လျှပ်စစ်မီးမရသေးသူများ ပလက်စတစ်ဘူးခွံတွေသုံးပီး မီးထွန်းနိုင်
လေ့လာချက်တွေအရ ကမ္ဘာပေါ်က လူပေါင်း 840 သန်းက အခုချိန်ထိ မီးမရသေး ပါဘူ..း။
လျှပ်စစ်မီး လိုအပ်နေတဲ့ မိသားစုတွေ အတွက် ပလက်စတစ် ဘူးခွံလေးတွေ သုံးပြီး မီးထွန်းနိုင်မယ့် နည်းလမ်းကို
The Liter of Light လို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့က စိတ်ကူးရခဲ့ ပါတယ်။
ဒီအဖွဲ့က လူထောင်ပေါင်းများစွာ အတွက် အလင်းရောင်နဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာ ပေးခဲ့ပါတယ် ။
The Liter of Light အဖွဲ့ဝင်တွေက စွမ်းအင် လိုအပ်ချက်တွေကို အဆုံးသတ်ဖို့ အတွက် လုပ်ဆောင်ခဲ့ကြ ပါတယ်။
The Liter of Light အဖွဲ့ကို ဖိလစ်ပိုင် နိုင်ငံ Myshelter ဖောင်ဒေးရှင်းက 2011 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဖွဲ့တည်ထောင်သူ Illac Diaz ဟာ ဆက်သွယ်ရေး မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့ပါတယ် ။
သူအလုပ်လုပ်ခဲ့တဲ့ ဒေသမှာ မုန်တိုင်းတွေတိုက်ခတ်ပြီးနောက် အိမ်ထောင်စုတွေရဲ့ ဒုက္ခရောက်ရတဲ့ အခြေအနေတွေကို Diaz က မြင်ရပြီး တုန်လှုပ်သွားပါတယ် ။
မုန်တိုင်းကြောင့် ဒုက္ခရောက်ရတဲ့ မိသားစုတွေမှာ ဈေးနည်းနည်းနဲ့ အလင်းရောင် ရစေရမယ်လို့ Diaz မှာ အတွေးဝင်လာ ပါတယ်။
Diazက အလုပ်ကထွက်လိုက်ပြီး မြို့ပြစီမံကိန်း ရေးဆွဲခြင်းနဲ့ ဗိသုကာပညာကို သင်ယူဖို့ Massachusetts Institute of Technology မှာ တက်ရောက်ခဲ့ ပါတယ်။
ဘရားဇီးနိုင်ငံသား စက်မှုပညာရှင် Alfredo Moser က 2002 ခုနှစ်မှာ တီထွင်ခဲ့တဲ့ ပလက်စတစ် ဘူးခွံနဲ့ အလင်းရောင် ထုတ်လုပ်တဲ့နည်းပညာကို Diaz သင်ယူခဲ့ပါတယ်။
Diaz က ဖိလစ်ပိုင်နိုင်ငံကို ပြန်ရောက်တဲ့ အခါ သင်ယူလာတဲ့ ပညာနဲ့ အိမ်ထောင်စု ထောင်ပေါင်းများစွာကို အလင်းပေးနိုင် ခဲ့ပါတယ် ။
နှစ်တွေကြာလာတဲ့ အခါ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုက နိုင်ငံပေါင်း 15 နိုင်ငံ အထိ ကျယ်ပြန့်သွားခဲ့ ပါတယ်။
နေရောင်ခြည်စွမ်းအင်ကို သုံးပြီး အလင်းရောင် ရဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက ရိုးစင်းပါတယ်။
ပလက်စတစ်ဘူးခွံ တစ်ဘူး ..။
ရေ
လျှပ်စစ် စီးဆင်းစေတဲ့ စတီးချောင်း
အရောင်ချွတ်ဆေး
နေအလင်းရောင် တို့ပဲဖြစ်ပါတယ် ။
အရောင်ချွတ်ဆေးရည် ထည့်ထားတဲ့ ပန်းအိုး တစ်လုံးပေါ်ကို ပလက်စတစ်ဘူးခွံနဲ့ ဖုံးအုပ်လိုက် ပါတယ် ။
ပလက်စတစ်ဘူးခွံ ထဲက ရေက နေရောင်ခြည်ကြောင့် အလင်းယိုင်ပြီး ပတ်ဝန်းကျင်ကို အလင်းဖြာထွက်လာ ပါတယ်။
ထွက်လာတဲ့ အလင်းရောင်က 50 ဝပ် မီးသီးရဲ့အလင်းရောင်နဲ့ ညီမျှပါတယ်။ မီးမရသေးတဲ့ ဒေသတွေအတွက် ဘက်ထရီမီးသီး၊
နေရောင်ခြည်စွမ်းအင်သုံး မီးချောင်း၊ LED မီးချောင်းတွေကို The Liter of Light အဖွဲ့က တီထွင်ပေးနိုင်ခဲ့ ပါတယ်။
နောက်တစ်ခုကတော့ လမ်းမီးတွေ အတွက် PVC ပိုက်၊ ဝါးဆစ်တွေကို သုံးပြီး မီးအိမ်ပြုလုပ်ပေးတာပါ။
အခုဆိုရင် လူပေါင်း 350,000 ဟာ မီး အလင်းရောင် ရရှိနေပါပြီ။ သူတို့အဖွဲ့ဟာ မီးမရသေးတဲ့ ဒေသတွေအတွက် ဆက်ပြီး ကြိုးစားနေဆဲပါပဲ ။
The Liter of Light အဖွဲ့က နည်းပညာတွေကို ဆက်လက် လေ့လာသင်ယူနေဆဲဖြစ်ပြီး၊ တစ်ကမ္ဘာလုံးက လူတွေ အတွက်လည်း
ပလက်စတစ်ဘူးခွံနဲ့ အလင်းရောင်ရမယ့် နည်းတွေကို လိုက်လံဝေငှပေးနေပါတယ်။ လူတွေက သူတို့ရဲ့လှုပ်ရှားမှုတွေကို စိတ်ဝင်စားကြပါတယ် ။
” နေရောင်ခြည်စွမ်းအင်နဲ့ မီးသီးလုပ်နည်းကို လူတွေကို သင်ပေးလိုက်တဲ့ အခါ သူတို့က လမ်းမီးချောင်း 3 ချောင်းကို ပြုလုပ်သွားနိုင်တယ်” လို့ Diaz က ပြောပြပါတယ် ။
ပလက်စတစ် ဘူးခွံတွေကို သုံးပြီး တစ်ရွာလုံး မီးလင်းဖို့ အတွက် ဆိုရင် လူတစ်ယောက်ဟာ 3 ဝပ် ကနေ 5 ဝပ် အထိပဲ ထုတ်လုပ်ဖို့ လိုအပ် ပါတယ် ။
The Liter of Light အဖွဲ့ရဲ့လှုပ်ရှားမှုကြောင့်အလင်းရောင် ရသွားတဲ့ မိသားစုတွေဟာ ပျော်ရွှင်နေကြပါပြီ။credit