(18.6.2020 မှ 24.6.2020 )အထိ ၇ရက်သားသမီးတစ်ပါတ်စာဟောစာတမ်း

18.6.2020 မှ 24.6.2020 အထိ ၇ရက်သားသမီးတစ်ပါတ်စာဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလမှာသူတစ်ပါးအရှုံးပေါ်နေသည့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပါက အောင်မြင်မှုရရှိစေတတ် ပါတယ်။ တစ်ဖက်လူအပေါ် စိတ်ဓါတ်စစ်ဆင်ရေးများပြုလုပ်ပြီး မိမိရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။ဖြစ်ပျက်နေသောပြဿနာအလုံးစုံကို ဆင်ခြင်တုံတရားနှင့် ဖြေရှင်းလျှင် အစစအရာရာ အဆင်ပြေသွားမည်။ဘောင်မဲ့နေသောစီးပွားရေးလုပ်ငန်းအချို့ကိုပြင်ဆင်လုပ်ကိုင်သင့်ပါသည်။ ကိုယ့်ထူး၊ ကိုယ်ချွန် စိတ်ရှိပြီး သူတစ်ပါးဝေဖန် အကြံပေးမှုကို လုံးဝလက်မခံတတ်ချိန်ပါ။ ကျန်းမာရေးကောင်းမွန်စေရန် ဖိနပ်အပြတ် တွေရှိရင်စွန့်ပစ်လိုက်ပါ။အများနဲ့လိုက်လျောညီထွေစွာပြုလုပ်ပြောဆိုဆက်ဆံနိုင်ခြင်းသည် အောင်မြင်ရေး အတွက် သော့ချက် ဖြစ်ပါတယ်။ တစ်ချို့သောစီးပွားရေးကိစ္စများတွင် တစ်ဖက်လူစီးပွားပြိုင်ဘက်များအား လိုက်လျော ညီထွေ ဖြစ်စေရန် အလျှော့ပေး၍ ဆက်ဆံမှုပြုရန်လိုပါသည်။ အချစ်ရေးမှာတော့ ချစ်သူကမိမိကိုဂရုစိုက်ပါလိမ့် မယ်။ ချစ်သူမရှိသေးသူများ ချစ်ရသူနဲ့ ပိုမိုနီးစပ်အောင်လုပ်ဖို့ ဖန်တီးသင့်တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးကံမြင့်မား နေပါလိမ့်မယ်။မပြေလည်တဲ့ အိမ်တွင်းရေးတွေ ပြေလည်သွားပါလိမ့်မယ်။ပညာရေးကတော့ ကြိုးစားသမျှအဆင် ပြေထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၆/၉
အထူးဟော ကံအကောင်းများတဲ့ ကာလပါပဲ။
ယတြာ ကြက်အသည်းအမြစ်ဟင်းနဲ့ ဘုရားဆွမ်းတော်ကပ်လှူပေးပါ။

#တနင်္လာ

ဒီကာလအတွင်းမှာ သင့်အားအထူးမှာကြားလို သည်မှာ သင်၏စိတ်ကိုလျှော့၍ အနားယူပါ။ သင့်အတွက် ကံဇာတာ အနည်းငယ် ညံ့နေတတ်ပါသည်။ သူတစ်ပါး၏ ဝေဖန်တိုက်ခိုက်ပြောဆိုမှုများ ကြုံတွေ့ရနိုင်ပါသည်။ ဘာပြဿနာမှ မဖြစ်အောင်နေပါ။ ငွေသုံးစွဲခြင်း၊ ချေးငှားခြင်း၊ အာမခံခြင်း၊ စသည်တို့ကို ဂရုတစိုက် ဆောင်ရွက်မှ အဆင်ပြေလာပါလိမ့်မည်။ သင်ကြံစည် စိတ်ကူးထားသော လုပ်ငန်းများကို စတင်လုပ်ကိုင်ရတတ်ပါသည်။ ခရီးတစ်ခုသွားမည်ဟု ကြံစည်ထားပြီးမှ ပျက်သွားတတ်ပါသည်။ အလုပ်နေရာ၊ အိမ်နေရာအတွက် စိတ်ညစ်စရာ အနည်းငယ် ကြုံတွေ့နေရတတ်ပါသည်။ ဆွေမျိုးသားချင်းများနှင့် စိတ်ဝမ်းကွဲစရာ ပြဿနာများ ဖြစ်ပေါ်နေ တတ် ပါသည်။ ကျန်းမာရေးတွင် တစ်ခါတစ်ရံ၌ နှလုံးသွေးအားနည်းသော ဝေဒနာများ ဖြစ်ပေါ်နေလိမ့်မည်။ ငယ်ရွယ်သူများ ချစ်သူ၊ သူငယ်ချင်းများထံမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ရရှိတတ် ပါသည်။ မိမိ၏ပညာရေးကတော့ မျှော်လင့်ချက်မရှိနိုင်ဟု တွေးထားသော မိမိ၏ ပညာရေးလုပ်ငန်းများ ရုတ်တရက် အောင်မြင်ကျော်ကြားမှုများ ကြုံတွေ့ရနိုင်ပါသည်။ အိမ်ထောင်ရေး အေးချမ်းသာယာနိုင်ပါတယ်။ အိမ်ထောင်ဘက်က အလုပ်များနေတာကြောင့် ဝိုင်းကူလုပ်ပေးရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၀
အထူးဟော မေတ္တာရေး၊စန်းအား အလွန်ကောင်းနေတတ်ပါတယ်။
ယတြာ တို့ဟူးနွေးတစ်ပန်းကန်ဘုရားကပ်လှူပါ။

