Knowledge

05.Jan.2023 မှ 11.Jan.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း..

#တနင်္ဂနွေ

ဒီကာလအတွင်း တိုးတတ်အောင်မြင်ခြင်းနှင့် အလိုဆန္ဒပြည့်မြောက်ခြင်းများ ထူးထူးခြားခြားဖြစ်ပေါ်မည်။ လုပ်ငန်းဝင်ငွေများ တိုးတတ်မည်။ အလုပ်ရှာ၊ အလုပ်လျှောက်ကိစ္စများ ဆောင်ရွက်နိုင်မည်။ တစ်ပြိုင်နက်တည်း အလုပ်(၂)မျိုး ဆောင်ရွက်အောင်မြင်မည်။ ငွေကြေးမြှုပ်နှံမှု မပြုသင့်၊ တန်ဖိုးကြီးပစ္စည်းသစ်များ ဝယ်ယူသုံးစွဲရန် အခါမသင့်၊ အိုးအိမ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း များကိုစိတ်ချရသူနဲ့သာလုပ်ပါ။

ကြုံရာလူနဲ့ဆောင်ရွက်ရင် ငွေကုန် စိတ်သောကများ၍ အပျက်အစီး၊ အလေအလွင့် များကာ တစ်ပိုင်းတစ်စ နှင့်ဆုံးရှုံးမှုများ ဖြစ်တတ်သည်။ ဆိုင်းငံ့ထားသော ကိစ္စများ ပြန်လည် ဆောင်ရွက်နိုင် မည်။ ငွေကြေးအပေးအယူကိစ္စတို့တွင် စကားများစရာ၊ ဖြေရှင်း စရာများ ကြုံမည်။

စကားရှုပ်ထွေး၍ နှုတ်မလုံ သူများ၊ လုပ်ငန်းတွင် ပြိုင်ဆိုင်နှောက်ယှက်သူများနှင့် ကြုံတွေ့နေရ သည်။ ကျန်းမာရေးကိုတော့ မေ့ထား လို့မရပါ ဘူး။ အစားမှား၊ ဆေးမှားတွေအလွန်မှပဲဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေ၊ မိမိ စီနီယာ တွေဆီကနေ အကြံဉာဏ်ယူသင့်ပါတယ်။

အချစ်ရေးကိစ္စများ စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင် ရေးနဲ့ ပတ်သက်ပြီးတော့လဲ အိမ်ထောင်ဘက်ကမိမိရဲ့ အခက်အခဲတွေကို ကူညီဖြေးရှင်းပေးပါလိမ့်မယ်။ ပညာရေး က ဒီကာလကအားနည်းနေ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၅/၉

အထူးဟော ကောင်းသောကံတွေအလှည့်ရောက်ပါပြီ

ယတြာ နီးစပ်ရာစေတီဘုရားသွားပြီး မွေးနံထောင့်မှာရေသပ္ပာယ်ပါ။

#တနင်္လာ

ဒီကာလအတွင်း အလုပ်အဆက်အသွယ်ကောင်း၊ အခွင့်အရေးကောင်းများ ပေါ်လာတာ၊ အကျိုးထူးခရီး ဝေးများ သွားလာရတတ်တာတွေ၊ဆုံးပြီလို့ထင်ထားတဲ့ ငွေတွေ၊ ပစ္စည်းတွေ ဝင်လာတာတွေ၊ ဝင်ငွေသိသိသာသာ တိုးတာတွေလည်း ကြုံတွေ့ရတတ်ပါသည်။

လက်ရှိလုပ်ငန်းကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ် စတာတွေပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။ ရပ်ဝေးက လုပ်ငန်း၊ အဆက်အသွယ် ကောင်းတွေ ပေါ်လာတတ်ပါ တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံကိစ္စတွေ အတွက်တော့ စိတ်ညစ်နေရတတ် ပါသည်။

