Knowledge

ဘူးသီးတွေ ပက်ပက်စက်စက် သီးအောင် စိုက်ပျိုးနည်း..

ဘူးသီးတွေ ပက်ပက်စက်စက် သီးအောင် စိုက်ပျိုးနည်း

အမျိုးအစား

ဘူးသီး၏ ပုံသဏ္ဍာန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟုအမျိုးမျိုးရှိပါသည်။

ရေမြေရာသီဥတု

ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်၊အငံဓာတ် (၆-၇) ကြားတွင်ပိုမိုဖြစ်ထွန်းပါသည်။

ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့်ခံနိုင်သည်။ သို့သော်ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။

မြေပြုပြင်ခြင်း

ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍လည်းစိုက်နိုင်သည်။စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင်ပြုလုပ်ပါ။

စိုက်ဘောင်တစ်ဘောင်လျှင် အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့် ပြုလုပ်ကြပါသည်။

မြေသြဇာကျွေးနည်း

ဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တန်(၂၀ – ၃၀)အထိလိုအပ်ပြီးဓာတ်မြေသြဇာတစ်ဧကလျှင်ယူရီးယား (၂၀) Kg နှင့် တီစူပါ (၂၄)Kg လိုပါသည်။

စိုက်ဘောင်များပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင်ရောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ် (၂၀)kg နှင့် ယူရီးယားမြေသြဇာ (၁၀)kg ကို စိုက်ဘောင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်(၁၀) kgကိုဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရမည်။

ပျိုးထောင်နည်း

မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်တွင် ဘူးစေ့(၂)စေ့ခန့်ထည့်ပြီးပျိုးနိုင်သည်။ စိုက်ပြီး(၁၀)ရက်ခန့်ကြာလျှင် ပျိုးပင်ပေါက်လာမည်။အပင်(၃-၄)ရွက်ထွက်လျှင်ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးနည်း

ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ ဓာတ်မြေသြဇာများ သမအောင်မွှေထားသောမြေကို စိုက်ဘောင်များ ပြုလုပ်၍စိုက်ပျိုးပါသည်။

စင်တင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့်ဘောင်ပြုလုပ်ပြီးဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း(၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇)စေ့စိုက်ရသည်။ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်(၂)ပင် ချန်ထားလျှင် သင့်တော်၏။

ကျင်းဖြင့်စိုက်ပျိုးပါက အနက်(၁.၅)ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများတူးပြီးနွားချေးနှင့် မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄)လက်မခန့်အထိ ထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုးကိုဖို့ရမည်။

တစ်ကျင်းလျှင်(၇-၈)ပင်ခန့်စိုက်ရမည်။ အပင်ငယ်များတစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများနွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။

အပင်ကလေးများ လသားအထိအပင်ခြေရင်း ပေါင်းလိုက်ပေးရမည်။ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင်မျိုးစေ့နှုန်းမှာ (၂-၃)ကီလိုဂရမ်လိုအပ်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း

အထက်မြန်မာပြည်တွင် ဘူးကိုမိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်ပါသည်။

အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ (၃)ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုအပ်ပါသည်။

အသီးခူးဆွတ်နည်း

ဘူးသီးကို စိုက်ပြီးနောက် (၇၅ – ၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကိုမနုမရင့် အနေတော်ခူးရ၏။

တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။

မှတ်ချက်။ ။

– ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန်လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။

– ဘူးပင်ကို ပိုးသတ်ဆေးဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းစသောဆေးများမဖျန်းသင့်ပါ။

– ဘူးပင်အညွန့်စင်ပေါ်ရောက်ပါက အညွန့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များ စင်ပေါ်ဖြာတက်ပြီး အသီးများပိုသီးပါမည်။

Credit.Nway MeeShin

ဘူးသီးေတြ ပက္ပက္စက္စက္ သီးေအာင္ စိုက္ပ်ိဳးနည္း

အမ်ိဳးအစား

ဘူးသီး၏ ပုံသ႑ာန္ကိုလိုက္၍ ဘူးသပိတ္၊ ဘူးလည္လွ၊ ဘူးရွည္စက၊ ဘူးရွည္ႏွင့္ ဘူးေရမႈတ္ဟုအမ်ိဳးမ်ိဳးရွိပါသည္။

