Life Style

မောင်နှမတွေထဲမှာ ကြီးစဉ်ငယ်လိုက် ကိုယ်စီရှိတတ်တဲ့စရိုက် လက္ခဏာလေးများ

မောင်နှမတွေထဲမှာ ကြီးစဉ်ငယ်လိုက် ကိုယ်စီရှိတတ်တဲ့စရိုက်လက္ခဏာလေးများ

၁။ အကြီးဆုံး

များသောအားဖြင့် အကြီးဆုံးသားသမီးတွေဟာ ရှေးရိုးဆန်ကြတယ်။ အငယ်တွေအပေါ် သြ ဇာကြီးတယ်။ ကိစ္စရပ်တွေမှာ အမြဲဦးဆောင်ကြရတယ်။သူတို့ထက်ငယ်တဲ့မောင်နှမတွေအတွက် တာဝန်တွေယူပေးကြရလေ့ရှိပါတယ်။

ဒါ့အပြင် မိဘတွေရဲ့ပထမဆုံးအချစ်နဲ့ ပြိုင်ဘက်မရှိတဲ့ ဂရုစိုက်မှု တွေကို အရင်ဆုံးခံစားခွင့်ရခဲ့ကြတာကြောင့် များသောအားဖြင့် စိတ်သဘောထားကြီးကြပါတယ်။

၂။ အလတ်

မောင်နှမတွေထဲ အလတ်ဖြစ်သူတွေဟာ အရှေ့မှာ အစ်ကို၊ အစ်မရှိပြီးဖြစ် တာကြောင့် ဘာပဲလုပ်လုပ် အကြီးတွေကို ကျော်နိုင်ဖို့ကြိုးစားရုန်းကန်ကြရလေ့ရှိတယ်။ ဒါကြောင့် ကြီးပွားလိုစိတ်ရှိကြပြီးတစ်ကိုယ်ကောင်းစိတ် နည်းပါးကြတယ်။ဖြောင့်မတ်ပြီး လုံ့လဝီရိယရှိကြတယ်။

ဘဝရဲ့ပန်းတိုင်တွေကိုမတန်တဆ မြင့်မြင့်မားမားချမှတ်ကြလေ့ရှိတာကြောင့် ကျဆုံးမှုလေးတွေကို လည်း ကြုံကြရတယ်။ဒါပေမဲ့ သူတို့က အခက်အခဲတွေကို ဘယ်လိုကြံ့ခိုင်စွာဖြတ်ကျော်ရမယ်ဆိုတာ ကိုလည်း ကောင်းကောင်းသိကြသူတွေဖြစ်ပါတယ်။

၃။ အငယ်ဆုံး

မောင်နှမတွေထဲမှာ အငယ်ဆုံးလေးတွေဟာ မိဘနဲ့ အစ်ကိုအစ်မတွေရဲ့ ဂရုစိုက်မှုတွေကို အခံရဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အတွေ့အကြုံလည်းနည်းပါးပြီး လွတ်လပ် ခွင့်လည်း သိပ်မရကြပါဘူး။

သူတို့တွေဟာ ရှေ့က အကြီးတွေကို ဖြတ်ကျော်ဖို့ အမြဲလှုံ့ဆော်ခံကြရတဲ့ အတွက် သူတို့ရွေးချယ်တဲ့နယ်ပယ်ရပ်တိုင်းမှာ အသိအမှတ်ပြုခံရပြီး ကြီးမားတဲ့အောင်မြင်မှုတွေနဲ့မှတ်ကျောက်တင်ခံရလေ့ရှိကြတယ်။

အထူးသဖြင့် အမြန်ဆုံးအားကစားသမားတွေ၊အကောင်းဆုံး ဂီတပညာရှင်တွေဟာ အငယ်ဆုံးတွေပါ။ သူတို့တွေဟာ ပွင့်လင်းဖော်ရွေတတ်ပြီး အကြီးတွေထက် တာဝန်ယူမှုနည်းပါးတဲ့အတွက် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်ကျော်တတ်ကြတယ်။

