Knowledge

အခုစာဖတ်နေသူကမိန်းခလေးမှန်ရင်သိမ်းထားပေးပါသင့်ကို အမြဲလှနေစေမည့် လျှို့ဝှက်ချက် (၁၀၀)

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တစ်ခုသုံးယုံနဲ့ မ

လုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂ဝခန့်ထည့်ပါ ပြီးရင် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up remover ကို နဲနဲပဲကုန်စေနိုင်သလို အကျိူးလဲရှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့ရပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီးရင် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျဉ်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံးရင် ကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီးရင် လိမ်းနေကြ တစ်ခုခုရှိရင် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာရေးကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်ရင် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး ပါးစပ်က အနံ့ ဆိုးတွေရှိရင် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ဝက်ခြံတွေ အရမ်းထွက်တတ်တာမျိူးက ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ် ခေါင်းမလျှော်ဖြစ်ခဲ့ရင်တောင် အရှေဆံပင်လေးကို လျှော်ပေးပါ

21.ဝက်ခြံထွက်ရင် လက်နဲ့ မညှစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အရမ်းများလာရင် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.ဝက်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိူးက အန္တရာယ်များပါတယ် ဝက်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေရာတွေမှာပါ ဝက်ခြံ ထွက်တတ်ပါတယ်

25 ဆင်ဝက်ခြံလို ဝက်ခြံမျိူးတွေ လက်နဲ့ အညှစ်များတဲ့ ဝက်ခြံတွေဟာ ကြာရင် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆားဝက်ခြံတွေ ကလဲ စိတ်ရူပ်ရပါတယ်

27.ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမရသေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့ရနိုင်ပါတယ်

29.ဝက်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ် ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ် ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ ထပ်ခါ ထပ်ခါ လုပ်ပါများရင် ချွေးးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာကို ရေနွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး ရေနွေးငွေ့ ခံပါ ပြီးရင် ကြက်ဥအကာကို မျက်လုံးကို ဝိူက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါtissue နှစ်လွှာကို တစ်လွှာခွာပါ မိမိကပ်မဲ့နေရာ ချိန်ပြီး အရွယ်တော် ဖြဲပါ ပြီးရင် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီးရင် tissue ကပ်ထားတဲ့ အပေါ်ကို ကြက်ဥအကာထပ်တင်ပေးပါ မိနစ် ၂ဝခန့်ထားပြီး ခွာချပါဆားဝက်ခြံတွေပါလာပါလိမ့်မယ် အကုန်တော့မပါလာပါဘူးနော်

သဘာဝနည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ ဖြေးဖြေးခြင်းထိရောက်တာပါ နောက်ဆုံး ရေခဲရေနှင့်မျက်နှာသစ်ပါသို့ ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ

ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ် ဆားဝက်ခြံများရင် တစ်ပတ် ၃ကြိမ်လုပ်ပါ ပါးသွားရင် တစ်ပတ် ၁ကြိမ်ဆို ရပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ် အအေးက ချွေးပေါက် ကျဉ်းစေပါတယ်

33.ချွေးပေါက် အရမ်းကျယ်လို့ မိတ်ကပ်လိမ်းရအဆင်မပြေရင် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်ရာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ တစ်ကျိူက်ထဲ မော့ပါ ာစသောက်ခြင်း အဆင်မပြေပါဘူး နောက်ရက်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အရွက် စားပါ ဝမ်းချူပ်နေပြီခံစားရရင် ဝမ်းနုတ်ပါ

36.ဆီး ဝမ်း လေမှန်မှ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းမှာပါ

37.ရေချိူးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ လူတစ်ယောက်ကို အကဲဖြတ်ရာမှာ ခြေထောက်ရယ် မျက်နာရယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့ ဆိုးဖြစ်ခဲ့ရင် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖို့ပါ

39.လက်သည်း ကျိူးလွယ်တယ် အရမ်းပျော့နေမယ်ဆိုရင် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆိုရင်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ လက်က ဘက်တီးရီးယား အများဆုံး နေရာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ် အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြုရင်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်ရင် တခုနဲ့ သုံးလို့ရနိုင်ပါတယ်

44.နှုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့ရပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မရဘူး အလျှင်လိုနေခဲ့ရင် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာရင် concelar မရှိခဲ့ရင် သုံးနေကြ မိတ်ကပ်အရည်ရဲ့ အဖုံး သို့ နူတ်ခမ်းအဝမှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မရှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါးရင်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီးရင် masacara ပြန်ကော့ပါ သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုးရင် မျက်ခုံးရိတ်ပြီးမှ မျက်ခုံးဆိုးပါ မျက်ခုံးကို မိမိဘာသာ မရိတ်တပ်ရင် ဆိုင်မှာ ပုံအရင်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ရိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မရိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်းရင် မိမိမျက်နှာက အလှဆုံး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ် မျက်နှာမှာ ကပ်ရင် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီးရင် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးပြီး ပြီးမှ ရေချိူးလို့ရပါတယ် အသားအရည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခန့်ရောမွှေပြီးလူးပေးပါ ၁၅မိနစ်ထားပါ ပြီးရင် ရေဆေးချပါ အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ) vasaline ကို ရေမွှေး စွတ်မဲ့ နေရာကို လိမ်းပေးပြီး ရေမွှေး စွတ်ရင် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိူင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့ရပါတယ်