#အင်္ဂါ

ဒီကာလအတွင်း တစ်ပါးသူမမေးပါဘဲ ပြောဆိုချင်မိသော နှုတ်မစောင့်စည်းမှုများကြောင့် ပြဿနာဖြေရှင်းရစေ တတ်ပါတယ်။ လူကြီးမိဘများထံမှ အမွေအနှစ်များ လက်ခံရရှိစေတတ်ပါတယ်။ မကြာခဏခရီးထွက်ရတတ် ပါတယ်။ရပ်ဝေးခရီးထွက်ခွာရန်ကြိုးစားပါကယခုအချိန်သည်အကောင်းဆုံးဖြစ်သည်။ မိမိ၏မိသားစုအတွင်းအပြင် လူမှ ပြဿနာဖြစ်စေရန် အမျိုးမျိုးလှည့်စားခြင်း ခံရတတ်ပါတယ်။ ခြေလေးချောင်းသားအစားအစာများနှင့် ပတ်သက်၍ မိမိ၏ကျန်းမာရေးချို့တဲ့စေလိမ့်မည်။ အစာမှားဆေးမှား ကြုံရစေတတ်ပါတယ်။ အတွင်းလူယုံအား သတိထားရန်လိုအပ်ပါသည်။ ကျန်းမာရေး ဂရု စိုက်ပါ။ လက်ရှိအနေအထားမှ အောင်မြင်မှုရရန် လွန်စွာကြိုးစားရ ပါလိမ့်မည်။ ယခုကာလတွင် ဘာသာရေးကို ပိုမိုပြုလုပ်ရမည်။ မနာလိုဝန်တိုမှု၊ ကောလဟာလ ပြောဆိုမှု၊ မကောင်း ကြံစည်မှုများခံရတတ်သည်။အချစ်ရေးကတော့ချစ်သူနဲ့ဆုံချင်ပေမယ့် ဆုံဖို့ခက်နေတဲ့အနေအထားပါပဲ။ အိမ်ထောင် သည်များ စုတ်ကိစ္စများအထူးရှောင်ပါ။ အမျိုးသားများ လိင်မတူသူတွေရဲ့ အနှောက်အယှက်ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စများတွင် ဝီရိယလွန်ကဲစွာထားရှိရန် လိုအပ်ပါသည်။ ကံမပေးတဲ့အတွက် ဝီရိယကို အားထည့်ရမယ့် ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၈/၃
အထူးဟော ကံအားထက် ဉာဏ်အား၊ဝီရိယအားကို စိုက်ထုတ်ပါ။
ယတြာ ရဟန်းတစ်ပါးကို လွယ်အိတ်တစ်လုံးလှူလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း မအောင်မြင်သော လုပ်ငန်းများအား ဇွတ်လုပ်ကိုင်မိ၍ အချိန်ကုန်၊ လူပင်ပန်းဖြစ်ရစေတတ် ပါတယ်။မည်သည့်အလုပ်ကိစ္စများတွင်မဆိုတစ်ဦးတစ်ယောက်တည်းလုပ်ကိုင်ခြင်းထက်စပ်တူရှယ်ယာအဖြစ်ပူးတွဲ လုပ်ကိုင်ရခြင်းကသာ အကောင်းဆုံးဖြစ်နေပါလိမ့်မည်။ ဘဝရပ်တည်မှုမငြိမ်မသက်ရှိနေမည်။ စည်းကမ်းကောင်း မည်။ မကောင်းသောအပြုအမူများအတွက် ရှောင်ကြဉ်နိုင်စွမ်းရှိပါလိမ့်မည်။ ဘာသာရေးဆိုင်ရာကျင့်စဉ်များအား ဆောင်ရွက်နိုင်ပါလိမ့်မည်။ အလှူဒါနပေးကမ်း စွန့်ကြဲမှုပြုရပါလိမ့်မည်။ ငွေကြေးကိစ္စအတွက် အခက်အခဲရှိနေပါ လိမ့် မည်။ အလုပ်နေရာများစွာ ပြောင်းရွှေ့နေထိုင် ရတတ်ပါတယ်။ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ လေနှင့်ဆိုင်သော ဝေဒနာ များ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ အိပ်ရေးပျက်မခံပါနှင့်။ ဝမ်းမြောက်စရာသတင်း စကား ကောင်းများ ကြားသိရခြင်း ကြုံတတ်သည်။ ငွေကြေးရပေါက်ကို လောဘတတ်ပြီး မစွန့်စားပါနှင့်။ ခြိုးခြိုးခြံခြံနေထိုင်၍ တစ်ပါးသူများကိုလည်း ကောလဟာလ မပြောဆိုပါနှင့်။ အချစ်ရေးတွင် ရွေးချယ်စရာ နှစ်ဦးနှစ်ယောက် ပေါ်ပေါက် စေတတ်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ဘက်ရဲ့ အမျိုးထဲမှ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စများ ကြုံတွေ့ရတတ်ပါတယ်။ ပညာ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်ကြောင့်အမှားများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅
အထူးဟော မတည်ငြိမ်၊အခြေမကျတာမျိုးတွေဖြစ်တတ်ပါတယ်။
ယတြာ ချဉ်ပေါင်ကြော်နဲ့ ဘုရားဆွမ်းတော်ကပ်ပေးပါ။