၄။ တစ်ဦးတည်းသော သားသမီး

တစ်ဦးတည်းသောသားသမီးတွေဟာ မိဘတွေဆီက အချစ်တွေ၊ ဂရုစိုက်မှု တွေကို့ စုပြုံရရှိကြတာမို့ တခြားသူတွေဆီကလည်း ဂရုစိုက်မှုတွေကို မျှော်လင့်ကြတယ်။ သူတပါးကို အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုဦးဆောင်နိုင်ကြတယ်။

အမြဲဖြည့်ဆည်းပေးတာခံယူလာရတဲ့အတွက် ဘာမဆို ပြီးပြည့်စုံတဲ့အခြေအနေကိုပဲ လက်ခံချင်တဲ့အမူအကျင့်လေးတွေရှိတတ်ကြတယ်။ သူတို့လို ချင်တာရဖို့ကိုလည်း ဦးစားပေးတတ်ကြတယ်။ ဒါ့အပြင် စိုးရိမ်ကြောက်လန့်တတ်ပြီး အပေါင်းအသင်း လည်း ခုံမင်တတ်ကြပါတယ်။

စာချစ်သူတို့ရေ

လေ့လာတွေ့ရှိမှုတွေအရဆိုရင် အကြီးဆုံးသား၊ သမီးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့အပြုအမူတွေရှိတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ စိတ်တည်ငြိမ်မှုနဲ့ စိတ်ကူးဉာဏ်ထက်မြက်ခြင်းတွေကတော့ မောင်နှမတွေထဲအကြီ ဖြစ်ခြင်း၊ အငယ်ဖြစ်ခြင်းစတာတွေနဲ့ မသက် ဆိုင်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

သေချာတာက ဒီသုံးသပ်မှုတွေဟာယေဘူယျသဘောမျှသာဖြစ်ပါ တယ်။ တသမတ်တည်း ဖြစ်ပေါ်လာမှာလို့ မပြောနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေး၊ မိဘတွေရဲ့သွန်သင်ဆုံးမမှုကလည်း ကြီးပြင်းလာတဲ့ဘဝကို ရိုက်ခတ် ပုံဖော်ပေးနိုင်တာကို သတိပြုသင့်ပါတယ်။

ဒီစာကိုဖတ်ရှု့သူ စာဖတ်မိတ်ဆွေများအပြုသဘောဆောင်ခြင်းဖြင့်သာဖတ်ရှု့ပါ။တချို့မောင်နှမတွေမှာ အကြီးနဲ့အငယ်ကသဘော ထားကွဲလွဲမှု့တွေရှိတက်ပါတယ်။

စာသားနဲ့ကိုက်ညီတဲ့ မောင်နှမတွေရှိသလို စာသားနဲ့မကိုက်ညီတဲ့ မောင်နှမ တွေလဲရှိတက်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် မောင်နှမတွေထဲမှာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အပြန်အလှန် မေတ္တာထားသဘောထား ကြီးအောင်လို့ ဒီစာလေးဖြင့်စုတောင်းပေပါရစေ စာသားလေးမှာအမှားပါတာရှိရင် ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ..

Credit -GandaWinMagazine

Zawgyi. .

ေမာင္ႏွမေတြထဲမွာ ႀကီးစဥ္ငယ္လိုက္ ကိုယ္စီရွိတတ္တဲ့စရိုက္လကၡဏာေလးမ်ား

၁။ အႀကီးဆုံး

မ်ားေသာအားျဖင့္ အႀကီးဆုံးသားသမီးေတြဟာ ေရွးရိုးဆန္ၾကတယ္။ အငယ္ေတြအေပၚ ၾသ ဇာႀကီးတယ္။ ကိစၥရပ္ေတြမွာ အၿမဲဦးေဆာင္ၾကရတယ္။သူတို႔ထက္ငယ္တဲ့ေမာင္ႏွမေတြအတြက္ တာဝန္ေတြယူေပးၾကရေလ့ရွိပါတယ္။

