က်န္းမာေရးအတြက္ အေရးႀကီးသည့္ မိန္းမကိုယ္ကို မလုပ္သင့္သည့္အရာမ်ား
( ၁ ) ႁပြတ္နဲ႔ထိုးသြင္းၿပီး ေရမေဆးရ
တစ္ခ်ိဳ႕က Douching Advice ( ေရႁပြတ္ကဲ့သို႔ေသာ ) အရာမ်ားသုံးၿပီး ေယာနိ အတြင္းပိုင္းကို ထိုးသြင္းကာ သန႔္ရွင္းေရး လုပ္ၾကပါ
တယ္ ။ ပိုးသတ္ သန႔္စင္ထားေၾကာင္း ေၾကျငာ ထားရင္လည္း အသုံးျပဳဖို႔ မသင့္ပါဘူး ။ သားအိမ္ အတြင္းပိုင္းဟာ အရမ္းႏူးညံၿပီး pH ပမာဏ လြန္ကဲတဲ့ ေရနဲ႔ ေတြ႕ရင္ ပ်က္စီး တတ္သလို အျခားေဘးထြက္ ဆိုးက်ိဳးေတြလည္း ရွိပါတယ္ ။
( ၂ ) လက္ျဖစ္ ေဆးဝါးမ်ား မသုံးရ
တစ္ခ်ိဳ႕ေတြက ရာသီလာတဲ့အခါမ်ိဳးမွာ အဂၤါေရာင္ရမ္းမႈကို သက္သာေစဖို႔ ေပါင္းျမက္နဲ႔ အုံျခင္း၊ လက္ဖက္ေျခာက္အဖန္ ရည္နဲ႔ ေဆးျခင္း၊ ေရခဲသြင္းျခင္းမ်ား လုပ္တတ္ၾကပါတယ္။ ဒါေတြကို လုံး၀ ေရွာင္ရွားရမယ္ဆိုတာာ အမ်ိဳးသမီးတိုင္း သိ ေစခ်င္ပါတယ္ ။
( ၃ ) အရာဝတၳဳမ်ားနဲ႔ က်ဥ္းေျမာင္းေအာင္ မျပဳလုပ္ရ
လင္ေယာက္်ားရဲ႕ အလိုကိုလိုက္ၿပီး အရာဝတၳဳ၊ ေဖာ့၊ စကၠဴအစရွိတဲ့ ပစၥည္းေတြသုံးၿပီး လမ္းေၾကာင္း က်ဥ္းေျမာင္းေအာင္ လုပ္ျခင္း၊ ေ
က်ာက္ခ်ဥ္ကဲ့သို႔ေသာ အရာမ်ား လိမ္းျခင္းဟာ သားအိမ္ေခါင္းကင္ဆာကိုေတာင္ ျဖစ္ေစႏိုင္သည္အထိ ျဖစ္ေစပါတယ္ ။
( ၄ ) ပရေဆးမ်ား မသုံးရ
ပရေဆးေတြနဲ႔ ဟုတ္ႏိုးႏိုးျဖင့္ အဂၤါကို လိမ္းျခင္း၊ မိမိဘာသာ တက္သေလာက္ မွတ္သေလာက္ လုပ္ျခင္းေတြကို ေရွာင္ရပါမယ္ ။ ေရာဂါဆိုးေတြ ေပးတဲ့အရာေတြ ျဖစ္ပါတယ္ ။
( ၅ ) လိင္ဆက္ဆံၿပီး ခ်က္ခ်င္းအေပါ့သြားျခင္းမျပဳရ
လိင္ ဆက္ဆံၿပီးတာနဲ႔ ခ်က္ခ်င္း အေပါ့သြားတာကို ေရွာင္ရွားရပါမယ္ ။ အေၾကာင္းကေတာ့ ဆီးထဲမွာ အႏၲရာယ္ေပးႏိုင္တဲ့ ေရာဂါပိုးေတြ ပါဝင္လို႔ လက္လက္ဆက္ဆက္ ပြန္းပဲ့ဒဏ္ရာရထားတဲ့ လမ္းေၾကာင္းႂကြက္သားနဲ႔ ထိေတြ႕ရင္ ေရာဂါ ရေစႏိုင္ပါတယ္ ။
ဘယ္လို … သန႔္ရွင္းေရးလုပ္ရမလဲ … ?