ဆရာသမားလို ပုဂ္ဂိုလ်တွေ၊ ကြီးကဲသူတွေနဲ့ အခန့်မသင့်ဖြစ်တတ်ပါသည်။ အချစ်ရေးနဲ့ပတ် သက်ပြီးတော့ လွန်စွာမှစန်းပွင့်နေ ပါလိမ့် မယ်။ အဖိုးတန်၊ ယာဉ်တွေ၊ စက်တွေလည်း ဝင်လာတတ်ပါတယ်။ ကျန်းမာရေးညံ့နေသူတွေ ပြန်ပြီး နာလန် ထလာပါလိမ့်မည်။ ရေချိုးမှားတာ၊ အပူလောင်တာ တွေတော့ ဖြစ်တတ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ပြော ဖို့တုန့်ဆိုင်းနေရင်ဒီကာလမှာ အရဲစွန့်ပြီးဖွင့်ပြောလိုက်ပါ။ စိတ်ကောက်နေတာ၊အဆင်မပြေတာတွေလဲ ပြန်လည်ညှိ နှိုင်း လို့ အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက်အထူးပူပန်သောကတွေများနေရတတ်ပါတယ်။ အိမ်ထောင် ဘက် အပေါ် အလိုမကျတာတွေ များနေတတ်ပါတယ်။ ပညာရေးကတော့ ကြိုးစားသလောက်အရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၅/၃

အထူးဟော စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။

ယတြာ မုန့်လုံးရေပေါ် ဘုရားကပ်ပါ

#အင်္ဂါ

ဒီကာလအတွင်း အပြိုင်အဆိုင်များကို ကျော်လွှား၍ အလုပ်စီးပွား များကို ဆောင်ရွက်နိုင်ပါလိမ့်မည်။ ရန် အတိုက်အခံ များနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးမှ အလုံးစုံပြည့်စုံမည်။ ရည်ရွယ်ဆောင်ရွက်ထားသူများ အလိုပြည့်စုံမည်။ အောင်မြင်မည်။ အများကိစ္စများ တာဝန်ယူ လုပ်ကိုင်ပေးနေရမည်။ အတတ်ပညာကို အသုံးချ၍ လုပ်ကိုင်ဆောင် ရွက်ခြင်းများမှ ကောင်းသော အကျိုးစီးပွားဖြစ်ထွန်းမည်။

ကိုယ်ပိုင်အတွေးအခေါ်နှင့် အကြံအစည်တို့ကို ဦးစား ပေး၍ အလိုရှိရာ ဆောင်ရွက်ပါ။ မရည်ရွယ်ပဲ အလှူမင်္ဂလာကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။ အလုပ်နှင့်ပတ် သက်သော အပြောင်အလဲများ အဆင့်ဆင့် ဖြစ်ထွန်းပေါ်ပေါက်လာမည်။

ငွေကြေးအပေးအယူကိစ္စနှင့် ဆက်နွယ်၍ ဖြစ်ပေါ်လာသော အမှု ပြဿနာ များကို ဖြေရှင်းနိုင်ပါလိမ့်မည်။ လုပ်ငန်းခွင်မှသူများ နေရာသစ်များသို့ ဝင်ရောက် လုပ်ကိုင်၍ အဆင့်မြင့်တတ်လမ်း များ ဖန်တီးရနိုင်ပါသည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့လဲ အဆိုးကြီး မဟုတ်ပေမဲ့ မတ်တပ်ဖျားမတ်တပ်နာ လောက်တော့ ဖြစ်ရတတ်ပါတယ်။

အချစ်ရေးကံလဲအထူးကောင်း နေပါလိမ့် မယ်။အိမ်ထောင်ဘက်နဲ့ လဲအလုပ်များ တာ ကြောင့်ဆုံချိန်နည်းပါးတတ်ပါတယ်။ ပညာရေးအညံ့များနေ တတ်ပါ တယ်။ မိမိကိုယ်တိုင်စိတ်ဝင်စား မှုနည်း နေတတ်တာပါ။

အကျိုးပေးဂဏန်း ၆/၇/၀

အထူးဟော အနည်းငယ် အတွေးမှား၊အလုပ်မှားပြုမိနေတတ်ပါတယ်။

ယတြာ စနေထောင့်မှာ သမ္ဗုဒ္ဓေ ဂါထာနဲ့ ပုတီးစိပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း အခက်အခဲများကို ကျော်လွှား၍ အဆင့်ဆင့်တိုးတတ်မည်။ အပြောင်းအလဲများ ဖြစ်ပေါ် မည်။ မှန်းသည်နှင့် လက်တွေ့ ကွာဟနေလင့်ကစား ဖြစ်ပေါ်လာသည့် အလုံးစုံသည် တစ်စုံတစ်ရာ ကောင်းခြင်းဘက် သို့ ဦးတည်နေမည်။ သားသမီးတွေကို မိမိအလုပ်တွေကို တွဲခိုင်းတာမျိုးတွေဆောင်ရွက်နိုင်တဲ့နေ့ရက်တွေဖြစ်ပါ တယ်။

အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေ မည်။ ငွေကြေးအပေးအယူကိစ္စ များ အထူးသတိရှိရမည်။ ရပ်တန့်ထားသော လုပ်ငန်းကိစ္စများ ပြန်လည်စတင် နိုင်မည်။ မြှုပ်နှံထားသည်များမှ အကျိုးအမြက် ကောင်းများ ရရှိမည်။

ရုတ်ခြည်း ပြောင်းလဲ သွားသော ကိစ္စတစ်ခုအပေါ် ဟန်ချက်ညီညီ လိုက်လံ ပြောင်းလဲသင့်ပါသည်။ နိုးကြားမှုသတိနှင့် အရာရာ ဆောင်ရွက်ပါ။ ကျန်းမာရေးကို လဲကောင်းစွာတိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ချင်စိတ်၊ကျန်းမာရေးကိုလိုက်စားလို စိတ်တွေကိုဖြစ်ပေါ်နေ တတ် ပါ တယ်။

အချစ်ရေးနဲ့ပတ်သက် ပြီး မိမိရဲ့ချုပ်ချယ်မှုတွေက ချစ်သူကိုစိတ်ပျက်စေပါ လိမ့်မယ်။ အိမ်ထောင် ရေး မှာတော့ မိမိကသြဇာပေးလွန်းတာ ကြောင့် အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါတယ်။ ပညာရေးကတော့ အထူးကောင်းတယ်။ကြိုးစားပါ။

အကျိုးပေးဂဏန်း ၂/၄/၉

အထူးဟော ကံသင့်ပါတယ်

ယတြာ နှင်းဆီပန်း ၁၀ပွင့် ဘုရားကပ်လှူပါ

#ကြာသပတေး

ဒီကာလအတွင်း အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ ရပ်ဝေးလူကြီးသူမတွေက ကူညီစောင့်ရှောက်ကြပါ လိမ့်မည်။ ကောင်းသောခရီးတွေလည်း သွားလာရတတ်ပါတယ်။ ငွေအတွက်လည်း စိတ်ချမ်သာရတတ်ပါတယ်။ ဆွေမျိုးကိစ္စ၊ ငွေရေးကြေးရေးကိစ္စတွေမှာ အကြောင်းပြုပြီး ခရီးဝေးသွားလာရကိန်းများ မြင်နေပါသည်။

ဝမ်းသာ စရာ သတင်းစကားတွေ၊ ဧည့်သည်တွေလည်း ရောက်လာတတ်ပါတယ်။ အလုပ်နေရာ၊ အိမ်နေရာ၊ အဆောက်အအုံ ကိစ္စတွေမှာလည်း ရည်မှန်းမျှော်လင့်ထားသလို တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းစွာ ဂရု စိုက်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးအထူးညံ့နိုင်တဲ့နေ့ရက်တွေပါပဲ။ အပူရှပ်တာမျိုးတွေမဖြစ်အောင်နေထိုင်လိုက် ပါ။ ဝန်ထမ်းများ တာဝန်တွေများပြားနေတတ်ပါတယ်။ ကိုယ့်အလုပ်အပြင်သူများအလုပ်တွေကိုပါဝင်ကူပေးနေရ တတ်ပါတယ်။ ဖိအားတွေ၊ပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိဖို့တော့ အထူးလိုအပ်နေပါတယ်။

အချစ်ရေးကံကတော့ အဆိုးထဲကအကောင်းပါဗျ။အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက်လဲ စိတ်ချမ်းသာရပါလိမ့်မယ်။ အဆင် မပြေတာတွေကိုပြေလည်အောင်ညှိနှိုင်းနိုင်ပါလိမ့်မယ်။ပညာရေးကတော့ ထင်ထားသည်ထက်ပိုမိုတိုးတတ်မှုတွေ ကိုအထင်အရှားမြင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၆/၄

အထူးဟော စီးပွားရေးကောင်းမည်

ယတြာ သစ္စာပန်း ၉ညွန့် ဘုရားကပ်လှူပါ

#သောကြာ

ဒီကာလအတွင်း ငွေကိစ္စမှာ မရှင်းမရှင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်က တစ်မင်ညစ် ထားတာမျိုး တွေလည်း ခံရတတ်ပါတယ်။ အရင်တုန်းကဖြစ်ဖူးတဲ့ ပြဿနာတွေ၊ ရောဂါတွေ၊ အဆင်မပြေမှုတွေ တစ်ကျော့ပြန် လာတတ်ကြောင်း သတိပြုစေလိုပါသည်။ မိမိအပေါ် တစ်နေ့ ဒုက္ခပေးမည့်သူများနှင့် ပေါင်းသင်း ဆက် ဆံနေရမည်။