ဒါ့အျပင္ မိဘေတြရဲ႕ပထမဆုံးအခ်စ္နဲ႕ ၿပိဳင္ဘက္မရွိတဲ့ ဂ႐ုစိုက္မႈ ေတြကို အရင္ဆုံးခံစားခြင့္ရခဲ့ၾကတာေၾကာင့္ မ်ားေသာအားျဖင့္ စိတ္သေဘာထားႀကီးၾကပါတယ္။

၂။ အလတ္

ေမာင္ႏွမေတြထဲ အလတ္ျဖစ္သူေတြဟာ အေရွ႕မွာ အစ္ကို၊ အစ္မရွိၿပီးျဖစ္ တာေၾကာင့္ ဘာပဲလုပ္လုပ္ အႀကီးေတြကို ေက်ာ္နိုင္ဖို႔ႀကိဳးစား႐ုန္းကန္ၾကရေလ့ရွိတယ္။ ဒါေၾကာင့္ ႀကီးပြားလိုစိတ္ရွိၾကၿပီးတစ္ကိုယ္ေကာင္းစိတ္ နည္းပါးၾကတယ္။ေျဖာင့္မတ္ၿပီး လုံ႕လဝီရိယရွိၾကတယ္။

ဘဝရဲ႕ပန္းတိုင္ေတြကို မတန္တဆ ျမင့္ျမင့္မားမားခ်မွတ္ၾကေလ့ရွိတာေၾကာင့္ က်ဆဳံးမႈေလးေတြကို လည္း ႀကဳံၾကရတယ္။ဒါေပမဲ့ သူတို႔က အခက္အခဲေတြကို ဘယ္လိုႀကံ့ခိုင္စြာျဖတ္ေက်ာ္ရမယ္ဆိုတာ ကိုလည္း ေကာင္းေကာင္းသိၾကသူေတြျဖစ္ပါတယ္။

၃။ အငယ္ဆုံး

ေမာင္ႏွမေတြထဲမွာ အငယ္ဆုံးေလးေတြဟာ မိဘနဲ႕ အစ္ကိုအစ္မေတြရဲ႕ ဂ႐ုစိုက္မႈေတြကို အခံရဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္အေတြ႕အႀကဳံလည္းနည္းပါးၿပီး လြတ္လပ္ ခြင့္လည္း သိပ္မရၾကပါဘူး။

သူတို႔ေတြဟာ ေရွ႕က အႀကီးေတြကို ျဖတ္ေက်ာ္ဖို႔ အၿမဲလႈံ႕ေဆာ္ခံၾကရတဲ့ အတြက္ သူတို႔ေ႐ြးခ်ယ္တဲ့နယ္ပယ္ရပ္တိုင္းမွာ အသိအမွတ္ျပဳခံရၿပီး ႀကီးမားတဲ့ေအာင္ျမင္မႈေတြနဲ႕မွတ္ေက်ာက္တင္ခံရေလ့ရွိၾကတယ္။

အထူးသျဖင့္ အျမန္ဆုံးအားကစားသမားေတြ၊အေကာင္းဆုံး ဂီတပညာရွင္ေတြဟာ အငယ္ဆုံးေတြပါ။ သူတို႔ေတြဟာ ပြင့္လင္းေဖာ္ေ႐ြတတ္ၿပီး အႀကီးေတြထက္ တာဝန္ယူမႈနည္းပါးတဲ့အတြက္ ဘဝကို ေပါ့ေပါ့ပါးပါးျဖတ္ေက်ာ္တတ္ၾကတယ္။

၄။ တစ္ဦးတည္းေသာ သားသမီး

တစ္ဦးတည္းေသာသားသမီးေတြဟာ မိဘေတြဆီက အခ်စ္ေတြ၊ ဂ႐ုစိုက္မႈ ေတြကို႔ စုၿပဳံရရွိၾကတာမို႔ တျခားသူေတြဆီကလည္း ဂ႐ုစိုက္မႈေတြကို ေမွ်ာ္လင့္ၾကတယ္။ သူတပါးကို အမွီအခိုကင္းၿပီး ကိုယ့္ကိုယ္ကိုဦးေဆာင္နိုင္ၾကတယ္။