( ၁ ) pH ပမာဏ 4.5 ထက္မနည္း 8 ထက္မပိုေသာ Feminine Care Product မ်ားကို သုံးပါ
Feminine Care Product မ်ားကို ေ႐ြးခ်ယ္ဝယ္ယူတဲ့အခါမွာလည္း က်န္းမာေရးစံၫႊန္းႏွင့္ ကိုက္ညီေသာ (ဥပမာ – pH Care ကဲ့သို႔) ပစၥည္းမ်ားကို ေ႐ြးခ်ယ္အသုံးျပဳပါ။
( ၂ ) ေရေႏြးနဲ႔ ေဆးပါ
ေရေႏြးနဲ႔ အျပင္ကေန သန႔္ရွင္းေအာင္ ေဆးႏိုင္ပါတယ္။ ေရပန္းနဲ႔ ခပ္ျပင္းျပင္းေလး ပန္းၿပီးေပါ့။ လက္နဲ႔မပြတ္ရင္ေတာင္ အဲဒီနည္းက သန႔္ရွင္းစင္ၾကယ္ေစပါတယ္။
( ၃ ) က်န္းမာေရးၫႊန္းကိန္းနဲ႔ ေလွ်ာ္ညီေသာ လစဥ္သုံးပစၥည္းကို သုံးပါ
အခ်ိဳု႔ပစၥည္းေတြဟာ ေရာင္းေကာင္းဖို႔ အဓိကထား ထုတ္ပိုးထားတာျဖစ္ပါတယ္ ။ ဘယ္က်န္းမာေရးဌာနကမွ ေထာက္ခံထားတာမ်ိဳး မရွိပါဘူး။ ဒီလိုမ်ိဳးပစၥည္းမ်ိဳးကို မိမိတို႔ဘာသာ ဆန္းစစ္ဖို႔ လိုပါတယ္ ။
( ၄ ) ပိုးသတ္ထားတဲ့ အဝတ္နဲ႔ ေရွ႕ေနာက္ အေပၚေအာက္ သုတ္ေပးပါ
ေရေမြး၊ ဓာတုဓာတ္ေပါင္းေတြ ပါဝင္တဲ့ တစ္ရႉး/စကၠဴ စတာေတြ လုံး၀ မသုံးရပါ ။ ပိုးသတ္ထားတဲ့ အဝတ္နဲ႔ ေရွ႕ေနာက္အေပၚေအာက္ သုတ္ေပးႏိုင္ပါတယ္ ။
( ၅ ) ဝါခ်ည္စစ္စစ္နဲ႔ျပဳလုပ္ထားတဲ့ အတြင္းခံအထည္မ်ားကို ေ႐ြးခ်ယ္ဝတ္ဆင္ပါ
ဝါခ်ည္နဲ႔ျပဳလုပ္ထားျခင္းေၾကာင့္ အျခား ဓာတုေဆးေတြ မပါဝင္ပါဘူး။ အျခား စြပ္က်ယ္ကဲ့သို႔ေသာ ကုန္ၾကမ္းေတြနဲ႔ ထုတ္လုပ္ထားတဲ့ အတြင္းခံေတြမွာ ဓာတုပစၥည္း အေျမာက္အမ်ားပါဝင္လို႔ ဆိုးက်ိဴးကို ျဖစ္ေစေၾကာင္း သတိေပးလိုက္ပါ ရေစ ။
မ ဒီ ေလး ( S h w e m o m )
unicode
ကျန်းမာရေးအတွက် အရေးကြီးသည့် မိန်းမကိုယ်ကို မလုပ်သင့်သည့်အရာများ
( ၁ ) ပြွတ်နဲ့ထိုးသွင်းပြီး ရေမဆေးရ
တစ်ချို့က Douching Advice ( ရေပြွတ်ကဲ့သို့သော ) အရာများသုံးပြီး ယောနိ အတွင်းပိုင်းကို ထိုးသွင်းကာ သန့်ရှင်းရေး လုပ်ကြပါတယ် ။ ပိုးသတ် သန့်စင်ထားကြောင်း ကြေငြာ ထားရင်လည်း အသုံးပြုဖို့ မသင့်ပါဘူး ။ သားအိမ် အတွင်းပိုင်းဟာ အရမ်းနူးညံပြီး pH ပမာဏ လွန်ကဲတဲ့ ရေနဲ့ တွေ့ရင် ပျက်စီး တတ်သလို အခြားဘေးထွက် ဆိုးကျိုးတွေလည်း ရှိပါတယ် ။
( ၂ ) လက်ဖြစ် ဆေးဝါးများ မသုံးရ
တစ်ချို့တွေက ရာသီလာတဲ့အခါမျိုးမှာ အင်္ဂါရောင်ရမ်းမှုကို သက်သာစေဖို့ ပေါင်းမြက်နဲ့ အုံခြင်း၊ လက်ဖက်ခြောက်အဖန် ရည်နဲ့ ဆေးခြင်း၊ ရေခဲသွင်းခြင်းများ လုပ်တတ်ကြပါတယ်။ ဒါတွေကို လုံး၀ ရှောင်ရှားရမယ်ဆိုတာာ အမျိုးသမီးတိုင်း သိ စေချင်ပါတယ် ။
( ၃ ) အရာဝတ္ထုများနဲ့ ကျဉ်းမြောင်းအောင် မပြုလုပ်ရ