ေရေျမရာသီဥတု

ဘူးသည္ ေျမၾသဇာထက္သန္ေသာ ေျမတြင္ ပိုမိုစိုက္ပ်ိဳးျဖစ္ထြန္းပါသည္။ ေျမအခ်ဥ္၊အငံဓာတ္ (၆-၇) ၾကားတြင္ပိုမိုျဖစ္ထြန္းပါသည္။

ပူေႏြးေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္ၿပီး အေအးဒဏ္ကို အသင့္တင့္ခံႏိုင္သည္။ သို႔ေသာ္ဆီးႏွင္းဒဏ္ကို ခံႏိုင္ရည္မရွိပါ။

ေျမျပဳျပင္ျခင္း

ဘူးသည္ စင္တင္စိုက္ပ်ိဳးေသာ အပင္မ်ိဳးျဖစ္ၿပီး ေဘာင္တင္၍လည္းစိုက္ႏိုင္သည္။စိုက္ေဘာင္ေျမကို ေပါက္တူးျဖင့္ ေပါက္ၿပီး ေျမေဆြးႏွင့္ သမေအာင္ေရာ၍ စိုက္ေဘာင္ျပဳလုပ္ပါ။

စိုက္ေဘာင္တစ္ေဘာင္လွ်င္ အလ်ား(၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန္႔ ျပဳလုပ္ၾကပါသည္။

ေျမၾသဇာေကြၽးနည္း

ဘူးတစ္ဧကလွ်င္ ႏြားေခ်း(သို႔) သစ္ေဆြးေျမၾသဇာ တန္(၂၀ – ၃၀)အထိလိုအပ္ၿပီးဓာတ္ေျမၾသဇာတစ္ဧကလွ်င္ယူရီးယား (၂၀) Kg ႏွင့္ တီစူပါ (၂၄)Kg လိုပါသည္။

စိုက္ေဘာင္မ်ားျပဳလုပ္ရာတြင္ ဓာတ္ေျမၾသဇာႏွင့္ ေျမေဆြးမ်ားကို သမေအာင္ေရာေပးရမည္။ တီစူပါ ဓာတ္ေျမၾသဇာကို ပထမအႀကိမ္ (၂၀)kg ႏွင့္ ယူရီးယားေျမၾသဇာ (၁၀)kg ကို စိုက္ေဘာင္ျပဳလုပ္စဥ္ ထည့္ေပးၿပီးေနာက္ က်န္(၁၀) kgကိုဘူးပင္ ပန္းစပြင့္ခ်ိန္တြင္ ထည့္ေပးရမည္။

ပ်ိဳးေထာင္နည္း

ေျမေဆြးထည့္ထားေသာ ပလတ္စတစ္အိတ္တြင္ ဘူးေစ့(၂)ေစ့ခန္႔ထည့္ၿပီးပ်ိဳးႏိုင္သည္။ စိုက္ၿပီး(၁၀)ရက္ခန္႔ၾကာလွ်င္ ပ်ိဳးပင္ေပါက္လာမည္။အပင္(၃-၄)႐ြက္ထြက္လွ်င္ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးႏိုင္ပါသည္။

စိုက္ပ်ိဳးနည္း

ဘူးပင္ကို အထက္ျမန္မာျပည္၌ ေမလႏွင့္ဇြန္လမ်ားတြင္ စိုက္ပ်ိဳးၿပီး ေအာက္ျမန္မာျပည္တြင္မူ ေဆာင္းတြင္းပိုင္း၊ ေအာက္တိုဘာလတြင္ အမ်ားအျပားစိုက္ပ်ိဳးပါသည္။ စိုက္ပ်ိဳးနည္းမွာ ေျမေဆြး၊ ဓာတ္ေျမၾသဇာမ်ား သမေအာင္ေမႊထားေသာေျမကို စိုက္ေဘာင္မ်ား ျပဳလုပ္၍စိုက္ပ်ိဳးပါသည္။

စင္တင္စိုက္ပါက စိုက္ေဘာင္အလ်ား(၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန္႔ေဘာင္ျပဳလုပ္ၿပီးဘူးေစ့မ်ားကို တစ္က်င္းႏွင့္တစ္က်င္း(၁)ေပျခား၍ တစ္က်င္းလွ်င္ ဘူးေစ့(၇)ေစ့စိုက္ရသည္။ဘူးပင္မ်ားေပါက္လာလွ်င္ တစ္က်င္းလွ်င္(၂)ပင္ ခ်န္ထားလွ်င္ သင့္ေတာ္၏။

