Health Care

ပါးနှစ်ဖက်ဖောင်းပြီး တွဲကျနေတာကို ပြန်ပြီးမြှင့်တင် တင်းရင်းသွားစေမယ့် နည်းလမ်း (၃)ခု

ပါးနှစ်ဖက်ဖောင်းပြီး တွဲကျနေတာကို ပြန်ပြီးမြှင့်တင် တင်းရင်းသွားစေမယ့် နည်းလမ်း (၃)ခု-

မျက်နှာဘေးနှစ်ဖက်ပါးပြင်ဖောင်းပြီး တွဲကျနေတာက မျိုးရိုးလိုက်တာကြောင့်၊ အသက်အရွယ်ကြောင့်၊ ကိုယ်အလေးချိန်များလို့၊ အစိုဓာတ်ကောင်းကောင်းမဖြည့်လို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာဖောင်းနေပြီး ပါးနှစ်ဖက် ကတွဲကျနေရင် ပါးစပ်နားမှာ အရေးအကြောင်းတွေလည်း ပိုများပြီး မျက်နှာလည်း ပုံပျက်နေလို့ ကြည့်မကောင်းပါဘူး။ ဒီတော့ ဒီလိုမျိုးတွဲကျနေတဲ့ ပါးပြင်နှစ်ဖက်ကို ပြန်မြှင့်တင်ပြီး တင်းရင်းသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပေါင်းတင်ပေးပါ

လျော့တွဲနေတဲ့ အသားအရေကိုပြန်လည်ပြုပြင်ဖို့ဆိုရင် အခြေခံအကျဆုံးအချက်အနေနဲ့ ပေါင်းတင်ပေးဖို့ လိုပါတယ်။ အသားအရေကို ပင့်တင်ပေးနိုင်တဲ့ သဘာဝပေါင်းတင်နည်းလေးတွေကို လုပ်ပေးပါ။

ရှားစောင်းလက်ပပ်နဲ့ဒိန်ချဉ်

ရှားစောင်းလက်ပပ်အနှစ်နှစ်ဇွန်း၊ ဒိန်ချဉ်အသန့်တစ်ဇွန်းကိုရောပြီး မျက်နှာမှာ လိမ်းပေးကာ မိနစ်နှစ်ဆယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ မျက်နှာပေါ်က ဆဲလ်တွေကိုပြန်လည်ဖွဲ့စည်းစေပြီး အသားအရေကိုပြန်လည်ကျစ်လစ်စေပါတယ်။

ထောပတ်သီးနဲ့ပျားရည်

ထောပတ်သီးအမှည့်တစ်ခြမ်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောပြီး မျက်နှာမှာ ထူထူလေးလိမ်းပေးကာ မိနစ်နှစ်ဆယ်အကြာမှာ ရေနွေးလေးနဲ့ပြန်ဆေးချပေးပါ။ အရေပြားကြွက်သားကိုပြန်လည်ကျစ်လစ်စေတာကြောင့် တွဲကျနေတဲ့ပါးပြင်ကိုပြန်ပြီးပင့်တင်ပေးပါတယ်။

(၂) နှိပ်နယ်ပါ

မျက်နှာပေါင်းတင်ပြီးရင် အစိုဓာတ်ဖြည့်ခရင်မ် ဒါမှမဟုတ် အဆီတစ်မျိုးမျိုး လိမ်းပြီးအပေါ်ဘက်ပင့်တင်ပြီး မိနစ်အနည်းငယ်နှိပ်နယ်ပေးပါ။ ပြီးရင် ရေခဲကို အဝတ်သန့်သန့်လေးနဲ့ထုပ်ပြီး အပေါ်ဘက်ပင့်တင်ပွတ်ပေးပါ။ ဒီလိုလုပ်တာက မျက်နှာအသားအရေကို အမြန်ဆုံးကျစ်လစ်စေပါတယ်။ တစ်ရက်ခြားတစ်ခါလောက် လုပ်ပေးနိုင်ပါတယ်။

(၃) အနွေးဓာတ်ပေးပါ

ရေတစ်ခွက်ထဲမှာ ဆားတစ်ဇွန်းထည့်ပြီး ဆူပွက်အောင်ကျိုကာ ပုဝါအသန့်တစ်ထည်ကို အဲ့ဒီအရည်ထဲမှာ နှစ်လိုက်ပြီး အရည်ညှစ်ကာ ပါးနှစ်မှာ မိနစ်အနည်းငယ်လောက် အုပ်ထားပေးပါ။ နှိပ်နယ်တဲ့ နည်းနဲ့ဒီအနွေးဓာတ်ပေးတဲ့နည်းကို တလှည့်စီလုပ်ပေးနိုင်ပါတယ်။

