( ၁ ) နောက်ကျောကို ဓား နဲ့ ထိုးတဲ့ လူမျိုး
မိမိ က သူ့ကို စိတ်ရင်း စေတနာ ရင်း နဲ့ ခင်ပါသော်လည်း သူ့ဘက် က မိမိရဲ့ နောက်ကွယ်မှာ
မိမိကို တစ်စုံတစ်ခု ပြုလုပ်နေ သော်လည်းကောင်း၊
စီးပွားပျက်အောင် ပြုလုပ်သော်လည်းကောင်း လုပ်တဲ့ သူမျိးကို မိတ်ဆွေ အဖြစ်ကနေ ဖြတ်ပြစ်လိုက်သင့်ပါတယ်။
( ၂ ) အကောင်းပြောပြီး ချောက်ချ တဲ့ သူမျိုး
မိမိရှေ့ ရောက်ရင်… မိမိ တစ်ခုခု မှားနေရင်တောင် မဝေဖန်ဘဲ အကောင်း ပြောတယ်။
သို့သော် သူရဲ့ စိတ်ထဲကနေ မိမိကို တစ်ခုခု ဖြစ်လာနိုင်အောင် ချောက်ချတဲ့ သူမျိုးတွေကို မပေါင်းသင့်ပါ။
( ၃ ) မလိုရင် တစ်မျိုး… လိုရင် တစ်မျိုး
ဒီလို မိတ်ဆွေ တွေလည်း ပတ်ဝန်းကျင် မှာအများကြီးး တွေ့ဖူးကြမှာပါ။ သူတို့ တစ်ခုခု လိုမှ ဆက်သွယ် လာပြီး…
မလိုတဲ့ အခါကျရင် ပျောက်ကွယ်သွားတဲ့ မိတ်ဆွေတွေကို စိတ်ထဲကနေ ထုတ်လိုက်သင့်ပါပြီ။
( ၄ ) သင် အောင်မြင်မှာကို မနာလိုတဲ့ သူမျိုး
မိမိ က ကြိုးစားလို့ အောင်မြင်တာကို သူ့အနေဖြင့် မနာလို ဝန်တို ဖြစ်နေတဲ့ မိတ်ဆွေမျိုးတွေဟာ သင့် အနားမှာ မရှိလည်း ဘာမှ မဖြစ်ပါဘူး။
သူတို့ဟာ သင့် အခက်အခဲတွေ ကိုလည်း ကူညီမှာ မဟုတ်သလို… သင့်ကို ဘယ်တော့မှ ချီးကျူးနေမှာလည်း မဟုတ်ပါဘူး။
( ၅ ) သူ့ အတွက်ပဲ ကြည့်တဲ့ သူမျိုး
ဘာပဲ ဖြစ်ဖြစ် ငါမဖြစ်ပြီးရော အခြားသူ ဖြစ်ချင်ရာဖြစ် သူကောင်းစားဖို့ အတွက်ပဲ ကြည့်ပြီး …အလုပ် လုပ်တတ်တဲ့ သူမျိုး၊
အရာရာကို သူ အဆင်ပြေရင် ပြီးရောဆိုတဲ့ အပေါင်းသင်း တွေကို… မိတ်ဆွေ အဖြစ်မှ ရပ်စဲနိုင်ပါတယ်။
မကောင်းတဲ့ သူတွေနဲ့ ဝေးဝေးမှာ ရှိနေနိုင်ပါစေ။