Knowledge

ေသာၾကာၿဂိဳဟ္ကို လဖုံးမယ့္ ျဖစ္စဥ္နဲ႔ မတ္လအတြင္း ထူးျခားမယ့္ အာကာသ ျဖစ္စဥ္မ်ားအေၾကာင္း

ထူးျခားျဖစ္စဥ္မ်ားႏွင့္ မတ္လ ၂၀၂၃၊ လာမည့္ ၂၀၂၃ ​ေဖ​ေဖာ္ဝါရီ လကုန္ပိုင္းနဲ႔ မတ္လတို႔မွာ​ေတာ့ ရာသီဥတု​ေျပာင္းလဲျခင္း ျဖစ္စဥ္

မ်ားႏွင့္အတူ ညဘက္ ​ေကာင္းကင္ယံမွာလည္း ထူးျခားမည့္ ျဖစ္စဥ္မ်ားက ​ေစာင့္ႀကိဳလို႔​ေနပါတယ္။

အထူးသျဖင့္ တနလၤာၿဂိဳဟ္လို႔ သတ္မွတ္ၾကတဲ့ လဟာ ၄င္းရဲ႕ လမ္း​ေၾကာင္းတ​ေလွ်ာက္မွာ အဂၤါၿဂိဳဟ္ (မားစ္)၊ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) တို႔အျပင္ Delta Scorpii လို႔​ေခၚတဲ့ အႏုရာဓ ၾကယ္နကၡတ္တို႔ကိုပါ လိုက္လံဖုံးအုပ္​ေတာ့မွာ ျဖစ္ပါတယ္

အ​ေသးစိတ္ ​ဆိုရလွ်င္ ​ေဖ​ေဖာ္ဝါရီလ ၂၈ ရက္ ​ေန႔မွာ လဟာ ၿပိသရာသီအတြင္းမွ အဂၤါၿဂိဳဟ္ကို ဖုံးကြယ္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ​ေတာ့ ​ေန႔ဘက္ (၁၁ နာရီခန္႔) ျဖစ္​ေနတဲ့အတြက္ ျမင္​ေတြ႕ရမည္​ေတာ့ မဟုတ္ပါ။

မတ္လ ၁၃ ရက္​ေန႔ ျမန္မာစံ​ေတာ္ခ်ိန္ ည​ ၇ နာရီခန္႔မွာလည္း လဟာ ၿဗိစာၦရာသီထဲက နဂါးဦး​ေခါင္းၾကယ္ျဖစ္တဲ့ အႏုရာဓ ၾကယ္နကၡတ္ (Delta Scorpii) ကို ဖုံးအုပ္မွာ ျဖစ္​ေပမဲ့ လဆုတ္ရက္ျဖစ္​ေနတဲ့အတြက္ ​အခ်ိန္​ေနာက္က်ၿပီးမွ ထြက္မည့္လ​ေၾကာင့္ ျမန္မာႏိုင္ငံမွ ျမင္ခြင့္ရဦးမည္မဟုတ္ပါ။

(လကို လဆန္းရက္မ်ားမွာ ည​​ေနခင္းပိုင္း အ​ေနာက္ဘက္အရပ္မွာ ျမင္​ေတြ႕ရတတ္ၿပီး လဆုတ္ရက္မ်ားမွာ​ေတာ့ အ​ေရွ႕ဘက္အရပ္မွာ နံနက္ခင္းပိုင္း ျမင္​ေတြ႕ရတတ္ပါတယ္။)

ထူးျခားမည့္ ျဖစ္ရပ္အ​ေနနဲ႔ မတ္လ ၂၄ ရက္ ည​ေန ၅ နာရီမွ ၇ နာရီခြဲ ​ေလာက္အထိ အ​ေနာက္ဘက္အရပ္ မိုးကုတ္စက္ဝိုင္းအထက္က မိသရာသီထဲမွာ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) အား လမွ ဖုံးကြယ္ျခင္းျဖစ္စဥ္ကို ျမန္မာႏိုင္ငံအပါအဝင္ အ​ေရွ႕​ေတာင္အာရွ ႏိုင္ငံမ်ားနဲ႔ အာရွတိုက္ နဲ႔ အာဖရိကတိုက္ ​ေတာင္ပိုင္း ​ေဒသတို႔မွာ ျမင္​ေတြ႕ရႏိုင္ပါတယ္ (​ေျမပုံ)။