အၿမဲျဖည့္ဆည္းေပးတာခံယူလာရတဲ့အတြက္ ဘာမဆို ၿပီးျပည့္စုံတဲ့အေျခအေနကိုပဲ လက္ခံခ်င္တဲ့အမူအက်င့္ေလးေတြရွိတတ္ၾကတယ္။ သူတို႔လို ခ်င္တာရဖို႔ကိုလည္း ဦးစားေပးတတ္ၾကတယ္။ ဒါ့အျပင္ စိုးရိမ္ေၾကာက္လန့္တတ္ၿပီး အေပါင္းအသင္း လည္း ခုံမင္တတ္ၾကပါတယ္။

စာခ်စ္သူတို႔ေရ…

ေလ့လာေတြ႕ရွိမႈေတြအရဆိုရင္ အႀကီးဆုံးသား၊ သမီးေတြဟာ ဉာဏ္ရည္ျမင့္မားတဲ့အျပဳအမူေတြရွိတယ္လို႔လည္း ဆိုၾကပါတယ္။ ဒါေပမဲ့သိပၸံပညာရွင္ေတြကေတာ့ စိတ္တည္ၿငိမ္မႈနဲ႕ စိတ္ကူးဉာဏ္ထက္ျမက္ျခင္းေတြကေတာ့ ေမာင္ႏွမေတြထဲအႀကီ ျဖစ္ျခင္း၊ အငယ္ျဖစ္ျခင္းစတာေတြနဲ႕ မသက္ ဆိုင္နိုင္ဘူးလို႔ သုံးသပ္ၾကပါတယ္။

ေသခ်ာတာက ဒီသုံးသပ္မႈေတြဟာေယဘူယ်သေဘာမွ်သာျဖစ္ပါ တယ္။ တသမတ္တည္း ျဖစ္ေပၚလာမွာလို႔ မေျပာနိုင္ပါဘူး။ လူတစ္ေယာက္ရဲ႕ ငယ္စဥ္ဘဝမွာ မိဘနဲ႕ သားသမီးၾကားက ဆက္ဆံေရး၊ မိဘေတြရဲ႕သြန္သင္ဆုံးမမႈကလည္း ႀကီးျပင္းလာတဲ့ဘဝကို ရိုက္ခတ္ ပုံေဖာ္ေပးနိုင္တာကို သတိျပဳသင့္ပါတယ္။

ဒီစာကိုဖတ္ရႈ႕သူ စာဖတ္မိတ္ေဆြမ်ားအျပဳသေဘာေဆာင္ျခင္းျဖင့္သာဖတ္ရႈ႕ပါ။တခ်ိဳ႕ေမာင္ႏွမေတြမွာ အႀကီးနဲ႕အငယ္ကသေဘာ ထားကြဲလြဲမႈ႕ေတြရွိတက္ပါတယ္။

စာသားနဲ႕ကိုက္ညီတဲ့ ေမာင္ႏွမေတြရွိသလို စာသားနဲ႕မကိုက္ညီတဲ့ ေမာင္ႏွမ ေတြလဲရွိတက္ပါတယ္။

ဘယ္လိုဘဲျဖစ္ျဖစ္ ေမာင္ႏွမေတြထဲမွာ ႀကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ အျပန္အလွန္ ေမတၱာထားသေဘာထား ႀကီးေအာင္လို႔ ဒီစာေလးျဖင့္စုေတာင္းေပပါရေစ စာသားေလးမွာအမွားပါတာရွိရင္ ခြင့္လႊတ္ေပးပါလို႔ ေမတၱာရပ္ခံအပ္ပါတယ္ခင္ဗ်ာ..

Credit -GandaWinMagazine