News

ကမ္ဘာ့ရွှေဈေး ငါးလအတွင်း အမြင့်ဆုံးကနေ ပြန်ကျ၊ မြန်မာ့ရွှေဈေးလည်း ပြန်အေးလာ…

ဒီအပတ်ထဲမှာ ထွက်ပေါ်လာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေပြ အရေးကြီး အစီရင်ခံစာတွေကြောင့်

ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်အနေအထား ပြန်ဖြစ်လာပြီး ဒီနေ့ (တနင်္လာနေ့) ဈေးဖွင့်

ရက်မှာ ကမ္ဘာ့ရွှေဈေးက ငါးလတာ အမြင့်ဆုံးကနေ ပြန်ကျသွားပါတယ်

ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၇၄ ဒေါ်လာခန့်သာ ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ကလည်း

တစ်အောင်စကို ၁၉၈၆.၃၀ ဒေါ်လာသာ ရှိနေတာကြောင့် ဝ.၄ % စီ ပြန်ကျသွားတာ တွေ့ရပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျခဲ့တဲ့ အာမခံကုန်စည် ရွှေဟာ ပြီးခဲ့တဲ့သောကြာနေ့က မေလလယ်နောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။

တလောတုန်းက စဖြစ်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် တိုက်ပွဲတွေကြောင့် ကမ္ဘာ့ရွှေဈေး ခုန်တက်လာပေမဲ့ လတ်တလောမှာ လူသားချင်းစာနာမှုအကူအညီတွေ ပြန်ဖွင့်ပေးလာတာနဲ့ ဓားစာခံတွေ ပြန်လွှတ်မယ့် အလားအလာတွေကြောင့် ရွှေဈေး ပြန်အေးသွားရတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ကမ္ဘာ့ရွှေဈေး ပြန်အကျမှာ အရင်အပတ်က တစ်ကျပ်သားကို ကျပ် ၃၄၈၀,၀၀၀ ခန့်ထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးကလည်း ဒီနေ့ ဈေးဖွင့်တာနဲ့ ကျပ် ၃၄၄၀,၀၀၀ နဲ့ ၃၄၅၀,၀၀၀ ဝန်းကျင်ကို ပြန်လည် ကျဆင်းလာပါတယ်။