ထို႔အတူပဲ မတ္လ ၁ ရက္ ႏွင့္ ၂ ရက္ ညဦးပိုင္းမွာ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) နဲ႔ ၾကာသပ​ေတးၿဂိဳဟ္ (ဂ်ဴပီတာ) တို႔ မိန္ရာသီအတြင္း ၿဂိဳဟ္စစ္ထိုးျခင္း (နီးကပ္စြာ ျဖတ္သန္းသြားျခင္း) ကိုလည္း ျမင္​ေတြ႕ၾကရမွာပါ။

မတ္လ ၂၁ ရက္ နံနက္ ၃နာရီ ၅၀ မိနစ္မွာ​ေတာ့ ၂၃.၅ ဒီဂရီ အစဥ္ တိမ္း​ေစာင္း​ေနတဲ့ ကမာၻရဲ႕ အီ​ေကြတာမ်ဥ္း​ေၾကာင္း​ေပၚသို႔ ​ေန​ေရာင္ျခည္ဟာ တည့္မတ္စြာက်​ေရာက္ျခင္းျဖင့္ ​ေန႔ ႏွင့္ ည တို႔ အခ်ိန္တူညီစြာ ရွိမည့္ ​”ေႏြကူး​ေန႔ညညီခ်ိန္” သို႔ ​ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ​ေန​ေရာင္ျခည္ဟာ ျမန္မာႏိုင္ငံရွိတဲ့ အီ​ေကြတာ ​​ေျမာက္ဘက္ျခမ္းကို ဆက္လက္ က်​ေရာက္မွာျဖစ္ၿပီး ပူျပင္း​ေျခာက္​ေသြ႕တဲ့ ​ေႏြဦးရာသီကို ျဖတ္သန္းရ​ေတာ့မွာ ပဲျဖစ္ပါတယ္။

ထိုကဲ့သို႔ အပူခ်ိန္​ တိုက္႐ိုက္ က်​ေရာက္မႈေၾကာင့္ ဘဂၤလားပင္လယ္​ေအာ္နဲ႔ ကပၸလီပင္လယ္တို႔မွာ အပူပိုင္း ​ေလဖိအားနည္းရပ္ဝန္းမွသည္ ဆိုင္ကလုံးမုန္တိုင္းမ်ားအထိ က်​ေရာက္လာႏိုင္​ေသာ​ေၾကာင့္ အသိ၊ သတိတို႔ျဖင့္ ႀကိဳတင္ျပင္ဆင္ ၾကႏိုင္ရန္ ​ေရးသားလိုက္ပါသည္။

အနာဂတ္ပညာ​ေရးအတြက္ အစဥ္တစိုက္ ႀကိဳးစားလ်က္ သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

credit

unicode

ထူးခြားဖြစ်စဉ်များနှင့် မတ်လ ၂၀၂၃၊ လာမည့် ၂၀၂၃ ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းနဲ့ မတ်လတို့မှာ​တော့ ရာသီဥတု​ပြောင်းလဲခြင်း ဖြစ်စဉ်များနှင့်အတူ ညဘက် ​ကောင်းကင်ယံမှာလည်း ထူးခြားမည့် ဖြစ်စဉ်များက ​စောင့်ကြိုလို့​နေပါတယ်။

အထူးသဖြင့် တနင်္လာဂြိုဟ်လို့ သတ်မှတ်ကြတဲ့ လဟာ ၄င်းရဲ့ လမ်း​ကြောင်းတ​လျှောက်မှာ အင်္ဂါဂြိုဟ် (မားစ်)၊ ​သောကြာဂြိုဟ် (ဗီးနပ်စ်) တို့အပြင် Delta Scorpii လို့​ခေါ်တဲ့ အနုရာဓ ကြယ်နက္ခတ်တို့ကိုပါ လိုက်လံဖုံးအုပ်​တော့မှာ ဖြစ်ပါတယ်။

အ​သေးစိတ် ​ဆိုရလျှင် ​ဖေ​ဖော်ဝါရီလ ၂၈ ရက် ​နေ့မှာ လဟာ ပြိသရာသီအတွင်းမှ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ​တော့ ​နေ့ဘက် (၁၁ နာရီခန့်) ဖြစ်​နေတဲ့အတွက် မြင်​တွေ့ရမည်​တော့ မဟုတ်ပါ။

