Health Care

ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတက်နေရင်..

ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတက်နေရင်

“ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီးဇက်ကြောတက်နေပါသလား မပူပါနဲ့မိတ်ဆွေ ”

ရုံးကပြန်လာတိုင်း အမြဲတမ်းကိုယ်လက်တွေကိုက်ခဲတောင့်တင်းပြီးဇက်ကြောတွေတက်လှသည်ဟုဆိုကာ နင်းပါဦး

နှိပ်ပါဦး မိသားစု၀င်များအားအကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။

ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့်ထုခိုင်း၊ သနပ်ခါးတုံးဖြင့်ထုခိုင်းစေခိုင်းတတ်ပြန်သည်။ထိုကာလသည်က(၆)နှစ် မကပင်ကြာမည်ထင်ပါသည်။

ယခုမဖြစ်တော့ပါ ။ နည်းလမ်းကောင်းလေးရလိုက်ပါသည် ။

” နည်းလမ်း ”

နေ့စဉ်အုန်းမှုတ်ခွက်နင်းခြင်းဖြစ်သည်။ ရုံးကပြန်လာသည်နှင့် ရေမိုးချိုးသည်။

ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက်(၂)ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ်တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညှင်းဆီကိုလူးတော့သည်။

ထိုနောက် မုန်ညှင်းဆီလိမ်းထားသောခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅)မိနစ်ခန့် စိတ်တိုင်းကြနင်းခြင်းဖြစ်လေသည်။

အဖေနှစ်ပေါင်းများစွာခံစားရခက်သောကိုယ်လက်တောင့် တင်းဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ… ရဲမျိုသူ ( ဗောဓိမြိုင် )

မှတ်ချက် သက်ရင်းကြီးရွက်အခက်အခဲရှိလျှင် ( ဗန်ဒါရွက် / ရဲယိုရွက်/ သင်ဘောရွက်) တို့ဖြင့် အုန်းမှုတ်ခွက်ပေါ်တင်ပြီးနင်းကြည့်ပါ ။ ။

အနာနှင့်ဆေးတွေ့ပြီး သက်သာပျောက်ကင်းကြပါစေ….

Via -Sai Min Thant

ကိုယ္လက္ကိုက္ခဲေတာင့္တင္းၿပီး ဇက္ေၾကာတက္ေနရင္

“ကိုယ္လက္ကိုက္ခဲေတာင့္တင္းၿပီးဇက္ေၾကာတက္ေနပါသလား မပူပါနဲ႔မိတ္ေဆြ ”

႐ုံးကျပန္လာတိုင္း အျမဲတမ္းကိုယ္လက္ေတြကိုက္ခဲေတာင့္တင္းၿပီးဇက္ေၾကာေတြတက္လွသည္ဟုဆိုကာ နင္းပါဦး

ႏွိပ္ပါဦး မိသားစု၀င္မ်ားအားအကူအညီေတာင္းခံတက္ေသာ ဖခင္အားၾကည့္ၿပီး ဂ႐ုဏာသက္မိသည္။

ထိုမၽွမက ဇက္ေၾကာကို ထင္းေခ်ာင္းျဖင့္ထုခိုင္း၊ သနပ္ခါးတုံးျဖင့္ထုခိုင္းေစခိုင္းတတ္ျပန္သည္။ထိုကာလသည္က(၆)ႏွစ္ မကပင္ၾကာမည္ထင္ပါသည္။

ယခုမျဖစ္ေတာ့ပါ ။ နည္းလမ္းေကာင္းေလးရလိုက္ပါသည္ ။

” နည္းလမ္း ”

ေန႔စဥ္အုန္းမႈတ္ခြက္နင္းျခင္းျဖစ္သည္။ ႐ုံးကျပန္လာသည္ႏွင့္ ေရမိုးခ်ိဳးသည္။

ၿပီးေနာက္ အိမ္နီးနားရွိ သက္ရင္းႀကီးပင္မွ သက္ရင္းႀကီးရြက္(၂)ရြက္ကိုခူးကာ အုန္းမႈတ္ခြက္ေပၚတင္လိုက္ၿပီး ေျခဖဝါးျပင္ႏွစ္ဖက္ ေနရာအႏွံ့ မုန္ညႇင္းဆီကိုလူးေတာ့သည္။

ထိုေနာက္ မုန္ညႇင္းဆီလိမ္းထားေသာေျခဖဝါးႏွစ္ဖက္ျဖင့္ သက္ရင္းႀကီးရြက္ အသင့္တင္ထားေသာ အုန္းမႈတ္ခြက္ေပၚသို႔ (၁၅)မိနစ္ခန္႔ စိတ္တိုင္းၾကနင္းျခင္းျဖစ္ေလသည္။

အေဖႏွစ္ေပါင္းမ်ားစြာခံစားရခက္ေသာကိုယ္လက္ေတာင့္ တင္းဇက္ေၾကာတက္ျခင္း အမွန္ပင္ ယေန႔ခ်ိန္ထိ ေပ်ာက္ကင္းသြားေလသည္။

လိုသူတို႔သုံးေစတနာအျပဳံးျဖင့္ ရႊင္လန္းနိုင္ပါေစ… ရဲမ်ိဳသူ ( ေဗာဓိၿမိဳင္ )

မွတ္ခ်က္ သက္ရင္းႀကီးရြက္အခက္အခဲရွိလၽွင္ ( ဗန္ဒါရြက္ / ရဲယိုရြက္/ သင္ေဘာရြက္) တို႔ျဖင့္ အုန္းမႈတ္ခြက္ေပၚတင္ၿပီးနင္းၾကည့္ပါ ။ ။

အနာႏွင့္ေဆးေတြ႕ၿပီး သက္သာေပ်ာက္ကင္းၾကပါေစ….

Via -Sai Min Thant