63.eyeliner pencil တွေ ဆိုးရတာ အရောင်မထွက်ရင် မီးအပူ ခဏလေးပြီး ဆိုးရင် အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ်

65.နူတ်ခမ်းနီ ဝယ်မိတာ မစိုမခြောက် ဖြစ်နေရင် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုးရင်အမှုန်တွေတခါတလေ ကျပါတယ် ကျရင် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်ရှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်းရင် လည်ပင်းကိုပါ လိမ်းပါ မိမိ မိတ်ကပ် က ဈေးကြီးလို့ နှမြောရင် ဈေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အရောင်ညီတာ လေးဝယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီးရင် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်

71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အရမ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ် ခေါင်းအုံး မသန့်ရင် မျက်နှာ ဝက်ခြံထွက်စေပါတယ်

74.အိပ်ရေးပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာရီ နှင့် 1 နာရီအချိန်မှာ မျက်နှာက နုပျိုခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါအဲ့အချိန်မအိပ်ရင် မထွက်နိုင်ပါ {ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေးရှိနိုင်ပါတယ် ၁၁နာရီနောက်ပိုင်း အိပ်ရမှာက သေချာပါတယ်)

77.အိပ်ရေးပျက်ရင်လဲ ဝက်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ ရေဓာတ် ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ်

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီးရင် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်

71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အရမ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ် ခေါင်းအုံး မသန့်ရင် မျက်နှာ ဝက်ခြံထွက်စေပါတယ်

74.အိပ်ရေးပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာရီ နှင့် 1 နာရီအချိန်မှာ မျက်နှာက နုပျိုခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါအဲ့အချိန်မအိပ်ရင် မထွက်နိုင်ပါ {ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေးရှိနိုင်ပါတယ် ၁၁နာရီနောက်ပိုင်း အိပ်ရမှာက သေချာပါတယ်)

77.အိပ်ရေးပျက်ရင်လဲ ဝက်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ ရေဓာတ် ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အရမ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေရင် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်ဝယ်တဲ့ အခါ tester ရှိတဲ့နေရာက ဝယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ရွေးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး မေးရိုး တို့မှာတင်ပြီး ရွေးပါ အရောင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ မိတ်ကပ် နံပါတ် ၃ခု ရှိရင် သုံးခုလုံး နေရာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိူးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအရည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မရွေးခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့ ပညာရှင်ကိုမေးပါဝါသနာရှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူးတံဆိပ်အမျိုးမျိုး မသုံးနိုင်ပါဘူး။ လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာ ညွှန်းဖို့ရာ အရမ်းခက်ခဲပါတယ်တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ။ (sis ကိုလာမေးကြရင် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေရမှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေကရှိသေးတယ်လေနော့ ဝါသနာရှင်ပါရှင် နားလည်ပေးကြပါနော်)

89.နားလည်သူ ညွှန်းတဲ့ မိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကျ counter မှာဝယ်ပါထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်ရင် ဝယ်သုံးပါ။ အဆင်မပြေရင် နောက်တခုပြောင်းဝယ်ဖို့ အသေးထွက်ရင် အသေးဝယ်ပါအဆင်ပြေမှ ဘူးကြီးဝယ်ပါ

90.ငွေကို ချွေတာလို့ရတဲ့နေရာ ချွေတာပါ masacara လို eyelinerအရည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို ဈေးအမြင့်ဆုံးထဲ က ဝယ်မဲ့ အစား ဈေး အလတ်စားထဲက ဝယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါRoll on သုံးပေးပါ အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိူး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ နားကပ်တွေကို ရေချိူးတိုင်းဖြုတ်ပြီး နားကိုဆေးပါ နားရွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေးရင် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယားရင် မျက်စဉ်းခပ်ပါ ဆေးသောက်ပါ လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအရာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ ညအိပ်ရာဝင် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် ဈေးအပေါစားတွေ မတပ်ပါနဲ့ မျက်လုံးက တအားနုပါတယ် ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်ရင် ဆေးကို ပုံမှန်လဲပါ အေးတဲ့နေရာမှာထားပါ ပိုးဝင်သွားရင် အန္တရာယ်ရှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့ရင်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ ဒီနေ့တပ်ဖြစ်ရင် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နေပူပူ မိုးရွာရွာ suncream လူးပါ ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ် နေပူမှ ခရမ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။