ဆားဝက်ခြံ (blackheads) ဆိုတာ ဘာလဲ? ဆားဝက်ခြံဆိုတာဟာ အဆီများ, အရေပြားဆဲလ်သေများ,
ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့်
ဖြစ်ပေါ်လာသော အရေပြားပြဿနာ တစ်ခုဖြစ် ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာပေါ်တွင်သာမက ကျောဘက်, နားရွက်နှင့် ချွေးပေါက်ရှိသော အခြားနေရာ များပေါ်တွင်လဲ ဖြစ်ပေါ်နိုင် ပါတယ်။
Skin care အမျိုးမျိုး အသုံးပြုပေမယ့် ဆားဝက်ခြံတွေ ရှိနေသေးတယ် ဆိုသူတွေအတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့ အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။
(1) သံပရာသီး”
သံပုရာသီးအရည်ဟာ ချွေးပေါက်တွေကို သိသာစွာ ကျဉ်းစေတဲ့အပြင် အသားအရေကိုသဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။
ဝက်ခြံပိုးတွေကို သေစေတဲ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ သံပုရာသီးကိုအသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံ ကတော့ သံပုရာသီးကို အရည်ညှစ်ကာ မျကိနှာပေါ်တွင် သုတ်လိမ်းပြီး တစ်ညလုံးထားပါ မိုးလင်းတဲ့အခါ ရေကြက်သီးနွေးဖြင့်ဆေးကြောပါ။ လိမ်းတဲ့အချိန် ပူတာမျိုး၊
ဓာတ်မတည့်တာမျိုးရှိပါက ချက်ချင်း ရေပြန်ဆေး ရပါမယ်။ တစ်ခုသတိပြုဖို့က သံပုရာသီးက သင့်အသားအရည်ကို နေလောင်ဒဏ်ပို ခံရစေလို့ နေပူထဲ သွားတဲ့အခါ နေလောင်ခံ ခရင်မ်ကို အသုံးပြုပေးရပါမယ် ။
(2) သံပုရာနှင့်ပျားရည်”
သဘာဝကြေးညော်ချွတ်ဆေး ဖြစ်ပါတယ်။ အရမ်းအဆီပြန်တတ်တဲ့ အသားအရေအတွက် ပျားရည်အစား ဒိန်ချဉ်သုံးနိုင်ပါတယ်။
သံပုရာရည်ကို ပျားရည်လက်ဖက် စားဇွန်း၁ဇွန်းရောပြီး လိမ်းပေးပါ။ ၁၀မိနစ်ကြာလျှင် ရေပြန်ဆေးပေးပါ …။
(3) ကွေကာအုပ်”
ကွေကာအုတ်ဟာ မျက်နှာပေါ်က အဆီမှန်သမျှကိုတိုက်ထုတ်ပေးနိုင်တဲ့ သဘာဝဆေးတစ်ခုပါပဲ။
ကွေကာ၁ခွက်စာကို ပြုတ်ပြီးနောက် အအေးခံထားပါ။ ထို့နောက် ပျားရည်အနည်းငယ်ထည့်ပြီး မျက်နှာပေါ်တွင် လိမ်းပေးပါ။၁၀ မိနစ်ကြာသောအခါ
ရေပြန်ဆေးချဖို့ မမေ့နဲ့နော်။ မှန်မှန်လိမ်းပေးပါက ရလဒ်မြန်မြန်ရတာတွေ့ရပါတယ်။
ပျားရည်မသုံးချင်းပါကဒိန်ချဉ်စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ သံပုရာ ရည်စားပွဲတင်ဇွန်း ၂ ဇွန်းရောပြီး လိမ်းပေးနိုင်ပါတယ်။
၁၀မိနစ်ပဲထားပြီး ရေဆေးပါ။ တစ်ပတ်ကို ၂ကြိမ်ထက် ပိုပြီး မလုပ်သင့်ပါဘူး ။
(4) ကြက်ဥအကာ”
ကြက်ဥတစ်လုံးကိုခွဲကာ အကာကိုယူပြီး အမြှုပ်ထွက်အောင် ခေါက်ပါ။မျက်နှာပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေဆေးပါ။
ကြက်ဥအကာဟာ အဆီတွေကို စုပ်ယူနိုင်ပေမယ့် အသားခြောက်စေလို့ တစ်ပတ်၁ခါသာ ပြုလုပ် သင့်ပါတယ် …။
(5) သျခားသီး”
သခွားသီးတစ်လုံးကို အခွံနွှာကာ မွှေစက်ထဲ ထည့်မွှေပါ။ ရလာသော ခပ်ပျစ်ပျစ်အနေအထားကို မျက်နှာပေါ်တွင်လိမ်းပါ။၁၀မိနစ် ထားပြီးနောက် ရေဆေးပါ …။
(6) အာလူး”
အာလူးကိုအခွံခွားပြီး ခြေထားပါ။ ရေအနည်းငယ်ရောပြီး မျက်နှာပေါ်တွင် ၁၀မိနစ်ခန့်ထားပြီး ရေဆေးချပါ ။
(7) ခရမ်းချဉ်သီး”
ခရမ်းချဉ်သီးဟာ အသားအရေလှပဖို့အတွက် လိုအပ်တဲ့ဗီတာမင်တွေပါသော အသီးတစ်မျိုးဖြစ်ပါတယ်။
အဆီပြန်မှုကိုလျှော့ချပေးပါတယ်။အကွင်းလိုက်လှီးပြီး မျက်နှာပေါ်ကပ်နိုင်သလို အရည်ညှစ်ကာ ပျားရည်နဲ့ရောပြီး လိမ်းလို့ရပါတယ်
(8) ရှားစောင်းလက်ပတ်”
အရေပြားပေါ်က ပိုးမွှားတွေကိုသေစေပါတယ်။အသားအရေကို ကြည်လင်တင်းရင်းစေပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကို ခြစ်ကာ မျက်နှာပေါ်တွင် လိမ်းပေးထားပါ ။
ကဲ.. ကျွန်မတို့ မီးဖိုချောင်ထဲက အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေက ဘယ်လောက် အစွမ်းထက်လဲ သိပြီမလား။ အခုပဲ လက်တွေ့အသုံးချကြည့်လိုက်ပါနော။ ။
Writer_Dr Jue (YGN Times)