က်င္းျဖင့္စိုက္ပ်ိဳးပါက အနက္(၁.၅)ေပ၊ အနံ(၂)ေပ၊ အလ်ား(၃)ေပရွိ က်င္းမ်ားတူးၿပီးႏြားေခ်းႏွင့္ ေျမေဆြးဆတူေရာ၍ က်င္းႏႈတ္ခမ္း (၃-၄)လက္မခန္႔အထိ ထည့္ၿပီးလွ်င္အေပၚမွ ေျမ႐ိုး႐ိုးကိုဖို႔ရမည္။

တစ္က်င္းလွ်င္(၇-၈)ပင္ခန္႔စိုက္ရမည္။ အပင္ငယ္မ်ားတစ္ထြာခန္႔ျမင့္လာေသာအခါ တစ္က်င္းလွ်င္ (၂)ပင္ခ်န္ၿပီး က်န္အပင္မ်ားကိုႏုတ္ပစ္ရမည္။ အပင္ကေလးမ်ားႏြယ္တက္ႏိုင္ရန္ ဝါးျခမ္းေထာင္ေပးရမည္။

အပင္ကေလးမ်ား လသားအထိအပင္ေျခရင္း ေပါင္းလိုက္ေပးရမည္။ဘူးကို ေမႏွင့္ဇြန္လမ်ားတြင္ စိုက္ပ်ိဳးႏိုင္သကဲ့သို႔ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္စိုက္ပ်ိဳးႏိုင္သည္။ တစ္ဧကလွ်င္မ်ိဳးေစ့ႏႈန္းမွာ (၂-၃)ကီလိုဂရမ္လိုအပ္ပါသည္။

ေရသြင္းစိုက္ပ်ိဳးနည္း

အထက္ျမန္မာျပည္တြင္ ဘူးကိုမိုးတြင္းတြင္ စိုက္ၾကသျဖင့္ မိုးတစ္ပတ္ခန္႔ျပတ္သြားပါက ေရေလာင္းေပးရန္လိုအပ္ပါသည္။

ေအာက္ျမန္မာျပည္တြင္ ေဆာင္းစိုက္ခင္းမ်ားအတြက္မူ (၃)ရက္ျခားတစ္ႀကိမ္ ေရသြင္းေပးရန္ လိုပါသည္။ ဘူးပင္ကေလးမ်ား တစ္လသားခန္႔ရွိလွ်င္ ေပါင္းျမက္မ်ားကို ရွင္းလင္းေပးရန္လိုအပ္ပါသည္။

အသီးခူးဆြတ္နည္း

ဘူးသီးကို စိုက္ၿပီးေနာက္ (၇၅ – ၉၀)ရက္အၾကာတြင္ စတင္ဆြတ္ခူးႏိုင္သည္။ ရင့္လြန္းပါက ခ်က္ျပဳတ္စားေသာက္ရန္ မေကာင္းသကဲ့သို႔ ႏုပါကလည္း အခါးဓာတ္ရွိ၏။ သို႔အတြက္ ဘူးကိုမႏုမရင့္ အေနေတာ္ခူးရ၏။

တစ္ဧကလွ်င္ ဘူးသီးလုံးေရ (၆၀၀၀) မွ (၈၀၀၀) အထိထြက္၏။

မွတ္ခ်က္။ ။

– က်ိဳင္းေကာင္ႏွင့္ပ်ပိုးမ်ားကို ထိေရာက္စြာ ႏွိမ္နင္းရန္လိုအပ္ပါသည္။ ထိေရာက္စြာ မႏွိမ္နင္းႏိုင္ပါက အပင္ငယ္မ်ား ေသေၾကပ်က္စီးႏိုင္ပါသည္။

– ဘူးပင္ကို ပိုးသတ္ေဆးဖ်န္းပါက ဒီဒီတီ၊ ဘီအိပ္ခ္်စီ၊ အင္ဒရင္းစေသာေဆးမ်ားမဖ်န္းသင့္ပါ။

– ဘူးပင္အၫြန္႔စင္ေပၚေရာက္ပါက အၫြန္႔ျဖတ္ေတာက္ေပးပါ။ သို႔မွသာ အၫြန္႔မ်ား စင္ေပၚျဖာတက္ၿပီး အသီးမ်ားပိုသီးပါမည္။

Credit.Nway MeeShin