လင်ယောက်ျားရဲ့ အလိုကိုလိုက်ပြီး အရာဝတ္ထု၊ ဖော့၊ စက္ကူအစရှိတဲ့ ပစ္စည်းတွေသုံးပြီး လမ်းကြောင်း ကျဉ်းမြောင်းအောင် လုပ်ခြင်း၊ ကျောက်ချဉ်ကဲ့သို့သော အရာများ လိမ်းခြင်းဟာ သားအိမ်ခေါင်းကင်ဆာကိုတောင် ဖြစ်စေနိုင်သည်အထိ ဖြစ်စေပါတယ် ။
( ၄ ) ပရဆေးများ မသုံးရ
ပရဆေးတွေနဲ့ ဟုတ်နိုးနိုးဖြင့် အင်္ဂါကို လိမ်းခြင်း၊ မိမိဘာသာ တက်သလောက် မှတ်သလောက် လုပ်ခြင်းတွေကို ရှောင်ရပါမယ် ။ ရောဂါဆိုးတွေ ပေးတဲ့အရာတွေ ဖြစ်ပါတယ် ။
( ၅ ) လိင်ဆက်ဆံပြီး ချက်ချင်းအပေါ့သွားခြင်းမပြုရ
လိင် ဆက်ဆံပြီးတာနဲ့ ချက်ချင်း အပေါ့သွားတာကို ရှောင်ရှားရပါမယ် ။ အကြောင်းကတော့ ဆီးထဲမှာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးတွေ ပါဝင်လို့ လက်လက်ဆက်ဆက် ပွန်းပဲ့ဒဏ်ရာရထားတဲ့ လမ်းကြောင်းကြွက်သားနဲ့ ထိတွေ့ရင် ရောဂါ ရစေနိုင်ပါတယ် ။
ဘယ်လို … သန့်ရှင်းရေးလုပ်ရမလဲ … ?
( ၁ ) pH ပမာဏ 4.5 ထက်မနည်း 8 ထက်မပိုသော Feminine Care Product များကို သုံးပါ
Feminine Care Product များကို ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ကျန်းမာရေးစံညွှန်းနှင့် ကိုက်ညီသော (ဥပမာ – pH Care ကဲ့သို့) ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။
( ၂ ) ရေနွေးနဲ့ ဆေးပါ
ရေနွေးနဲ့ အပြင်ကနေ သန့်ရှင်းအောင် ဆေးနိုင်ပါတယ်။ ရေပန်းနဲ့ ခပ်ပြင်းပြင်းလေး ပန်းပြီးပေါ့။ လက်နဲ့မပွတ်ရင်တောင် အဲဒီနည်းက သန့်ရှင်းစင်ကြယ်စေပါတယ်။
( ၃ ) ကျန်းမာရေးညွှန်းကိန်းနဲ့ လျှော်ညီသော လစဉ်သုံးပစ္စည်းကို သုံးပါ
အချိုု့ပစ္စည်းတွေဟာ ရောင်းကောင်းဖို့ အဓိကထား ထုတ်ပိုးထားတာဖြစ်ပါတယ် ။ ဘယ်ကျန်းမာရေးဌာနကမှ ထောက်ခံထားတာမျိုး မရှိပါဘူး။ ဒီလိုမျိုးပစ္စည်းမျိုးကို မိမိတို့ဘာသာ ဆန်းစစ်ဖို့ လိုပါတယ် ။
( ၄ ) ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက် အပေါ်အောက် သုတ်ပေးပါ
ရေမွေး၊ ဓာတုဓာတ်ပေါင်းတွေ ပါဝင်တဲ့ တစ်ရှူး/စက္ကူ စတာတွေ လုံး၀ မသုံးရပါ ။ ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးနိုင်ပါတယ် ။
( ၅ ) ဝါချည်စစ်စစ်နဲ့ပြုလုပ်ထားတဲ့ အတွင်းခံအထည်များကို ရွေးချယ်ဝတ်ဆင်ပါ
ဝါချည်နဲ့ပြုလုပ်ထားခြင်းကြောင့် အခြား ဓာတုဆေးတွေ မပါဝင်ပါဘူး။ အခြား စွပ်ကျယ်ကဲ့သို့သော ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အတွင်းခံတွေမှာ ဓာတုပစ္စည်း အမြောက်အများပါဝင်လို့ ဆိုးကျိူးကို ဖြစ်စေကြောင်း သတိပေးလိုက်ပါ ရစေ ။
မ ဒီ လေး ( S h w e m o m )



