အနုပညာ

လတ်တလော ပျံ့နှံ့နေတဲ့ ကလေးဖွတ်ထားတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပက်သက်ပြီး ပွင့်ပွင်းလင်းလင်း ဖြေရှင်းလိုက်တဲ့ မယ်လိုဒီ

ပရိတ်သတ်ကြီးရေ မင်းသမီး မယ်လိုဒီကတော့ ခင်ပွန်းနဲ့ အတိအလင်း ကွာရှင်းခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးတည်းသော သားလေးနဲ့ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။

ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပြီးနောက်မှာတော့ ကောလဟာလများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပါတယ်။ မင်းသမီး မယ်လိုဒီကတော့ အဆိုပါ ကောလဟာလများနဲ့ ပက်သက်ပြီး အခုလို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

မယ်လိုဒီ ပြောခဲ့တာကတော့ ” အကောင့်တုတွေနဲ့pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ရှင် ကျွန်မမှာ အရင်က သား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား

ကျွန်မရဲ့လှပမှုကြောင့်သရုပ်ဆောင်အလုပ်ကို လုပ်ဖို့ အားလုံးကတိုက်တွန်းလို့ လုပ်ဖြစ်ခဲ့တာပါ အဲ့ဒီအတွက် အကောင်းအဆိုး မျှတပါတယ် ကျွန်မသား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် မွေးထားခဲ့ရင်

အသားရည်ရဲ့လှပမှု မျက်ဝန်းရဲ့ဆွဲဆောင်မှု ကျစ်လစ်တင်းရင်းသော ခြေတံ လက်တံ သွယ်လျပေမယ့် ကျန်းမာသန်စွမ်း ရေသန့်ဗူးကြီးတောင်အသာလေး မ နိုင်တဲ့

လက်ချောင်ကလေးများ ပုံသေနည်းမရှိပေမယ့် နှလုံးသားနဲ့ချက်လို့ အမြဲစားကောင်းတဲ့အစားအသောက်များသိပ်ချစ်တတ်ပြီး အချစ်ကိုတန်ဖိုးထား ချစ်တဲ့သူကို ဖူးဖူးမှုတ် ထားတတ်ပြီး

ချစ်ခြင်းကိုစော်ကားရင်တော့ လွှတ်ချလိုက်ဖို့ ဝန်မလေးသူ ကိုယ်မကြိုက် မချစ်ရင် ဘာဘဲအမ်းအမ်းမယူဘဲ ချစ်ကြိုက်မလို့ကတော့ စည်းစိမ်မက ချော်ကီးအိမ်ပါထုတ်အ်မ်းချင်သူ😜

အမေနဲ့မက နောက်ဆက်တွဲတွေကိုပါ ရေမီးစုံလေထီးခုန်လို့ရအောင်ထားနိုင်သူတစ်အိမ်တည်းအတူတူနေတာတောင် စားပြီးသောက်ပြီးတစ်လ ၅သိန်းလစဉ်ကန်တော့တဲ့သူ

ဘုရားဖူး ခရီးထွက်ရင်ထပ်ပေးသူ စေတနာဆရာမအဖြစ် တောကျောင်းလေးမှာ စာသင်ပေးခဲ့သူအဒေါ်အပျိုကြီးတွေဆုံးမမှု့အောက်မှာယဉ်ကျေးလိမ်မာပြီ

အဒေါ်တွေလက်ကလွတ်တာတဲ့ မီးကုန်ယမ်းကုန် ကဲတဲ့သူ😷😎မိဘမဲ့ကလေး HIV ဖြစ်နေတဲ့သူတွေအတွက် အိမ်ထောင်မပြုခင်ထိ လှူတန်း လုပ်အားပေးရန် အမြဲရှိနေခဲ့သူ

ဘုရား တရား သံဃာ ကို လက်လာဘ အတွက်ကိုးကွယ်ဖို့မဟုတ်ဘဲ ကောင်းမွန်သောလမ်းစဉ်ကို လိုက်နာကျင့်ကြံကြိုးစားနေသူလေး ထက်မြတ်ပြီး

စိတ်ထားမြင့်မြတ်တဲ့အမျိုးသမီးကောင်းတွေဆီက အကြင်နာ မေတ္တာနဲ့ မြတ်စွာဘုရားရဲ့တရားတော်များအား သင်ယူနေသူလေး (ဆိုးတာက အစ်မတွေနဲ့မဆိုင်ဘူး အော်ဆိုးလေး)

ဆက်ဖေါ်ရင် ကိုယ့်ကိုကိုယ်ဖေါ်မသူတော်ဖြစ်တော့မယ်😜ကဲ အဲ့လိုကလေးမျိုးလေးဘဲဖြစ်နေမယ့်သူကို ဖွက်ထားလို့ရပါ့မလားကျွန်မကမွေးရင် ၅၀%တော့ကျွန်မနဲ့တူမှာသေချာတယ်

အလကားနေ game ကစား online ပေါ်တတ် စကားဖွ အကုသိုလ်ပေးတဲ့အလုပ်မလုပ်သူ ကျွန်မသာတကယ်မွေးထားခဲ့ရင် ကျွန်မကလေးက ကျွန်မတင်မကဘူး

ကျွန်မနဲ့ပက်သတ်တဲ့သူကိုပါ ထမင်းစားပွဲရှေ့ရောက် ထမင်းမအေး ဟင်းမအေး ပူပူနွေးနွေး ကျန်းမာရေးနဲ့ညီညွှတ်အောင် ထားတဲ့ သားသမီးဖြစ်နေမှာ

ဒါကြောင့်စိတ်ကူးယဉ်အကုသိုလ်ဇာတ်လမ်းတွဲထဲမှာဘဲ စီးမြောမနေကြပါနဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့လေးစားတန်ဖိုးထား ချစ်တတ်မယ့် သိဒ္ဓိစစ် Siddhi Sittလေးကိုဘဲ

မျှော်မှန်းမေတ္တာပို့ကာ အချစ်တွေစုထားကြပါနော် မေမေရှာသမျှ သားချစ်တဲ့ သမီး ဒါမှမဟုတ် အချော်လေး အတွက်ပါဘဲ လိမ်မာရင် အိမ်ပါ အပိုင်ပေးမှာပါ။ ” ဆိုကာ

သူမကိုယ်တိုင် မွေးဖွားခဲ့ပြီး ပရိတ်သတ်မသိအောင် ဖွက်ထားတဲ့ ကလေး မရှိဘူးဆိုတာကို ရှင်းပြခဲ့ပါတယ်…။