တခါက တိုင်းပြည်တပြည်မှာ အင်မတန် လှပချောမောတဲ့ မင်းသမီးလေး တပါး ရွိသတဲ့။ သူ့ကို လက်ထပ်ချင်တဲ့ မင်းညီမင်းသားတွေ သူဌေးသူကြွယ်တွေ အများကြီးပဲ တဲ့။
လက်ဆောင်ပဏ္ဏာတွေ အမျိုးမျိုးပေးပြီး လက်ထပ်ဖို့ လာရောက်ကမ်းလှမ်းတဲ့ သူတွေ များလွန်းလို့ မင်းသမီးလေးဟာ ပြသာဒ်မြင့်တခု အပေါ်မှာ တက်ပုန်းနေရ ပါသတဲ့။
ဒါပေမဲ့ တနေ့မှာတော့ မင်းသမီးဆီကို လူငယ်တယောက် ရောက်လာတယ်။ ဒီလူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ရွှေလင်ပန်းထဲမှာ ကျောက်သံပတ္တမြားတွေ အပြည့် ထည့်ပြီး သူ့ကို လက်ထပ်ခွင့် ပြုဖို့ တောင်းပန်တယ်။ ဒါပေမဲ့ ထုံးစံ အတိုင်းပဲ မင်းသမီးလေးက ငြင်းဆိုနေတဲ့ အတွက် နောက်ဆုံးမှာ ပြန်သွားရတယ်။
မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ဒီလူငယ်ဟာ မင်းသမီးလေးရဲ့ အဆောင်တော်ကို ရောက်လာ ပြန်တယ်။ ဒီတခါမှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာ အဖြစ် ငွေလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေ ထည့်ယူလာတယ်။
ဒီတခါ မှာလည်း မင်းသမီးလေးက လူငယ်ရဲ့ကမ်းလှမ်းချက်ကို အတင်း ငြင်းဆန်နေတဲ့ အတွက် လူငယ်ဟာ ပြန်သွားရပြန် ပါတယ်။
ဒါပေမဲ့ မကြာပါဘူး..။ မလျှော့သော ဇွဲလုံ့လတွေနဲ့ အတူ ယောက်ျားကောင်းတို့ထုံး နှလုံးမူလို့ ရက်အနည်းငယ် အတွင်း မွာပဲ လူငယ်ဟာ မင်းသမီးလေးဆီ ရောက်လာ ပြန်တယ်။ ဒီတခေါက် မှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ကြေးလင်ပန်းထဲမှာ ကြေးပြား အနည်းငယ်သာ ထည့်ပြီး ယူဆောင်လာခဲ့ ပါသတဲ့..။
လူငယ်ဟာ မင်းသမီးလေးဆီကို သုံးခေါက် လာရာမွာ တခေါက်နဲ့ တခေါက် လက်ဆောင်တွေက မတူပါဘူး။ တခေါက်ထက်တခေါက် လက်ဆောင် ပစ္စည်းတွေရဲ့ တန္ဖိုးဟာ တိုးမလာပဲ လျော့သထက် လျော့ပြီးသာ ယူဆောင်လာ နေပါတယ်။ ဒါကို မင်းသမီးလေးကလည်း သတိထားမိ ပါတယ်။
“တကယ်ဆိုရင် ပဌမ တခေါက်မှာ ငါ့ရဲ့မေတ္တာကို မရရင် ဒုတိယ တခေါက်မှာ ပိုပြီး အဖိုးတန်တဲ့ လက်ဆောင်ပစ္စည်းကို ယူလာရမွာ။ အခုတော့ တခေါက်ထက် တခေါက် ညံ့တဲ့ လက်ဆောင်ကိုပဲ ယူယူ လာနေတာ။ ဒါဟာ ငါ့ကို စော်ကားတာပဲ” လို့ မင်းသမီးလေးက တွေးတယ်။
ဒီလိုတွေးပြီး မင်းသမီးလေးက “ရှင် ဘယ္လိုလူလဲ၊ က်မကို မေလးမစား လုပ္တာလား။ တခေါက်ထက် တခေါက် ညံ့တဲ့လက်ဆောင်ကို ယူလာတာ ဘာသေဘာလဲ” လို့ မေးတယ်။ မင်းသမီးလေးက ဒီလို မေးတော့ လူငယ္က
“ကျနော် စော်ကားတာမဟုတ်ရပါဘူး။ အသင်မင်းသမီးလေးနဲ့ တကယ် ထိုက်တန်တဲ့ လက်ဆောင်ပဏ္ဏာ ကိုသာ ယူလာတာပါ” လို့ ပြန်ပြောသတဲ့။ ထိုအခါမွာ မင်းသမီးလေးဟာ ပိုဒေါသ ထွက်သွားတယ်။