#ကြာသပတေး

ယခုကာလအတွင်း လျှို့ဝှက်ချက်များအား ဖော်ထုတ်နိုင်စွမ်း ရှိပါလိမ့်မည်။ မိမိ၏အကြားအမြင်၊ ထင်မြင် ချက် များ မှန်ကန်နေတတ်ပါတယ်။ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအကျိုးကို ခံစားရပါလိမ့်မည်။ တစ်ပါးသူ အပေါ်တွင်ယုံကြည်မှုလွန်ကဲတတ်ပါတယ်။သတိပြုပါ။ဝင်ငွေများစွာဝင်လာနိုင်ပါသော်လည်း ငွေပူများဖြစ်နေ တတ် ပါ တယ်။ သူတစ်ပါးအခက်အခဲများစွာ အား ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ ဘဝအတွေ့အကြုံနှင့် လောကဓံတရားအား ခံနိုင်ရည်ရှိနေပါလိမ့်မည်။ရတနာပစ္စည်းရောင်းဝယ်ခြင်း၊တူးဖေါ်ခြင်းများအကျိုးထူးများခံစားရပါလိမ့်မည်။ အခက်အခဲနှင့် အကြပ်အတည်းများ ရင်ဆိုင်ရတတ်ပါတယ်။ အတတ်ပညာကိုအခြေတည်၍ အဆင့်မြင့်တိုးတတ်မှုများ ဖန်တီးနိုင်မည်။ တစ်ပါးသူကိုကူညီပါကငွေလည်းကုန်၊ သိက္ခာလည်းကျရသောကိစ္စများကြုံမည်။ သူတစ်ပါးမှ ကိုယ့် အပေါ် အကောက်ကြံ တတ်သည်။ မြင့်မားသောအဆင့်သို့ရောက်ရှိမည်။ အပြိုင်အဆိုင်များကို ကျော်လွှားနိုင်မည်။ လူအများကြားပေါ်လွင် ထင်ရှားမှု ရှိမည်။ ယှဉ်ပြိုင်သူများအပေါ်အနိုင်ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ လူကြီး မိဘတို့ဆီက အကူအညီကောင်းများ ရတတ်ပါတယ်။ ပညရေးတွင်တော့အစီအစဉ်ဟောင်းတွေ ပြန်အကျိုး ပေး တတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၅
အထူးဟော စီးပွားရေးတိုးတတ်နိုင်ပါတယ်။
ယတြာ သဇင်ပန်း(သို့) သစ္စာပန်း ဘုရားကပ်လှူပေးပါ။

#သောကြာ

ဒီကာလအတွင်း ခရီးသွားစရာကိစ္စများပေါ်ပေါက်လာ တတ်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာရရှိစေ တတ်ပါတယ်။ဘာသာရေးစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများနှင့် အဓိဋ္ဌာန်ဝင်ခြင်းများဆောင်ရွက်ခွင့်ကြုံတတ်ပါ တယ်။ မိမိကြိုးစားအားထုတ်မှုများ အရာမထင်ဖြစ်နေတတ်ပါတယ်။ ဝမ်းနည်းကြေကွဲစရာကိစ္စရပ်များလည်း ဖြစ်ပေါ် ခံစားနေရတတ်ပါတယ်။ အကြီးအကဲတွေရဲ့ကျန်းမာရေးချို့တဲ့ခြင်း၊ ဝေဒနာပြင်းထန်စွာခံစားရခြင်းများ ကြုံတွေ့ရ တတ်ပါတယ်။ ဥပဒေဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်မှုပြုရပါလိမ့်မည်။ စိတ်ကူးကောင်းဖြင့် အလုပ်များစွာ လုပ် ကိုင် ဆောင်ရွက်မှု ပြုရပါလိမ့်မည်။ ညအိပ်၊ ညနေခရီးများ သွားလာရတတ်ပါတယ်။ နေအိမ်တွင် အဝေးရောက် မိသားစု ဝင်တစ်ဦးပြန်ရောက်လာတတ်ပါတယ်။ မိမိပိုင်ပစ္စည်းများထဲမှ ပျက်စီးမှု၊ ပျောက်ဆုံးမှု ဖြစ်ပေါ်စေတတ် ပါတယ်။ ကျန်းမာရေးအထူးသတိပြုသင့်ပါတယ်။ခန္ဓာကိုယ်တွင် အပူနှင့်ဆိုင်သောဝေဒနာများဖြစ်ပေါ်ခံစားရတတ် ပါတယ်။ အချစ်ရေးတွင် အရာရာယုံ အောင်ပြော၍ လှည့်စားတတ်သူမျိုးနှင့် ဆုံစည်းရတတ်ပါတယ်။ သင့်ရုံမျှတစွာ ဖြင့် ချင့်ယုံကြမှသာအန္တရာယ်ကင်းစေလိမ့်မည်။ အိမ်ထောင်ရေး၊အိမ်တွင်းရေးသာယာပျော်ရွှင်နေပါလိမ့်မယ်။ပညာ ရေးမှာတော့ မိမိစိတ်က သင်ယူလိုစိတ်အားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၇
အထူးဟော အလုပ်များ၊စိတ်များရတတ်ပါတယ်။
ယတြာ ဘုရားစေတီမှာ တံမြက်စည်းလှည်းကုသိုလ်ယူပါ။

