထူးဆန္းပါဘူး။ ဒါေပမယ့္ ေမးေစ့နားတဝိုက္မွာ ဝက္ၿခံေတြ အၿမဲ လိုလို ထြက္ေနတယ္ ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြ အလြန္အမင္း ကေမာက္ကမျဖစ္ေန ပါၿပီ။
သင့္ေမးေစ့နားတဝိုက္မွာ ဝက္ၿခံေတြ အၿမဲထြက္ေနတယ္ ဆိုရင္ ဆရာဝန္ နဲ႔ေသခ်ာျပသစစ္ေဆးဖို႔လိုေနပါၿပီ။
(၄) ေလ့က်င့္ခန္းလုပ္တဲ့ အခါ ကိုယ္လက္ေတြ အလြန္ အမင္းနာက်င္ျခင္း
ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္ေတြလက္ေတြနာတာက ပုံမွန္ျဖစ္ေနက်ပါပဲ။ ဒါေပမယ့္ သင္ကေတာ့ သူမ်ားေတြထက္ပိုဆိုးၿပီး ေလ့က်င့္ခန္းလုပ္လိုက္တာနဲ႔ မခံမရပ္ႏိုင္ေအာင္ ၊
မလႈပ္ႏိုင္ေလာက္ေအာင္နာက်င္ေနတယ္ဆိုရင္ေတာ့ ကိုယ္တြင္းအဂၤါေတြ သိပ္မက်န္းမာဘူးဆိုတဲ့ လကၡဏာပါ။ ဒီလိုျဖစ္ေနရင္ ဆရာဝန္ျပဖို႔လိုပါတယ္။
(၅) ဓမၼတာလာစဥ္ေသြးခဲမ်ားဆင္းျခင္း
ဓမၼလာတဲ့အခါ ေသြးခဲေတြပါလာတာ၊ ေသြးေရာင္ကပုံမွန္လိုမဟုတ္ဘဲ အညိဳေရာင္လိုလိုျဖစ္ေနတာေတြက သားအိမ္အတြက္စိုးရိမ္ရတဲ့အေနအထားပါ။
ဒီလိုအေျခအေနျဖစ္လာၿပီဆိုရင္ သားအိမ္အတြင္းအလုံးျဖစ္ေနတာမ်ိဳး၊ ေရအိတ္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ သားဖြားမီးယပ္ဆရာဝန္နဲ႔ျပဖို႔လိုေနပါၿပီ။
(၆) ဆံပင္ေတြအမ်ားအျပားကြၽတ္ျခင္း
ဒါက ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္ႏိုင္ၿပီး ဆံပင္ေတြအမ်ားအျပားကြၽတ္တဲ့အေျခအေနကေန ဒီထက္ပိုဆိုးတဲ့ အေျခအေနျဖစ္လာႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ျပသင့္ပါတယ္။ #Crd
ေလးစားစြာျဖင့္ – သမီးေလး