“ဒါဆို ရှင်ဟာ ကျမအလှနဲ့ ကျမသိက္ခာကို စော်ကားတာပဲ” လို့ ဒေါသတကြီးနဲ့ အော်ပြောတယ်။ ထိုအခါ လူရွယ်က “ကျနော် စော်ကားတာ မဟုတ်ရပါဘူး။ အသင် မင်းသမီးလေးဟာ တနေ့ထက် တနေ့ လှသထက် လွလာတာမွ မဟုတ္တာ။
တနေ့ထက် တနေ့ အိုခြင်းတရားနဲ့ အတူ အလွအပေတြ ဟာလည်း လျော့လျော့ သွားနေတာပါ။ ဒီလို အလွေတြ လျော့သွားတာမို့ လို့လည်း ကျနော်က လက်ဆောင်ပစ္စည်းတွေကို တန္ဖိုး လျှော့ လျှော့ပြီး ယူလာခဲ့တာပါ” လို့ ပြန်ပြောလိုက် ပါတော့တယ်။
ဒီပုံပြင်လေးကို ဖတ်ပြီးရင် ရိုးရိုးလေးပဲ တွေးကြပါစို့။ ဘဝမွာ အလွဟာ မတည်မြဲတဲ့ အရာပါ။ နေ့စဉ်နဲ့အမျှ တန္ဖိုး ကျတတ်တဲ့ သဘောသဘာဝလည်း ရှိပါတယ်။ ဒါဆို ကိုယ်တို့တွေဟာ တနေ့ထက် တနေ့ တန်ဖိုးတွေပဲ လျော့လျော့ သွားကြရတော့မှာလား။
ဘဝရဲ့ နောက်ဆုံး အချိန်ကို ရောက်တဲ့အခါ ဘာတန္ဖိုးမွ မရှိတော့တဲ့ ထင်းအဖြစ် ဒီခန္ဓာကိုယ်ကို စွန့်ခွာသွားကြရ မွာလား။ ပညာဆိုတာ ဘဝကို အရှုံးမရှိအောင် ဖြတ်သန်းတဲ့ နေရာမှာသုံးဖို့ သင်ကြားတဲ့ အရာပါ။
နဲနဲလောက် ပညာရှင်ဆန်ဆန် တွေးကြရအောင်လား။ ကိုယ်တို့တွေ တခုခု ရှုံးနိမ့်သွားပေမယ့် တခုတော့ အမြတ်ရအောင် ပြန်ယူရမယ်လေ။
ဘဝမွာ အလွေတြ ဆုံးရှုံးသွားတယ် ဆိုပေမယ့် ကိုယ်တို့တွေရဲ့ စိတ်ဝိဉာဉ်ကို တနေ့ထက် တနေ့ တန်ဖိုးမြင့်လာအောင် ကြိုးစားကြမယ် ဆိုရင်ရော။ စိတ်ဝိဉာဉ်ဆိုတဲ့ အရာကိုတော့ အိုမင်းလာတာနဲ့ အမွ် တန်ဖိုးတွေ တက်လာအောင် ကြိုးစားနိုင်ခဲ့မယ် ဆိုရင် ကိုယ်တို့တွေ ရှုံးတယ်လို့ ပြောလို့ ဘယ်ရမှာလဲ။
ဒါဆို ပုံပြင်ထဲက လူငယ္လို ကြေးခွက်နဲ့ ကိုယ့်ကို လာကမ်းလှမ်းတဲ့အခါ ရဲရဲဝံ့ဝံ့ လက်မထောင်ပြီး ပြန်ပြောလို့ ရပြီလေ။ က်မမွာ ရုပ်အလှက တန္ဖိုး ကျသွားပေမယ့် စိတ်အလှ ကေတာ့ အရင်ကထက် ပိုပြီးတန်ဖိုး မြင့်သွားပြီ။ အဲဒီတော့ ရှင့်ရဲ့လက်ဆောင်ပစ္စည်း ကိုလည်း ပိုပိုပြီး တန်ဖိုးမြင့်တာ ယူဆောင်လာ သင့်တယ် လို့ ပြန်ပြောလို့ ရနိုင်တာပေါ့။
ဘဝမွာ တနေ့ထက်တနေ့ တန္ဖိုးက်သြားတဲ့ မိန်းကလေးတယောက် မဖြစ်ပါစေနဲ့။ ဒီနေ့မှာ ရွှေခွက်နဲ့ ကမ်းလှမ်း ခံရရင်တောင် နောက်တနေ့မှာ စိန္စီထားတဲ့ ခွက်နဲ့ ကမ်းလှမ်းခံရတဲ့ မိန်းကလေးတယောက် ဖြစ်အောင် အမြဲ ကြိုးစားပါ။
ရုပ်အလှ စိတ်အလှ ပညာပြည့်ဝ၍ လွေသာ နှလုံးအလှ သုံးဝတို့နှင့် ပြည့်စုံ၍ လောကအလယ် တင့်တယ် လန်းဆန်းသော အဖိုးတန် ပန်းကလေးအဖြစ် မွှေးပျံ့ထုံသင်း ဂုဏ်သတင်း မွှေးပါစေ လို့ ဆန္ဒပြုရင်း။ #Crd