#စနေ

ယခုကာလအတွင်း ဝန်ထမ်းများဖြစ်ပါက ဌာနအတွင်း အားလုံးနှင့်အဆင်ပြေအောင်ကြိုးစားပါ။ သို့မှသာ အခွင့်အလမ်း ကောင်းများ ရရှိမည်။ နေအိမ်၊ တိုက်တာ၊ အဆောက်အဦး၊ ကားနှင့်ပတ်သက်၍ မိမိအတွက်အကျိုး အမြတ် များ ရရှိမည်။ သို့သော်ပြည်ပနှင့်ဆက်သွယ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းကိစ္စများရှိနေပါက ထိုကိစ္စ အတွက် ခေါင်းခဲရမှုများရှိနေမည်။ မိမိအားမနာလိုသူအတိုက်အခံပြုလိုသူများ ရှိနေတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အစာအဆိပ်ဖြစ်ခြင်း၊ သွေးအဆိပ်ဖြစ်တတ်ခြင်းများ ရှိတတ်၍ တစ်ပါးသူ ပေးသော၊ ကျွေးသောအစားအစာများကို သတိထားဆင်ခြင်စားသောက်သင့်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်တွင်းရေး အေးချမ်းသာယာမည်။ သားကောင်း၊ သမီးကောင်းများကြောင့်စိတ်ချမ်းသာရပါလိမ့်မယ်။ ငယ်ရွယ် သူများ အချစ်ရေးကံ အရမ်းညံ့နေပါ၍ ဦးစားမပေးသင့်သေးပါ။ စပ်တူရှယ်ယာလုပ်ငန်းများ၊ အကျိုးဆောင်လုပ်ငန်း များ လုပ်သူများအဖို့ စိတ်ညစ်စရာအနည်းငယ် တွေ့ကြုံနေရတတ်သည်။ ပညာရေးတိုးတတ်မှုအတွက် အခြား အရာများစွာ တွင် ထိခိုက်နစ်နာစရာ များစွာဖြစ်ပွားတတ်သည်ကို အထူးသတိထားပါ။ ကိုယ်ပိုင်စီးပွားရေး မှာတော့ အစစအရာရာ အထူးသတိဝီရိယထားဆောင်ရွက်ပါမှ အဆင်ပြေ နိုင်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးလည်း အထူး သတိပြုပါ။

အကျိုးပေးဂဏန်း ၁/၅/၇
အထူးဟော ကျန်းမာရေးသတိပြုသင့်တဲ့ကာလပါပဲ။
ယတြာ သီးစုံပဲဟင်းချက်ပြီး ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

