Knowledge

မဟာတန္း ေက်ာင္းသူေလး အသုဘမီးၾသဂႋုလ္ခါနီး မိခင္မွ ေနာက္ဆုံးအေနနဲ႔ နမ္းလိုက္တဲ့အခ်ိန္ ( ဒီျဖစ္ရပ္မ်ိဳး မႀကဳံရေလေအာင္ )

မဟာတန္း ေက်ာင္းသူေလး အသုဘမီးၾသဂႋုလ္ခါနီး မိခင္မွ ေနာက္ဆုံးအေနနဲ႔ နမ္းလိုက္တဲ့အခ်ိန္ (ဒီျဖစ္ရပ္မ်ိဳး မႀကဳံရေလေအာင္)

တိုးတက္ ေခတ္မီ ခ်င္တဲ့ေနရာမွာလိုသလိုဆြဲယူ ေခတ္မီ ေနၾကၿပီး ေရွးေဟာင္း အယူသည္းမႈေတြကိုေတာ့မပစ္ပယ္ႏိုင္ၾကေသးဘူး။

ေသ႐ြာျပန္ လူတစ္ေယာက္ကို လူေနရပ္ကြက္ထဲ ျပန္ဝင္ခြင့္ မျပဳႏိုင္ဘူးဆိုရင္အသုဘလိုက္ပို႔တဲ့ လူေတြပါ ရပ္ကြက္ထဲ ျပန္မဝင္ခိုင္းပါနဲ႔။သူတို႔ေတြလည္း သခ်ႋဳင္းကုန္းကို ေရာက္ခဲ့ၾကတာပဲေလ။

လူကို လူလို႔ပဲျမ င္ၿပီး လူ အျဖစ္ ျပန္အသိမွတ္ျပဳေပးရမွာေပါ့။ ကံေကာင္း လို႔ မေသပဲ အသက္ရွင္လ်က္ ျပန္ရရွိလိုက္တဲ့လူတစ္ေယာက္ကို ဝမ္းေျမာက္ဝမ္းသာ ဘာလို႔ မႀကိဳဆိုႏိုင္ၾကတာလဲ။ဘာလို႔မ်ား လူ႔ အသိုင္းအဝိုင္း ကို ျပန္ဝင္ခြင့္ မျပဳခ်င္ရတာလဲ။

ကဲ ~ မလိုတဲ့ အယူအဆေတြ ပယ္ၾကရေအာင္ဗ်ာ။ဒီဇင္ဘာ ၁၉ ရက္ မြန္းလြဲ ၁၂ နာရီ၁၅ မိနစ္ခန႔္ မႏၲေလး ၾကာနီကန္သုႆန္မွာ ျဖစ္ပြါးခဲ့သည့္ ကုန္ထုတ္ ဓါတုေဗဒ မဟာတန္းေက်ာင္းသူေလး အသုဘ မီးၾသဂႋုလ္ ခါနီးအခ်ိန္တြင္

မိခင္ျဖစ္သူမွ ေနာက္ဆုံးအေနႏွင့္ နမ္းလိုက္စဥ္ ႏွလုံးခုန္သံၾကားရ၍ ဆရာဝန္ ပင့္ စမ္းသပ္ရာ အသက္ရွင္ ေနေၾကာင္း သိရွိရပါတယ္။

မိခင္ ျဖစ္သူမွာ ဝမ္းသာလြန္း၍ ထ ကေသာ္လည္း ရပ္ကြက္လူထုက ၿမိဳ႕နာမွာ စိုးလို႔ဟုဆိုကာ ၿမိဳ႕ထဲသို႔ အ ဝင္မခံ၍ မိန္းကေလးခမ်ာ ၾကဴၾကဴပါေအာင္ ငိုပါေတာ့တယ္။

အျခား အသုဘတစ္ခုလာပို႔သူ မႏၲေလး သိန္းေဇာ္ ကိုယ္တိုင္ ဝင္ခြင့္ျပဳရန္ ….ေတာင္းပန္ေျပာဆိုေသာ္လည္း ၿမိဳ႕လူထုက လက္မခံသျဖင့္မိဘမ်ားမွၿမိဳ႕ျပင္တြင္ အိမ္ေဆာက္ ေပး၍ ေနေစမည္ဟု သိရပါသည္။

