မပြည့်စုံရှာတဲ့ အဖေ နဲ့ အဘွား ကို ငဲ့ပြီး ပြိုင်ပွဲတွေ ဆက်မပြိုင်တော့ဘဲ
ဆန္ဒကို မျိုသိပ်ခဲ့ရပေမယ့် ကျူးကျော်တဲမှာ နေရတဲ့ ဘ၀က
လွတ်အောင် ထပ်ကြိုးစားကြည့်ချင်သေးတယ်’ လို့
ကာယအားကစားမယ် မသဲစုက ပြောလာပါတယ်။
မသဲစု ဟာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနဲ့ အားကစားပြိုင်ပွဲမှာ ပထမဆု၊
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် အာရှကာယဗလနဲ့
ကိုယ်ကာယအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆု၊ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက်
ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ / 11th WBPF Championship မှာ
တတိယဆုတွေကို (၂၀၁၉) ခုနှစ် တစ်နှစ်အတွင်းမှာ ဆွတ်ခူးခဲ့ပြီး၊ နိုင်ငံ့ဂုဏ် ဆောင်ထားပါတယ်။
နိုင်ငံဂုဏ်ဆောင် ကာယအားကစားမယ် မသဲစုကို အားပေးဝန်းရံပေးကြပါအုံးနော်။