#Zawgyi
18.6.2020 မွ 24.6.2020 အထိ ၇ရက္သားသမီးတစ္ပါတ္စာေဟာစာတမ္း

#တနဂၤေႏြ

ဒီကာလမွာသူတစ္ပါးအရႈံးေပၚေနသည့္လုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ပါက ေအာင္ျမင္မႈရရွိေစတတ္ ပါတယ္။ တစ္ဖက္လူအေပၚ စိတ္ဓါတ္စစ္ဆင္ေရးမ်ားျပဳလုပ္ၿပီး မိမိရည္မွန္းခ်က္ဆီသို႔ မေရာက္ေရာက္ေအာင္ လုပ္ေဆာင္နိုင္ပါလိမ့္မည္။ျဖစ္ပ်က္ေနေသာျပႆနာအလုံးစုံကို ဆင္ျခင္တုံတရားႏွင့္ ေျဖရွင္းလွ်င္ အစစအရာရာ အဆင္ေျပသြားမည္။ေဘာင္မဲ့ေနေသာစီးပြားေရးလုပ္ငန္းအခ်ိဳ႕ကိုျပင္ဆင္လုပ္ကိုင္သင့္ပါသည္။ ကိုယ့္ထူး၊ ကိုယ္ခြၽန္ စိတ္ရွိၿပီး သူတစ္ပါးေဝဖန္ အႀကံေပးမႈကို လုံးဝလက္မခံတတ္ခ်ိန္ပါ။ က်န္းမာေရးေကာင္းမြန္ေစရန္ ဖိနပ္အျပတ္ ေတြရွိရင္စြန႔္ပစ္လိုက္ပါ။အမ်ားနဲ႕လိုက္ေလ်ာညီေထြစြာျပဳလုပ္ေျပာဆိုဆက္ဆံနိုင္ျခင္းသည္ ေအာင္ျမင္ေရး အတြက္ ေသာ့ခ်က္ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာစီးပြားေရးကိစၥမ်ားတြင္ တစ္ဖက္လူစီးပြားၿပိဳင္ဘက္မ်ားအား လိုက္ေလ်ာ ညီေထြ ျဖစ္ေစရန္ အေလွ်ာ့ေပး၍ ဆက္ဆံမႈျပဳရန္လိုပါသည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူကမိမိကိုဂ႐ုစိုက္ပါလိမ့္ မယ္။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္ရသူနဲ႕ ပိုမိုနီးစပ္ေအာင္လုပ္ဖို႔ ဖန္တီးသင့္တဲ့ေန႕ရက္ေတြပါပဲ။ အိမ္ေထာင္ေရးကံျမင့္မား ေနပါလိမ့္မယ္။မေျပလည္တဲ့ အိမ္တြင္းေရးေတြ ေျပလည္သြားပါလိမ့္မယ္။ပညာေရးကေတာ့ ႀကိဳးစားသမွ်အဆင္ ေျပထြန္းေပါက္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၆/၉
အထူးေဟာ ကံအေကာင္းမ်ားတဲ့ ကာလပါပဲ။
ယၾတာ ၾကက္အသည္းအျမစ္ဟင္းနဲ႕ ဘုရားဆြမ္းေတာ္ကပ္လႉေပးပါ။

#တနလၤာ

ဒီကာလအတြင္းမွာ သင့္အားအထူးမွာၾကားလို သည္မွာ သင္၏စိတ္ကိုေလွ်ာ့၍ အနားယူပါ။ သင့္အတြက္ ကံဇာတာ အနည္းငယ္ ညံ့ေနတတ္ပါသည္။ သူတစ္ပါး၏ ေဝဖန္တိုက္ခိုက္ေျပာဆိုမႈမ်ား ႀကဳံေတြ႕ရနိုင္ပါသည္။ ဘာျပႆနာမွ မျဖစ္ေအာင္ေနပါ။ ေငြသုံးစြဲျခင္း၊ ေခ်းငွားျခင္း၊ အာမခံျခင္း၊ စသည္တို႔ကို ဂ႐ုတစိုက္ ေဆာင္႐ြက္မွ အဆင္ေျပလာပါလိမ့္မည္။ သင္ႀကံစည္ စိတ္ကူးထားေသာ လုပ္ငန္းမ်ားကို စတင္လုပ္ကိုင္ရတတ္ပါသည္။ ခရီးတစ္ခုသြားမည္ဟု ႀကံစည္ထားၿပီးမွ ပ်က္သြားတတ္ပါသည္။ အလုပ္ေနရာ၊ အိမ္ေနရာအတြက္ စိတ္ညစ္စရာ အနည္းငယ္ ႀကဳံေတြ႕ေနရတတ္ပါသည္။ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ စိတ္ဝမ္းကြဲစရာ ျပႆနာမ်ား ျဖစ္ေပၚေန တတ္ ပါသည္။ က်န္းမာေရးတြင္ တစ္ခါတစ္ရံ၌ ႏွလုံးေသြးအားနည္းေသာ ေဝဒနာမ်ား ျဖစ္ေပၚေနလိမ့္မည္။ ငယ္႐ြယ္သူမ်ား ခ်စ္သူ၊ သူငယ္ခ်င္းမ်ားထံမွ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ရရွိတတ္ ပါသည္။ မိမိ၏ပညာေရးကေတာ့ ေမွ်ာ္လင့္ခ်က္မရွိနိုင္ဟု ေတြးထားေသာ မိမိ၏ ပညာေရးလုပ္ငန္းမ်ား ႐ုတ္တရက္ ေအာင္ျမင္ေက်ာ္ၾကားမႈမ်ား ႀကဳံေတြ႕ရနိုင္ပါသည္။ အိမ္ေထာင္ေရး ေအးခ်မ္းသာယာနိုင္ပါတယ္။ အိမ္ေထာင္ဘက္က အလုပ္မ်ားေနတာေၾကာင့္ ဝိုင္းကူလုပ္ေပးရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၃/၀
အထူးေဟာ ေမတၱာေရး၊စန္းအား အလြန္ေကာင္းေနတတ္ပါတယ္။
ယၾတာ တို႔ဟူးေႏြးတစ္ပန္းကန္ဘုရားကပ္လႉပါ။

