အသိပညာ

ထက်မြက်တဲ့မိန်းမဆိုတာ ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

ထက်မြက်တဲ့မိန်းမဆိုတာ ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

တနေ့ အင်တာဗျူး တခုမှာပေါ့။ တရုပ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေး ဂျက်မားရဲ့ ဇနီးကို သတင်းထောက်က မေးလိုက်တယ်။

“ဂျက်မားက ရုပ်ဆိုးတယ်နော်။ ဘာလို့ သူ့ကို ရွေးချယ်ခဲ့တာလဲ။ သူ မအောင်မြင်ခင် ကျောင်းဆရာ ဘဝထဲက သူ့ကို ရွေးချယ်ခဲ့တယ် ဆိုတော့ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ကျမတို့ သိပါရစေရှင့်”

သူမရိုးရိုးရှင်းရှင်းလေးပဲ ဖြေလိုက်တယ်။ “ဂျက်မားက ရုပ်ဆိုးပါတယ်။ ဒါပေမယ့် အလုပ် ကြိုးစားတယ်။ လုပ်ရည် ကိုင်ရည် ရှိတယ်။ အောင်မြင်ဖို့ အတွက် အမြဲ ကြိုးစားနေတာ။ ဘဝအာမခံချက် တခု ရှိတယ်။ အဲ့ဒီ ဘဝကို ကျမ ပုံဖော်ပေးချင် လို့ပါ” တဲ့။

အခုခေတ်မှာ လူငယ်တွေ အချစ် ဆိုတာကြီးကို အထင်မြင် လွဲလာ ကြတယ်။ တပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့်၊ ဟိုဆိုင် သွားစား ဒီဆိုင် သွားစားတာကို ကျွေးနိုင်မှ အချစ်လို့ ထင်လာ ကြတယ်။

လူအများကြားမှာ အနမ်းတွေ ပေး၊ ဖက်ပြနေမှ အချစ်လို့ ထင်လာ ကြတယ်။ အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ ထင်လာ ကြတယ်။ လိင်ကိစ္စကို ပျော်စရာအဖြစ် သတ်မှတ်လာ ကြတယ်။

သူတို့ဆီမှာ အနာဂတ်ကို မတွေးတော၊ တဘဝစာထက် တခဏတာ ကြားမှာ ပျော်မြူးလာ ကြတယ်။ အရည်အချင်းထက် ရုပ်ရည် ကို ဦးစားပေးလာ ကြတယ်။

တကယ်တော့ အချစ် ဆိုတာ မိသားစု တခုလို ပါပဲ။ ဒုက္ခနဲ့ သုတ၊ မျက်ရည် နဲ့ ရယ်သံ၊ ကျရှုံးမူနဲ့ အောင်မြင်မှုကြား ကိုယ့်ဘက်က အမြဲ ရပ်တည် ရှိနေပေးတတ် ကြသူတွေပါ။

အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေ ရှိတယ်။ ထက်မြတ်တဲ့ မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယောက်ျားတွေ ရှိကြတယ်။

ဘဝအာမခံချက် ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့ အရာပါ။ ဘယ်အာမခံ company မှ ခုံဖိနပ် တရံကို ဒေါ်လာ သန်းချီ မပေးနိုင် သလို၊ ထီ မထိုးပဲ ထီပေါက်ချင်၊ အပင် မစိုက်ပဲ အသီးစားချင်၊ ပါရမီ မဖြည့်ပဲ အောင်မြင်တဲ့ ယောက်ျားတွေကို မမျှော်လင့်ချင်ပါနဲ့။ Ready made တွေက ဘယ်အရာမှ မကောင်းပါဘူး။

ဘဝမှာ ဟင်းကောင်းကောင်း စားရုံ၊ အလှပြင်ရုံ သက်သက် လူဖြစ်လာတဲ့ သာမာန် မိန်းမတွေဟာ အောင်မြင်ပြီးသား ယောက်ျားတွေကို ရှာပြီး သူတို့ ဘဝကို တည်ဆောက်ချင် ကြတယ်။

ထက်မြက်တဲ့ မိန်းမတွေ ကတော့ သူတို့ တကယ် ချစ်တဲ့သူ နဲ့သာ ဘဝကို ရုန်းကန် လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ ယောက်ျားတွေရဲ့ အရေး ပါတဲ့ မိန်းမတွေ ဖြစ်ချင် ကြတယ်။

ပိုက်ဆံ တထောင်ကို တသောင်း ဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ စဉ်းစားမယ့် အစား ဘယ်လို ဖြုန်းရမလဲ စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက လက်တွဲ ဖြုတ်လိုက်ပါ။ သူဟာ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ ပါပဲ။ Crd

Zawgyi

ထက္ျမက္တဲ့မိန္းမဆိုတာ ( ၁ မိနစ္ေလာက္ အခ်ိန္ေပးပီး ဖတ္ေပးပါ )

တေန႕ အင္တာဗ်ဴး တခုမွာေပါ့။ တ႐ုပ္ျပည္ရဲ႕ အခ်မ္းသာဆုံး သူေဌး ဂ်က္မားရဲ႕ ဇနီးကို သတင္းေထာက္က ေမးလိုက္တယ္။

“ဂ်က္မားက ႐ုပ္ဆိုးတယ္ေနာ္။ ဘာလို႔ သူ႕ကို ေ႐ြးခ်ယ္ခဲ့တာလဲ။ သူ မေအာင္ျမင္ခင္ ေက်ာင္းဆရာ ဘဝထဲက သူ႕ကို ေ႐ြးခ်ယ္ခဲ့တယ္ ဆိုေတာ့ ေငြေၾကးေၾကာင့္ေတာ့ မျဖစ္နိုင္ဘူး။ ဘာေၾကာင့္လဲ က်မတို႔ သိပါရေစရွင့္”