ယေန႔လိုေခတ္တြင္ ေရွး႐ိုးအယူအဆမ်ားေၾကာင့္မဟာတန္း ေက်ာင္းသူ တစ္ေယာက္ လူထဲမတိုးေတာ့မ ည့္အျဖစ္မ်ိဳးကား ထို မိန္းကေလး ဘဝ အတြက္ နစ္နာလြန္းလွပါတယ္။

အဆိုပါ မိန္းကေလး အျပင္ ေနာက္ေနာင္ ၎ကဲ့သို႔ေသာ ျဖစ္ရပ္မ်ိဳး ကိုယ္တိုင္ႀကဳံေတြ႕ရစဥ္ေသာ္ လည္းေကာင္း၊ကိုယ့္မိသားစု အသိုင္းအဝန္းမ်ားထံမွ ႀကဳံေတြ႕ရလွ်င္ေသာ္ လည္းေကာင္း ….

ေရွး႐ိုးစြဲ အယူအဆေၾကာင့္ ထိခိုက္သူမ်ား မရွိရေစစရန္အတြက္ တာဝန္ရွိသူမ်ားႏွင့္ အမ်ားျပည္သူမ်ားအျပင္ ဘာသာေရးဆိုင္ရာအယူမ်ားျဖစ္သည့္အတြက္ ရဟန္းရွင္မ်ားလည္း ပါဝင္ၿပီး ဝိုင္းဝန္းအေျဖရွာ စဥ္းစားကူညီၾကပါရန္ တိုက္ တြန္းအပ္ပါတယ္ ခင္ဗ်ာ။

မွတ္ခ်က္။လြန္ခဲ့တဲ့ အႏွစ္(၃၀) ဝန္းက်င္ခန႔္ မွလည္း လူမ်ိဳးျခားတစ္ဦးျဖစ္သည့္ အမ်ိဳးသမီး တစ္ဦး ၎ကဲ့သို႔ ျဖစ္စဥ္ မ်ိဳးႀကဳံေတြ႕ခဲ့ရသျဖင့္သုသာန္ တြင္ ေဈးေရာင္း ရင္း ဘဝကိုျဖတ္သန္းေနရေၾကာင္း ကြၽန္ေတာ္သိျမင္ခဲ့ ဖူး ပါတယ္။

ေရွးအယူအဆမ်ားျဖစ္ ျဖစ္သည့္အေပၚ မည္သို႔ေသာဆိုးက်ိဳးမ်ား ရွိႏိုင္သျဖင့္ ယခုကဲ့သို႔ သတ္မွတ္ထားေ ၾကာင္းကိုလည္းမသိနားမလည္ သျဖင့္ နားလည္ တတ္ကြၽမ္းသူမ်ား အေနျဖင့္ ဗဟုသုတေဝငွေပးပါရန္ႏွင့္ ယခုကဲသို႔ေသာ ျဖစ္ရပ္မ်ိဳး မႀကဳံရေလေအာင္

မည္ကဲ့သို႔ ေျဖရွင္းႏိုင္မည္ စသျဖင့္ ေရွး႐ိုးစြဲမ်ားကို လည္း ျပ န္ လည္ျပင္ဆင္ သုံးသပ္သင့္ပါေၾကာင္း။

credit to orginal

unicode

မဟာတန်း ကျောင်းသူလေး အသုဘမီးသြင်္ဂိုလ်ခါနီး မိခင်မှ နောက်ဆုံးအနေနဲ့ နမ်းလိုက်တဲ့အချိန် (ဒီဖြစ်ရပ်မျိုး မကြုံရလေအောင်)

တိုးတက် ခေတ်မီ ချင်တဲ့နေရာမှာလိုသလိုဆွဲယူ ခေတ်မီ နေကြပြီး ရှေးဟောင်း အယူသည်းမှုတွေကိုတော့မပစ်ပယ်နိုင်ကြသေးဘူး။

သေရွာပြန် လူတစ်ယောက်ကို လူနေရပ်ကွက်ထဲ ပြန်ဝင်ခွင့် မပြုနိုင်ဘူးဆိုရင်အသုဘလိုက်ပို့တဲ့ လူတွေပါ ရပ်ကွက်ထဲ ပြန်မဝင်ခိုင်းပါနဲ့။သူတို့တွေလည်း သင်္ချိုင်းကုန်းကို ရောက်ခဲ့ကြတာပဲလေ။