#အဂၤါ

ဒီကာလအတြင္း တစ္ပါးသူမေမးပါဘဲ ေျပာဆိုခ်င္မိေသာ ႏႈတ္မေစာင့္စည္းမႈမ်ားေၾကာင့္ ျပႆနာေျဖရွင္းရေစ တတ္ပါတယ္။ လူႀကီးမိဘမ်ားထံမွ အေမြအႏွစ္မ်ား လက္ခံရရွိေစတတ္ပါတယ္။ မၾကာခဏခရီးထြက္ရတတ္ ပါတယ္။ရပ္ေဝးခရီးထြက္ခြာရန္ႀကိဳးစားပါကယခုအခ်ိန္သည္အေကာင္းဆုံးျဖစ္သည္။ မိမိ၏မိသားစုအတြင္းအျပင္ လူမွ ျပႆနာျဖစ္ေစရန္ အမ်ိဳးမ်ိဳးလွည့္စားျခင္း ခံရတတ္ပါတယ္။ ေျခေလးေခ်ာင္းသားအစားအစာမ်ားႏွင့္ ပတ္သက္၍ မိမိ၏က်န္းမာေရးခ်ိဳ႕တဲ့ေစလိမ့္မည္။ အစာမွားေဆးမွား ႀကဳံရေစတတ္ပါတယ္။ အတြင္းလူယုံအား သတိထားရန္လိုအပ္ပါသည္။ က်န္းမာေရး ဂ႐ု စိုက္ပါ။ လက္ရွိအေနအထားမွ ေအာင္ျမင္မႈရရန္ လြန္စြာႀကိဳးစားရ ပါလိမ့္မည္။ ယခုကာလတြင္ ဘာသာေရးကို ပိုမိုျပဳလုပ္ရမည္။ မနာလိုဝန္တိုမႈ၊ ေကာလဟာလ ေျပာဆိုမႈ၊ မေကာင္း ႀကံစည္မႈမ်ားခံရတတ္သည္။အခ်စ္ေရးကေတာ့ခ်စ္သူနဲ႕ဆုံခ်င္ေပမယ့္ ဆုံဖို႔ခက္ေနတဲ့အေနအထားပါပဲ။ အိမ္ေထာင္ သည္မ်ား စုတ္ကိစၥမ်ားအထူးေရွာင္ပါ။ အမ်ိဳးသားမ်ား လိင္မတူသူေတြရဲ႕ အေႏွာက္အယွက္ႀကဳံရတတ္ပါတယ္။ ပညာေရးကိစၥမ်ားတြင္ ဝီရိယလြန္ကဲစြာထားရွိရန္ လိုအပ္ပါသည္။ ကံမေပးတဲ့အတြက္ ဝီရိယကို အားထည့္ရမယ့္ ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၁/၈/၃
အထူးေဟာ ကံအားထက္ ဉာဏ္အား၊ဝီရိယအားကို စိုက္ထုတ္ပါ။
ယၾတာ ရဟန္းတစ္ပါးကို လြယ္အိတ္တစ္လုံးလႉလိုက္ပါ။

#ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း မေအာင္ျမင္ေသာ လုပ္ငန္းမ်ားအား ဇြတ္လုပ္ကိုင္မိ၍ အခ်ိန္ကုန္၊ လူပင္ပန္းျဖစ္ရေစတတ္ ပါတယ္။မည္သည့္အလုပ္ကိစၥမ်ားတြင္မဆိုတစ္ဦးတစ္ေယာက္တည္းလုပ္ကိုင္ျခင္းထက္စပ္တူရွယ္ယာအျဖစ္ပူးတြဲ လုပ္ကိုင္ရျခင္းကသာ အေကာင္းဆုံးျဖစ္ေနပါလိမ့္မည္။ ဘဝရပ္တည္မႈမၿငိမ္မသက္ရွိေနမည္။ စည္းကမ္းေကာင္း မည္။ မေကာင္းေသာအျပဳအမူမ်ားအတြက္ ေရွာင္ၾကဥ္နိုင္စြမ္းရွိပါလိမ့္မည္။ ဘာသာေရးဆိုင္ရာက်င့္စဥ္မ်ားအား ေဆာင္႐ြက္နိုင္ပါလိမ့္မည္။ အလႉဒါနေပးကမ္း စြန႔္ႀကဲမႈျပဳရပါလိမ့္မည္။ ေငြေၾကးကိစၥအတြက္ အခက္အခဲရွိေနပါ လိမ့္ မည္။ အလုပ္ေနရာမ်ားစြာ ေျပာင္းေ႐ႊ႕ေနထိုင္ ရတတ္ပါတယ္။ ခါးနာျခင္း၊ ခါးကိုက္ျခင္း၊ ေလႏွင့္ဆိုင္ေသာ ေဝဒနာ မ်ား ျဖစ္ေပၚခံစားရတတ္ပါတယ္။ အိပ္ေရးပ်က္မခံပါႏွင့္။ ဝမ္းေျမာက္စရာသတင္း စကား ေကာင္းမ်ား ၾကားသိရျခင္း ႀကဳံတတ္သည္။ ေငြေၾကးရေပါက္ကို ေလာဘတတ္ၿပီး မစြန႔္စားပါႏွင့္။ ၿခိဳးၿခိဳးၿခံၿခံေနထိုင္၍ တစ္ပါးသူမ်ားကိုလည္း ေကာလဟာလ မေျပာဆိုပါႏွင့္။ အခ်စ္ေရးတြင္ ေ႐ြးခ်ယ္စရာ ႏွစ္ဦးႏွစ္ေယာက္ ေပၚေပါက္ ေစတတ္ပါတယ္။ ခ်စ္သူ၊ အိမ္ေထာင္ဘက္ရဲ႕ အမ်ိဳးထဲမွ အလႉပြဲ၊ မဂၤလာပြဲကိစၥမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ ပညာ ေရးနဲ႕ပတ္သက္ၿပီး စိုးရိမ္ပူပန္စိတ္ေၾကာင့္အမွားမ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၅
အထူးေဟာ မတည္ၿငိမ္၊အေျခမက်တာမ်ိဳးေတြျဖစ္တတ္ပါတယ္။
ယၾတာ ခ်ဥ္ေပါင္ေၾကာ္နဲ႕ ဘုရားဆြမ္းေတာ္ကပ္ေပးပါ။