မတ်လ ၁၃ ရက်​နေ့ မြန်မာစံ​တော်ချိန် ည​ ၇ နာရီခန့်မှာလည်း လဟာ ဗြိစ္ဆာရာသီထဲက နဂါးဦး​ခေါင်းကြယ်ဖြစ်တဲ့ အနုရာဓ ကြယ်နက္ခတ် (Delta Scorpii) ကို ဖုံးအုပ်မှာ ဖြစ်​ပေမဲ့ လဆုတ်ရက်ဖြစ်​နေတဲ့အတွက် ​အချိန်​နောက်ကျပြီးမှ ထွက်မည့်လ​ကြောင့် မြန်မာနိုင်ငံမှ မြင်ခွင့်ရဦးမည်မဟုတ်ပါ။

(လကို လဆန်းရက်များမှာ ည​​နေခင်းပိုင်း အ​နောက်ဘက်အရပ်မှာ မြင်​တွေ့ရတတ်ပြီး လဆုတ်ရက်များမှာ​တော့ အ​ရှေ့ဘက်အရပ်မှာ နံနက်ခင်းပိုင်း မြင်​တွေ့ရတတ်ပါတယ်။)

ထူးခြားမည့် ဖြစ်ရပ်အ​နေနဲ့ မတ်လ ၂၄ ရက် ည​နေ ၅ နာရီမှ ၇ နာရီခွဲ ​လောက်အထိ အ​နောက်ဘက်အရပ် မိုးကုတ်စက်ဝိုင်းအထက်က မိသရာသီထဲမှာ ​သောကြာဂြိုဟ် (ဗီးနပ်စ်) အား လမှ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အ​ရှေ့​တောင်အာရှ နိုင်ငံများနဲ့ အာရှတိုက် နဲ့ အာဖရိကတိုက် ​တောင်ပိုင်း ​ဒေသတို့မှာ မြင်​တွေ့ရနိုင်ပါတယ် (​မြေပုံ)။

ထို့အတူပဲ မတ်လ ၁ ရက် နှင့် ၂ ရက် ညဦးပိုင်းမှာ ​သောကြာဂြိုဟ် (ဗီးနပ်စ်) နဲ့ ကြာသပ​တေးဂြိုဟ် (ဂျူပီတာ) တို့ မိန်ရာသီအတွင်း ဂြိုဟ်စစ်ထိုးခြင်း (နီးကပ်စွာ ဖြတ်သန်းသွားခြင်း) ကိုလည်း မြင်​တွေ့ကြရမှာပါ။

မတ်လ ၂၁ ရက် နံနက် ၃နာရီ ၅၀ မိနစ်မှာ​တော့ ၂၃.၅ ဒီဂရီ အစဉ် တိမ်း​စောင်း​နေတဲ့ ကမ္ဘာရဲ့ အီ​ကွေတာမျဉ်း​ကြောင်း​ပေါ်သို့ ​နေ​ရောင်ခြည်ဟာ တည့်မတ်စွာကျ​ရောက်ခြင်းဖြင့် ​နေ့ နှင့် ည တို့ အချိန်တူညီစွာ ရှိမည့် ​”နွေကူး​နေ့ညညီချိန်” သို့ ​ရောက်ရှိလာမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ​နေ​ရောင်ခြည်ဟာ မြန်မာနိုင်ငံရှိတဲ့ အီ​ကွေတာ ​​မြောက်ဘက်ခြမ်းကို ဆက်လက် ကျ​ရောက်မှာဖြစ်ပြီး ပူပြင်း​ခြောက်​သွေ့တဲ့ ​နွေဦးရာသီကို ဖြတ်သန်းရ​တော့မှာ ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ အပူချိန်​ တိုက်ရိုက် ကျ​ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်​အော်နဲ့ ကပ္ပလီပင်လယ်တို့မှာ အပူပိုင်း ​လေဖိအားနည်းရပ်ဝန်းမှသည် ဆိုင်ကလုံးမုန်တိုင်းများအထိ ကျ​ရောက်လာနိုင်​သော​ကြောင့် အသိ၊ သတိတို့ဖြင့် ကြိုတင်ပြင်ဆင် ကြနိုင်ရန် ​ရေးသားလိုက်ပါသည်။

အနာဂတ်ပညာ​ရေးအတွက် အစဉ်တစိုက် ကြိုးစားလျက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

credit