အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
ဒီနည်းက ၁၀ ရက်ကနေ ၁၅ ရက်လောက်ထိ အထားခံပါတယ်ရှင်။
စျေးကဝယ်လာတဲ့ အသီးအရွက်တွေကို ရေမဆေးသေးဘဲ သတင်းစာစက္ကူဖြင့် လုံအောင်ထုပ်ပြီး ရေခဲသေတ္တာထဲ ထည့်
သိမ်းထားရင် ပုံမှန်ထက် အထားပိုခံပါတယ်နော်။
ခုလိုအချိန်မျိုးမှာ အပြင်ကို နေ့တိုင်းမသွားသင့် စျေးထွက်မဝယ်သင့်တာမို့ ဒီနည်းလေးက အသုံးဝင်မယ်ထင်ပါတယ်။
ရေခဲသေတ္တာမရှိတဲ့နေရာမျိုးမှာဆို သတင်းစာစက္ကူမသုံးပဲ ပုဆိုး (သို့) အဝတ်ရေစိုဖြင့် ပတ်ထားပြီး သိမ်းထားလို့ရပါတယ်နော်။ ရေစိုအဝတ်ဆိုတာက အဝတ်ကို ရေရွှဲရွှဲကြီးမဟုတ်ပဲ မစိုမခြောက်လေးညှစ်ပြီး ပတ်ထားဖို့ကိုဆိုလိုတာပါ။ ငရုတ်သီးစိမ်းတွေက အညှာခြွေပြီးသိမ်းရင် ပိုခံပါတယ်။ သတင်းစာနဲ့ ပတ်ပြီးရင်တော့ အထုပ်လေးတွေပေါ်မှာ စာရေးထား/ ကပ်ထားဖို့လိုပါမယ်နော်။
ကြက်သွန်ဖြူ/ ကြက်သွန်နီ/ အာလူး/ ဂျင်း (ချင်း) တို့ကို လေဝင် လေထွက်ရှိစေတဲ့ ခြင်းတွေနဲ့ ထည့်ထားပါ။
ကန်ဇွန်းဥ/ ပိန်းဥ/ ပြောင်းဖူးတို့ကို အပြင်မှာပဲထားပြီး ခြောက်မသွားရအောင် အဝတ်ရေစိုနဲ့ အုပ်ထားပါ။
နေ့စဉ်နေ့တိုင်း အခြောက်အခြမ်းတွေပဲ ရေရှည်မှာ မစားနိုင်ပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
စိမ်းစိမ်းစိုစိုလေးတွေ အမြဲချက်စားလို့ရအောင် တစ်ခါစျေးဝယ်ထားပြီး သိမ်းထားရင် ၁၅ ရက်လောက် အေးဆေးဖြည်းဖြည်းချင်း ချက်စားလို့ရပါတယ်နော်။
အဆင်ပြေကြ ပါစေရှင်။
Thida Lay Lay ဖေ့ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
၁၀ ရက္ကေန ၁၅ ရက္ေလာက္ထိ အသီးအရြက္ၾကာရွည္ခံေအာင္ သိမ္းနည္း
အသီးအရြက္ေလးေတြ ၾကာရွည္ခံေအာင္သိမ္းနည္း
ဒီနည္းက ၁၀ ရက္ကေန ၁၅ ရက္ေလာက္ထိ အထားခံပါတယ္ရွင္။
ေစ်းကဝယ္လာတဲ့ အသီးအရြက္ေတြကို ေရမေဆးေသးဘဲ သတင္းစာစကၠဴျဖင့္ လုံေအာင္ထုပ္ၿပီး ေရခဲေသတၱာထဲ ထည့္သိမ္းထားရင္ ပုံမွန္ထက္ အထားပိုခံပါတယ္ေနာ္။
ခုလိုအခ်ိန္မ်ိဳးမွာ အျပင္ကို ေန႔တိုင္းမသြားသင့္ ေစ်းထြက္မဝယ္သင့္တာမို႔ ဒီနည္းေလးက အသုံးဝင္မယ္ထင္ပါတယ္။
ေရခဲေသတၱာမရွိတဲ့ေနရာမ်ိဳးမွာဆို သတင္းစာစကၠဴမသုံးပဲ ပုဆိုး (သို႔) အဝတ္ေရစိုျဖင့္ ပတ္ထားၿပီး သိမ္းထားလို႔ရပါတယ္ေနာ္။ ေရစိုအ၀တ္ဆိုတာက အ၀တ္ကို ေရရႊဲရႊဲႀကီးမဟုတ္ပဲ မစိုမေျခာက္ေလးညႇစ္ၿပီး ပတ္ထားဖို႔ကိုဆိုလိုတာပါ။ င႐ုတ္သီးစိမ္းေတြက အညႇာေႁခြၿပီးသိမ္းရင္ ပိုခံပါတယ္။ သတင္းစာနဲ႔ ပတ္ၿပီးရင္ေတာ့ အထုပ္ေလးေတြေပၚမွာ စာေရးထား/ ကပ္ထားဖို႔လိုပါမယ္ေနာ္။
ၾကက္သြန္ျဖဴ/ ၾကက္သြန္နီ/ အာလူး/ ဂ်င္း (ခ်င္း) တို႔ကို ေလဝင္ ေလထြက္ရွိေစတဲ့ ျခင္းေတြနဲ႔ ထည့္ထားပါ။
ကန္ဇြန္းဥ/ ပိန္းဥ/ ေျပာင္းဖူးတို႔ကို အျပင္မွာပဲထားၿပီး ေျခာက္မသြားရေအာင္ အဝတ္ေရစိုနဲ႔ အုပ္ထားပါ။
ေန႔စဥ္ေန႔တိုင္း အေျခာက္အျခမ္းေတြပဲ ေရရွည္မွာ မစားနိုင္ပါဘူး။ က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။
စိမ္းစိမ္းစိုစိုေလးေတြ အျမဲခ်က္စားလို႔ရေအာင္ တစ္ခါေစ်းဝယ္ထားၿပီး သိမ္းထားရင္ ၁၅ ရက္ေလာက္ ေအးေဆးျဖည္းျဖည္းခ်င္း ခ်က္စားလို႔ရပါတယ္ေနာ္။
အဆင္ေျပၾက ပါေစရွင္။
Thida Lay Lay ေဖ့ဘုတ္ေပ့ခ်္မွ ျပန္လည္ကူးယူေဖာ္ျပပါသည္။