#ၾကာသပေတး

ယခုကာလအတြင္း လွ်ို႔ဝွက္ခ်က္မ်ားအား ေဖာ္ထုတ္နိုင္စြမ္း ရွိပါလိမ့္မည္။ မိမိ၏အၾကားအျမင္၊ ထင္ျမင္ ခ်က္ မ်ား မွန္ကန္ေနတတ္ပါတယ္။ ေလာကီ၊ ေလာကုတၱရာႏွစ္ျဖာေသာအက်ိဳးကို ခံစားရပါလိမ့္မည္။ တစ္ပါးသူ အေပၚတြင္ယုံၾကည္မႈလြန္ကဲတတ္ပါတယ္။သတိျပဳပါ။ဝင္ေငြမ်ားစြာဝင္လာနိုင္ပါေသာ္လည္း ေငြပူမ်ားျဖစ္ေန တတ္ ပါ တယ္။ သူတစ္ပါးအခက္အခဲမ်ားစြာ အား ေျဖရွင္းေပးနိုင္ပါလိမ့္မည္။ ဘဝအေတြ႕အႀကဳံႏွင့္ ေလာကဓံတရားအား ခံနိုင္ရည္ရွိေနပါလိမ့္မည္။ရတနာပစၥည္းေရာင္းဝယ္ျခင္း၊တူးေဖၚျခင္းမ်ားအက်ိဳးထူးမ်ားခံစားရပါလိမ့္မည္။ အခက္အခဲႏွင့္ အၾကပ္အတည္းမ်ား ရင္ဆိုင္ရတတ္ပါတယ္။ အတတ္ပညာကိုအေျခတည္၍ အဆင့္ျမင့္တိုးတတ္မႈမ်ား ဖန္တီးနိုင္မည္။ တစ္ပါးသူကိုကူညီပါကေငြလည္းကုန္၊ သိကၡာလည္းက်ရေသာကိစၥမ်ားႀကဳံမည္။ သူတစ္ပါးမွ ကိုယ့္ အေပၚ အေကာက္ႀကံ တတ္သည္။ ျမင့္မားေသာအဆင့္သို႔ေရာက္ရွိမည္။ အၿပိဳင္အဆိုင္မ်ားကို ေက်ာ္လႊားနိုင္မည္။ လူအမ်ားၾကားေပၚလြင္ ထင္ရွားမႈ ရွိမည္။ ယွဥ္ၿပိဳင္သူမ်ားအေပၚအနိုင္ရမည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ လူႀကီး မိဘတို႔ဆီက အကူအညီေကာင္းမ်ား ရတတ္ပါတယ္။ ပညေရးတြင္ေတာ့အစီအစဥ္ေဟာင္းေတြ ျပန္အက်ိဳး ေပး တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၅
အထူးေဟာ စီးပြားေရးတိုးတတ္နိုင္ပါတယ္။
ယၾတာ သဇင္ပန္း(သို႔) သစၥာပန္း ဘုရားကပ္လႉေပးပါ။