လူကို လူလို့ပဲမြ င်ပြီး လူ အဖြစ် ပြန်အသိမှတ်ပြုပေးရမှာပေါ့။ ကံကောင်း လို့ မသေပဲ အသက်ရှင်လျက် ပြန်ရရှိလိုက်တဲ့လူတစ်ယောက်ကို ဝမ်းမြောက်ဝမ်းသာ ဘာလို့ မကြိုဆိုနိုင်ကြတာလဲ။ဘာလို့များ လူ့ အသိုင်းအဝိုင်း ကို ပြန်ဝင်ခွင့် မပြုချင်ရတာလဲ။

ကဲ ~ မလိုတဲ့ အယူအဆတွေ ပယ်ကြရအောင်ဗျာ။ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့် မန္တလေး ကြာနီကန်သုဿန်မှာ ဖြစ်ပွါးခဲ့သည့် ကုန်ထုတ် ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘ မီးသြင်္ဂိုလ် ခါနီးအချိန်တွင် ….

မိခင်ဖြစ်သူမှ နောက်ဆုံးအနေနှင့် နမ်းလိုက်စဉ် နှလုံးခုန်သံကြားရ၍ ဆရာဝန် ပင့် စမ်းသပ်ရာ အသက်ရှင် နေကြောင်း သိရှိရပါတယ်။

မိခင် ဖြစ်သူမှာ ဝမ်းသာလွန်း၍ ထ ကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာ စိုးလို့ဟုဆိုကာ မြို့ထဲသို့ အ ဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင် ငိုပါတော့တယ်။

အခြား အသုဘတစ်ခုလာပို့သူ မန္တလေး သိန်းဇော် ကိုယ်တိုင် ဝင်ခွင့်ပြုရန် ….တောင်းပန်ပြောဆိုသော်လည်း မြို့လူထုက လက်မခံသဖြင့်မိဘများမှမြို့ပြင်တွင် အိမ်ဆောက် ပေး၍ နေစေမည်ဟု သိရပါသည်။

ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့်မဟာတန်း ကျောင်းသူ တစ်ယောက် လူထဲမတိုးတော့မ ည့်အဖြစ်မျိုးကား ထို မိန်းကလေး ဘဝ အတွက် နစ်နာလွန်းလှပါတယ်။

အဆိုပါ မိန်းကလေး အပြင် နောက်နောင် ၎င်းကဲ့သို့သော ဖြစ်ရပ်မျိုး ကိုယ်တိုင်ကြုံတွေ့ရစဉ်သော် လည်းကောင်း၊ကိုယ့်မိသားစု အသိုင်းအဝန်းများထံမှ ကြုံတွေ့ရလျှင်သော် လည်းကောင်း ….

ရှေးရိုးစွဲ အယူအဆကြောင့် ထိခိုက်သူများ မရှိရစေစရန်အတွက် တာဝန်ရှိသူများနှင့် အများပြည်သူများအပြင် ဘာသာရေးဆိုင်ရာအယူများဖြစ်သည့်အတွက် ရဟန်းရှင်များလည်း ပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာ စဉ်းစားကူညီကြပါရန် တိုက် တွန်းအပ်ပါတယ် ခင်ဗျာ။

မှတ်ချက်။လွန်ခဲ့တဲ့ အနှစ်(၃၀) ဝန်းကျင်ခန့် မှလည်း လူမျိုးခြားတစ်ဦးဖြစ်သည့် အမျိုးသမီး တစ်ဦး ၎င်းကဲ့သို့ ဖြစ်စဉ် မျိုးကြုံတွေ့ခဲ့ရသဖြင့်သုသာန် တွင် ဈေးရောင်း ရင်း ဘဝကိုဖြတ်သန်းနေရကြောင်း ကျွန်တော်သိမြင်ခဲ့ ဖူး ပါတယ်။

ရှေးအယူအဆများဖြစ် ဖြစ်သည့်အပေါ် မည်သို့သောဆိုးကျိုးများ ရှိနိုင်သဖြင့် ယခုကဲ့သို့ သတ်မှတ်ထားေ ကြာင်းကိုလည်းမသိနားမလည် သဖြင့် နားလည် တတ်ကျွမ်းသူများ အနေဖြင့် ဗဟုသုတဝေငှပေးပါရန်နှင့် ယခုကဲသို့သော ဖြစ်ရပ်မျိုး မကြုံရလေအောင်

မည်ကဲ့သို့ ဖြေရှင်းနိုင်မည် စသဖြင့် ရှေးရိုးစွဲများကို လည်း ပြ န် လည်ပြင်ဆင် သုံးသပ်သင့်ပါကြောင်း။

credit to orginal