သူမရိုးရိုးရွင္းရွင္းေလးပဲ ေျဖလိုက္တယ္။ “ဂ်က္မားက ႐ုပ္ဆိုးပါတယ္။ ဒါေပမယ့္ အလုပ္ ႀကိဳးစားတယ္။ လုပ္ရည္ ကိုင္ရည္ ရွိတယ္။ ေအာင္ျမင္ဖို႔ အတြက္ အၿမဲ ႀကိဳးစားေနတာ။ ဘဝအာမခံခ်က္ တခု ရွိတယ္။ အဲ့ဒီ ဘဝကို က်မ ပုံေဖာ္ေပးခ်င္ လို႔ပါ” တဲ့။

အခုေခတ္မွာ လူငယ္ေတြ အခ်စ္ ဆိုတာႀကီးကို အထင္ျမင္ လြဲလာ ၾကတယ္။ တပတ္ကို သုံးႀကိမ္ေလာက္ ႐ုပ္ရွင္ၾကည့္၊ ဟိုဆိုင္ သြားစား ဒီဆိုင္ သြားစားတာကို ေကြၽးနိုင္မွ အခ်စ္လို႔ ထင္လာ ၾကတယ္။

လူအမ်ားၾကားမွာ အနမ္းေတြ ေပး၊ ဖက္ျပေနမွ အခ်စ္လို႔ ထင္လာ ၾကတယ္။ အ႐ုပ္ေလး ဝယ္ေပး ဟိုဟာဝယ္ေပး နိုင္မွ အခ်စ္လို႔ ထင္လာ ၾကတယ္။ လိင္ကိစၥကို ေပ်ာ္စရာအျဖစ္ သတ္မွတ္လာ ၾကတယ္။

သူတို႔ဆီမွာ အနာဂတ္ကို မေတြးေတာ၊ တဘဝစာထက္ တခဏတာ ၾကားမွာ ေပ်ာ္ျမဴးလာ ၾကတယ္။ အရည္အခ်င္းထက္ ႐ုပ္ရည္ ကို ဦးစားေပးလာ ၾကတယ္။

တကယ္ေတာ့ အခ်စ္ ဆိုတာ မိသားစု တခုလို ပါပဲ။ ဒုကၡနဲ႕ သုတ၊ မ်က္ရည္ နဲ႕ ရယ္သံ၊ က်ရႈံးမူနဲ႕ ေအာင္ျမင္မႈၾကား ကိုယ့္ဘက္က အၿမဲ ရပ္တည္ ရွိေနေပးတတ္ ၾကသူေတြပါ။

ေအာင္ျမင္တဲ့ ေယာက္်ားေတြရဲ႕ ေနာက္ကြယ္မွာ ထက္ျမက္တဲ့ မိန္းမေတြ ရွိတယ္။ ထက္ျမတ္တဲ့ မိန္းမေတြ ေဘးမွာလည္း ေအာင္ျမင္တဲ့ ေယာက္်ားေတြ ရွိၾကတယ္။

ဘဝအာမခံခ်က္ ဆိုတာ ကိုယ္တိုင္ ဖန္တီးရတဲ့ အရာပါ။ ဘယ္အာမခံ company မွ ခုံဖိနပ္ တရံကို ေဒၚလာ သန္းခ်ီ မေပးနိုင္ သလို၊ ထီ မထိုးပဲ ထီေပါက္ခ်င္၊ အပင္ မစိုက္ပဲ အသီးစားခ်င္၊ ပါရမီ မျဖည့္ပဲ ေအာင္ျမင္တဲ့ ေယာက္်ားေတြကို မေမွ်ာ္လင့္ခ်င္ပါနဲ႕။ Ready made ေတြက ဘယ္အရာမွ မေကာင္းပါဘူး။

ဘဝမွာ ဟင္းေကာင္းေကာင္း စား႐ုံ၊ အလွျပင္႐ုံ သက္သက္ လူျဖစ္လာတဲ့ သာမာန္ မိန္းမေတြဟာ ေအာင္ျမင္ၿပီးသား ေယာက္်ားေတြကို ရွာၿပီး သူတို႔ ဘဝကို တည္ေဆာက္ခ်င္ ၾကတယ္။

ထက္ျမက္တဲ့ မိန္းမေတြ ကေတာ့ သူတို႔ တကယ္ ခ်စ္တဲ့သူ နဲ႕သာ ဘဝကို ႐ုန္းကန္ လႈပ္ရွား ေဖးမကူညီရင္း ေအာင္ျမင္တဲ့ ေယာက္်ားေတြရဲ႕ အေရး ပါတဲ့ မိန္းမေတြ ျဖစ္ခ်င္ ၾကတယ္။

ပိုက္ဆံ တေထာင္ကို တေသာင္း ျဖစ္ေအာင္ ဘယ္လို လုပ္ေပးရမလဲ စဥ္းစားမယ့္ အစား ဘယ္လို ျဖဳန္းရမလဲ စဥ္းစားေနတဲ့ လက္တြဲေဖာ္ ရွိရင္ ခုထဲက လက္တြဲ ျဖဳတ္လိုက္ပါ။ သူဟာ သင့္ဘဝရဲ႕ ပါရမီျဖည့္ဘက္ ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္လို႔ ပါပဲ။ Crd