#ေသာၾကာ

ဒီကာလအတြင္း ခရီးသြားစရာကိစၥမ်ားေပၚေပါက္လာ တတ္ပါတယ္။ မေတာ္တဆထိခိုက္ဒဏ္ရာရရွိေစ တတ္ပါတယ္။ဘာသာေရးစိတ္ပိုင္းဆိုင္ရာေလ့က်င့္မႈမ်ားႏွင့္ အဓိ႒ာန္ဝင္ျခင္းမ်ားေဆာင္႐ြက္ခြင့္ႀကဳံတတ္ပါ တယ္။ မိမိႀကိဳးစားအားထုတ္မႈမ်ား အရာမထင္ျဖစ္ေနတတ္ပါတယ္။ ဝမ္းနည္းေၾကကြဲစရာကိစၥရပ္မ်ားလည္း ျဖစ္ေပၚ ခံစားေနရတတ္ပါတယ္။ အႀကီးအကဲေတြရဲ႕က်န္းမာေရးခ်ိဳ႕တဲ့ျခင္း၊ ေဝဒနာျပင္းထန္စြာခံစားရျခင္းမ်ား ႀကဳံေတြ႕ရ တတ္ပါတယ္။ ဥပေဒဆိုင္ရာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္မႈျပဳရပါလိမ့္မည္။ စိတ္ကူးေကာင္းျဖင့္ အလုပ္မ်ားစြာ လုပ္ ကိုင္ ေဆာင္႐ြက္မႈ ျပဳရပါလိမ့္မည္။ ညအိပ္၊ ညေနခရီးမ်ား သြားလာရတတ္ပါတယ္။ ေနအိမ္တြင္ အေဝးေရာက္ မိသားစု ဝင္တစ္ဦးျပန္ေရာက္လာတတ္ပါတယ္။ မိမိပိုင္ပစၥည္းမ်ားထဲမွ ပ်က္စီးမႈ၊ ေပ်ာက္ဆုံးမႈ ျဖစ္ေပၚေစတတ္ ပါတယ္။ က်န္းမာေရးအထူးသတိျပဳသင့္ပါတယ္။ခႏၶာကိုယ္တြင္ အပူႏွင့္ဆိုင္ေသာေဝဒနာမ်ားျဖစ္ေပၚခံစားရတတ္ ပါတယ္။ အခ်စ္ေရးတြင္ အရာရာယုံ ေအာင္ေျပာ၍ လွည့္စားတတ္သူမ်ိဳးႏွင့္ ဆုံစည္းရတတ္ပါတယ္။ သင့္႐ုံမွ်တစြာ ျဖင့္ ခ်င့္ယုံၾကမွသာအႏၲရာယ္ကင္းေစလိမ့္မည္။ အိမ္ေထာင္ေရး၊အိမ္တြင္းေရးသာယာေပ်ာ္႐ႊင္ေနပါလိမ့္မယ္။ပညာ ေရးမွာေတာ့ မိမိစိတ္က သင္ယူလိုစိတ္အားနည္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၆/၇
အထူးေဟာ အလုပ္မ်ား၊စိတ္မ်ားရတတ္ပါတယ္။
ယၾတာ ဘုရားေစတီမွာ တံျမက္စည္းလွည္းကုသိုလ္ယူပါ။

#စေန

ယခုကာလအတြင္း ဝန္ထမ္းမ်ားျဖစ္ပါက ဌာနအတြင္း အားလုံးႏွင့္အဆင္ေျပေအာင္ႀကိဳးစားပါ။ သို႔မွသာ အခြင့္အလမ္း ေကာင္းမ်ား ရရွိမည္။ ေနအိမ္၊ တိုက္တာ၊ အေဆာက္အဦး၊ ကားႏွင့္ပတ္သက္၍ မိမိအတြက္အက်ိဳး အျမတ္ မ်ား ရရွိမည္။ သို႔ေသာ္ျပည္ပႏွင့္ဆက္သြယ္လုပ္ကိုင္ရေသာ စီးပြားေရးလုပ္ငန္းကိစၥမ်ားရွိေနပါက ထိုကိစၥ အတြက္ ေခါင္းခဲရမႈမ်ားရွိေနမည္။ မိမိအားမနာလိုသူအတိုက္အခံျပဳလိုသူမ်ား ရွိေနတတ္သည္။ က်န္းမာေရးႏွင့္ ပတ္သက္၍ ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ အစာအဆိပ္ျဖစ္ျခင္း၊ ေသြးအဆိပ္ျဖစ္တတ္ျခင္းမ်ား ရွိတတ္၍ တစ္ပါးသူ ေပးေသာ၊ ေကြၽးေသာအစားအစာမ်ားကို သတိထားဆင္ျခင္စားေသာက္သင့္ပါတယ္။ အိမ္ေထာင္ရွင္ျဖစ္ပါက အိမ္တြင္းေရး ေအးခ်မ္းသာယာမည္။ သားေကာင္း၊ သမီးေကာင္းမ်ားေၾကာင့္စိတ္ခ်မ္းသာရပါလိမ့္မယ္။ ငယ္႐ြယ္ သူမ်ား အခ်စ္ေရးကံ အရမ္းညံ့ေနပါ၍ ဦးစားမေပးသင့္ေသးပါ။ စပ္တူရွယ္ယာလုပ္ငန္းမ်ား၊ အက်ိဳးေဆာင္လုပ္ငန္း မ်ား လုပ္သူမ်ားအဖို႔ စိတ္ညစ္စရာအနည္းငယ္ ေတြ႕ႀကဳံေနရတတ္သည္။ ပညာေရးတိုးတတ္မႈအတြက္ အျခား အရာမ်ားစြာ တြင္ ထိခိုက္နစ္နာစရာ မ်ားစြာျဖစ္ပြားတတ္သည္ကို အထူးသတိထားပါ။ ကိုယ္ပိုင္စီးပြားေရး မွာေတာ့ အစစအရာရာ အထူးသတိဝီရိယထားေဆာင္႐ြက္ပါမွ အဆင္ေျပ နိုင္ပါတယ္။ မိဘေတြရဲ႕က်န္းမာေရးလည္း အထူး သတိျပဳပါ။

အက်ိဳးေပးဂဏန္း ၁/၅/၇
အထူးေဟာ က်န္းမာေရးသတိျပဳသင့္တဲ့ကာလပါပဲ။
ယၾတာ သီးစုံပဲဟင္းခ်က္ၿပီး ဘုရားကပ္လႉလိုက္ပါ

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)