ယခုကာလအတွင်း စတင် လိုက်သော ကိစ္စများ အတွင်းလူ၊ လူယုံ၊ မိမိထက်ငယ်သောသူများ၏ အနှောက်အယှက်နှင့် အဖျက်ကိန်းများ ကြုံ နေရမည်။ တစ်နေ့တွင် ပြဿနာဖြစ်လာမည့် ကတိစာချုပ်များ ချုပ်ဆို ရတတ်သည်။ အလုပ်နဲ့ပတ်သက်ရင်တော့ အထိုင်အလုပ်တွေထက် လှုပ်ရှားသွားလာလုပ်ကိုင်နေရတဲ့အလုပ်တွေက ပိုမိုအဆင် ပြေတဲ့ကာလပါပဲ။

ကျန်းမာရေးကိုတော့ အနည်းငယ်ဂရုစိုက်ရလိမ့်မယ်။ ရောဂါဟောင်း၊ဝေဒနာ ဟောင်း တွေပြန် ပေါ်လာတတ်ပါတယ်။ ပညာရေးနယ်ပယ်က စီပွားရေးများလဲ တိုးတတ်ပါလိမ့်မယ်။ သင်တန်းဖွင့်ခြင်း၊ ပညာသင် ပေးခြင်းများစတင်လို့အထူးကောင်းပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အထူးကောင်းပါတယ်။ မိမိ က သဝန်တို တတ်တာမျိုးကိုတော့လျော့ပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ် ရပါလိမ့်မယ် ။ပညာရေး ကံကောင်းနေ တဲ့နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း ၅/၇/၀

အထူးဟော နည်းနည်းတော့ အလုပ်များရမည်

ယတြာ ကျန်းမာရေးမကောင်းသူများကို လူမမာစာများ လက်ဆောင်ပေးလိုက်ပါ။

#စနေ

ဒီကာလအတွင်းငွေလည်းတစ်အားရွှင်နေပါလိမ့်မည်။ထီထိုးသင့်ပါတယ်။အဖိုးတန်ပစ္စည်းတွေလည်းဝင်လာ တတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားတွေ အတွက် တော့ ဝမ်းသာစရာကိစ္စမျိုးတွေ ကြုံတွေ့လာရပါမယ်။ ရပ်ဝေးက ဆွေမျိုးတွေနဲ့လည်း ပြန်လည်ဆုံစည်း ရတတ်ပါတယ်။

စာရွက်စာတမ်းအတွက် စိတ်ညစ်ရတာ၊ စာရင်းဇယား မှားယွင်းတာ၊ ဆရာသမား၊ ကြီးကဲသူတွေက အထင်လွဲတာ၊သူတစ်ပါးရဲ့ကိစ္စကြားညှပ်ဖြေရှင်ပေး ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အဆောက်အအုံကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ဘဝတိုးတတ်မှုများ အဆင့်ဆင့်ရရှိနိုင်သော အနေအထားရှိပါ သည်။ မိမိလိုလားချက်များ အကောင်အထည် ဖေါ်နိုင်သော ကာလများဖြစ်ပါသည်။

ကျန်းမာရေးကတော့ အညံ့များ နေတဲ့ ကာလပါပဲ။ နှလုံး သမားများ ၊ဆီးချိုသမားများ ကျန်းမာ ရေး မပေါ့သင့်တဲ့ကာလပါပဲ။

အချစ်ရေးကတော့ တကျက်ကျက်ပါပဲ။ ရန်ဖြစ် လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးတွေဖြစ် ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော့ တိုးတတ်ကောင်းမွန်ပါ လိမ့်မယ်။အိမ်ထောင်ရေးသာယာပါ လိမ့်မယ်။ပညာရေးကတော့ ဒီကာလမှာ စာမေးပွဲ ကိစ္စတွေ အင်တာဗျုးကိစ္စ တွေရှိ ရင်အထူးဖြေနိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃၊၄၊၈

အထူးဟော ကျန်းမာရေးသာဂရုစိုက်ပါ

ယတြာ နွမ်းပါးသူတွေကို ဒိန်ချဉ်ဝယ်လှူလိုက်ပါ ၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695
09 44 5555 695