Knowledge

ခံတွင်းအနံ့ )ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုနေရလျှင်

ခံတွင်းအနံ့၊ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုနေရလျှင်…

ခံတွင်းပုတ်အနံ့

ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိ ကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည် .

ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုမိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။

ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်

ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည် ။

အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်

ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။

ဖော်စပ်နည်းမှာ

၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်

၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ

၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်

၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်

၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်

၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ * မီးသွေးခဲကဲ့သို့ဖြစ်ပါသည်

၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်

၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်

နောက်၁၀ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည်

သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်

မိုးနတ်သား

Zawgyi. .

ခံတြင္းအနံ႕၊ပါးစပ္မွ အနံ႕ေၾကာင့္ သူတပါးအား အႏွောင့္အယွက္ ျဖစ္ေစသလိုေနရလွ်င္

ခံတြင္းပုတ္အနံ႕

ခံတြင္း ပုတ္ အနံ႕ သည္ လူတေယာက္အတြက္ မိမိ ကိုယ္ ကို ယုံၾကည္မူ႕ မဲ့ေစပါသည္ .

ခံတြင္းအနံ႕ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာဆိုရာတြင္ မိမိ ၏ ပါးစပ္မွ အနံ႕ေၾကာင့္ သူတပါးအား အႏွောင့္အယွက္ ျဖစ္ေစသလိုမိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္ ။

ကြၽန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္ ။

ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ကာ၍ စကားေျပာေနပါသည္

ထို႔ေၾကာင့္ အနီးသို႔ သြားေရာက္ ေလွ်ာက္ထားေသာအခါ ရဟန္းမွ မိမိ ၏ ခံတြင္းနံ႕ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ကာ၍ စကားေျပာသည္ဟု မိန႔္ပါသည္ ။

အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟုေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္း ေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာ အျဖစ္ မိန႔္ပါသည္ ။

ကြၽန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ အား အနံ႕ ရေနပါသည္

ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္ ။

ေဖာ္စပ္နည္းမွာ

၁ = သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္

၂ = ပိုင္းထားေသာ သံပုရာသီးအား အရည္ညွစ္ရပါမည္ – ဖန္ခြက္တြင္ထည့္ထားပါ

၃ = အရည္ညွစ္ထားေသာ သံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္

၄ = ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္ မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္

၅ = ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာ ျခမ္းအား မီးက်ီ ခဲ ရဲရဲ တြင္ မီးဖုတ္ရပါမည္

၆ = သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔နီရဲလာပါက ဆားက်က္၍ ညွပ္ျဖင့္ဆယ္ယူကာ အေအး ခံထားပါ * မီးေသြးခဲကဲ့သို႔ျဖစ္ပါသည္

၇ = ၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တ႐ြက္ အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္ ။

၈ = အမႈန႔္ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ ၍ သမထားပါ

မနက္တႀကိမ္ ေန႕လည္တႀကိမ္ ညေနတႀကိမ္ လကၻရည္ဇြန္း တဇြန္းစီ တေန႕သုံးႀကိမ္ စားရန္ မွာခဲ့ ပါသည္ တပတ္ေက်ာ္လ်င္ အနံ႕ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္

ေနာက္၁၀ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ ေရာက္ေသာအခါ ေပ်ာ္႐ႊင္ ယုံၾကည္စြာ စကားေျပာဆိုေနေသာ ရဟန္းႏွင့္ ဆုံရပါေတာ့သည္

သင္ဆိုလွ်င္လည္း ကိုယ္တိုင္ ကုသႏွိုင္ပါသည္။

#Crd – မိုးနတ္သား