Credit to Original Writer

ပါးနှစ်ဖက်ဖောင်းပြီး တွဲကျနေတာကို ပြန်ပြီးမြှင့်တင် တင်းရင်းသွားစေမယ့် နည်းလမ်း (၃)ခု

မျက်နှာဘေးနှစ်ဖက်ပါးပြင်ဖောင်းပြီး တွဲကျနေတာက မျိုးရိုးလိုက်တာကြောင့်၊ အသက်အရွယ်ကြောင့်၊ ကိုယ်အလေးချိန်များလို့၊ အစိုဓာတ်ကောင်းကောင်းမဖြည့်လို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာဖောင်းနေပြီး ပါးနှစ်ဖက် ကတွဲကျနေရင် ပါးစပ်နားမှာ အရေးအကြောင်းတွေလည်း ပိုများပြီး မျက်နှာလည်း ပုံပျက်နေလို့ ကြည့်မကောင်းပါဘူး။ ဒီတော့ ဒီလိုမျိုးတွဲကျနေတဲ့ ပါးပြင်နှစ်ဖက်ကို ပြန်မြှင့်တင်ပြီး တင်းရင်းသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပေါင်းတင်ပေးပါ

လျော့တွဲနေတဲ့ အသားအရေကိုပြန်လည်ပြုပြင်ဖို့ဆိုရင် အခြေခံအကျဆုံးအချက်အနေနဲ့ ပေါင်းတင်ပေးဖို့ လိုပါတယ်။ အသားအရေကို ပင့်တင်ပေးနိုင်တဲ့ သဘာဝပေါင်းတင်နည်းလေးတွေကို လုပ်ပေးပါ။

ရှားစောင်းလက်ပပ်နဲ့ဒိန်ချဉ်

ရှားစောင်းလက်ပပ်အနှစ်နှစ်ဇွန်း၊ ဒိန်ချဉ်အသန့်တစ်ဇွန်းကိုရောပြီး မျက်နှာမှာ လိမ်းပေးကာ မိနစ်နှစ်ဆယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ မျက်နှာပေါ်က ဆဲလ်တွေကိုပြန်လည်ဖွဲ့စည်းစေပြီး အသားအရေကိုပြန်လည်ကျစ်လစ်စေပါတယ်။

ထောပတ်သီးနဲ့ပျားရည်

ထောပတ်သီးအမှည့်တစ်ခြမ်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောပြီး မျက်နှာမှာ ထူထူလေးလိမ်းပေးကာ မိနစ်နှစ်ဆယ်အကြာမှာ ရေနွေးလေးနဲ့ပြန်ဆေးချပေးပါ။ အရေပြားကြွက်သားကိုပြန်လည်ကျစ်လစ်စေတာကြောင့် တွဲကျနေတဲ့ပါးပြင်ကိုပြန်ပြီးပင့်တင်ပေးပါတယ်။

(၂) ႏွိပ္နယ္ပါ

မျက်နှာပေါင်းတင်ပြီးရင် အစိုဓာတ်ဖြည့်ခရင်မ် ဒါမှမဟုတ် အဆီတစ်မျိုးမျိုး လိမ်းပြီးအပေါ်ဘက်ပင့်တင်ပြီး မိနစ်အနည်းငယ်နှိပ်နယ်ပေးပါ။ ပြီးရင် ရေခဲကို အဝတ်သန့်သန့်လေးနဲ့ထုပ်ပြီး အပေါ်ဘက်ပင့်တင်ပွတ်ပေးပါ။ ဒီလိုလုပ်တာက မျက်နှာအသားအရေကို အမြန်ဆုံးကျစ်လစ်စေပါတယ်။ တစ်ရက်ခြားတစ်ခါလောက် လုပ်ပေးနိုင်ပါတယ်။

(၃) အနွေးဓာတ်ပေးပါ

ရေတစ်ခွက်ထဲမှာ ဆားတစ်ဇွန်းထည့်ပြီး ဆူပွက်အောင်ကျိုကာ ပုဝါအသန့်တစ်ထည်ကို အဲ့ဒီအရည်ထဲမှာ နှစ်လိုက်ပြီး အရည်ညှစ်ကာ ပါးနှစ်မှာ မိနစ်အနည်းငယ်လောက် အုပ်ထားပေးပါ။ နှိပ်နယ်တဲ့ နည်းနဲ့ဒီအနွေးဓာတ်ပေးတဲ့နည်းကို တလှည့်စီလုပ်ပေးနိုင်ပါတယ်။ #Crd