ယနေ့ခေတ်ချိန်ခါမှာ လူကြီး၊လူငယ် ကျား/မ အကုန်လုံးမှာ ဖုန်းအသုံးမပြုတဲ့ သူမရှိသလောက်ပါပဲ။အကြောင်းတစ်ခုခုကြောင့်တော့ ဖုန်းကို မလွှဲမရှောင်သာ အသုံးပြုနေကြရတာပဲဖြစ်ပါတယ်။
မရှောင်လွှဲနိုင်တဲ့အခြေအနေကြီးမှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကိုသိမ်းပိုက်ထားတာမျိုး မဖြစ်ရလေအောင် ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကိုအခုလို ဖော်ပြပေး လိုက်ရပါတယ်။
၎င်းအချိန်တွေမှာ ဖုန်း အသုံးမပြုဖြစ်အောင် ဆင်ခြင်ရာကနေ ရရှိလာမယ့် ..အကျိုးကျေးဇူးလေးတွေကို ပြောပြပေးသွားမှာပါနော်
နံပါတ်(၁)
နံနက်အိပ်ယာနိုးနိုးချင်း လူအတော်များများကတော့ ပုံမှန်လုပ်မြဲ အလုပ်တစ်ခုလို ဖုန်းကို အရင်ဆုံးသုံးလေ့ရှိကြပါ တယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းဖို့ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။
နိုးနိုးချင်း အိပ်ယာထဲမှာ ဆက်လှဲနေပြီး ဖုန်းနဲ့အချိန်ကုန် လိုက်ခြင်းကလူကို လေးလံသွားစေသလို facebook ကြည့်တတ်ကြတဲ့သူ တွေအတွက် ၎င်းကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့တဲ့အခါ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ပေးမှာပဲ ဖြစ်ပါတယ်။
အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုပဲ ဝရန်တာ ထွက်ပြီး လေအဝရှုလိုက်တာ၊ ပတ်ဝန်းကျင်ကိုကြည့် လိုက်တာမျိုးက စိတ်လန်းဆန်း မှုနဲ့တက်ကြွမှုကို ရစေမှာပဲဖြစ်ပါတယ်။
နံပါတ်(၂)
အစားအသောက် စားချိန်မှာဖုန်းအသုံး မပြုပဲ အစားအသောက်ကို အာရုံစိုက်စားတာ မျိုးလုပ်သင့်ပါတယ်။အစားအသောက် ကပေးတဲ့ အစာစွမ်းအင်မျိုး၊
အစာစားချင်စိတ်ကို ပုံမှန်ဖြစ်စေတာမျိုးနဲ့ အစာခြေစနစ် ကောင်းမွန်ဖို့အတွက် အစားအသောက် အပေါ်ပဲ အာရုံစိုက်ပြီး စားနေဖို့ လိုအပ်ပါတယ်။
အစား အသောက်ကပေးတဲ့ အရသာကို သေသေချာချာခံစားနိုင်မှု ကလည်း အစားအသောက် ကို အာရုံစိုက်စားခြင်း မျိုးကနေ ရနိုင်တာပဲဖြစ်ပါတယ်။
နံပါတ်(၃)
ညအိပ်ယာဝင်ချိန်ပါ။ မနက်အိပ်ယာနိုးချိန်မှာ ကြည်ကြည် လင်လင်နိုးဖို့အတွက် ညအိပ်ယာ ဝင်ချိန်မှာခေါင်းရှင်းရှင်း လင်းလင်းနဲ့ အိပ်ပျော်ဖို့အရေး ကြီးပါတယ်။
ဖုန်းအသုံးပြုနေရင်း အိပ်ပျော်သွားတာမျိုး၊ facebook အသုံးပြုနေရင်း အိပ်ခါနီး ဝမ်းနည်းစရာသတင်းတွေ တက်လာတာမျိုး၊
စိတ်ညစ်စရာတွေ တွေ့လိုက်ရတာမျိုးက အိပ်စက်ခြင်း ကို အနှောင့်အယှက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ဦးနှောက်ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။
အဲ့ဒီအစား ဖုန်းကို အသုံးမပြုပဲ အိပ်စက်တာမျိုးက အိပ်စက်ခြင်းကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝရစေမှာပဲ ဖြစ်ပါတယ်။
နံပါတ်(၄)
အလုပ်လုပ်ချိန်။ အလုပ်လုပ်တဲ့ အချိန်တွေက ဖုန်းတွေ အသုံးမပြုလေ ကောင်းလေပါပဲ။အလုပ်နဲ့ပတ်သတ်တာ တွေ ဖုန်းနဲ့ ဆက်သွယ်တာမျိုးကလွဲရင် အလုပ်ချိန် မှာ ဖုန်းသုံးတာက
သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာမျိုးထက် တစ်ခါ တလေ ထိုင်းမှိုင်းသွားစေ တတ်ပါတယ်။အလုပ်လုပ်နိုင်စွမ်းကိုလည်း နှေးကွေးသွားစေနိုင်ပါတယ်။အလုပ်ချိန်မှာ အလုပ်ကို အာရုံစိုက်တာက အကောင်းဆုံးပါပဲ..။
နံပါတ်(၅)
လမ်းသွားတဲ့အချိန် လမ်းလျှောက်နေရင်းဖုန်းသုံးတာက တကယ့်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါပဲ။ ဖုန်းကို အာရုံစိုက် ပြီး ငုံ့သုံးနေတဲ့အတွက် ယာဉ်အန္တရာယ်တွေအပြင် အခြားအန္တရာယ်တွေကိုလည်း ကြုံရနိုင်ပါတယ်။
ဒါ့အပြင် မသမာသူတွေရဲ့ ဖုန်းလုတာမျိုးတွေကိုပါ ရင်ဆိုင်ရတတ်တာကြောင့် လမ်းသွားနေတဲ့အချိန်မှာ ဖုန်း(လုံးဝ)မသုံးသင့်ပါဘူးနော် ။
လေးစားစွာဖြင့် #Crd – မူရင်းရေးသားသူ



