Knowledge

စားတာ ထိတွေ့တာ နဲ့ ဒုက္ခရောက်စေမယ့်သစ်ပင်(သို့) ကမ္ဘာ့အန္တရာယ်အရှိဆုံး သေမင်းတမန်သစ်ပင်

စားတာ ထိတွေ့တာ နဲ့ ဒုက္ခရောက်စေမယ့်သစ်ပင်(သို့) ကမ္ဘာ့အန္တရာယ်အရှိဆုံး သေမင်းတမန်သစ်ပင်

ကြည့်လိုက်ရင်တော့ ဒီအပင်နဲ့ အသီးဟာ သံပရာသီးလိုလို ပန်းသီးလိုလိုအရည်ရွှမ်းတဲ့ အသီးတစ်လုံးနဲ့ တူနေတာကို တွေ့ရတာကြောင့် စားလို့ရတဲ့အသီးလို့ ထင်မိကြမှာပါ။ တကယ်တော့ တစ်ကိုက်စားတာနဲ့ အန္တရာယ်ဖြစ်စေမယ့် အဆိပ်အပြည့်နဲ့ အသီးဖြစ်ပြီး ဒီအပင်ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံးသစ်ပင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

အရသာကတော့ အချိုဓာတ်ရှိပြီး အန္တရာယ်ပြင်းလွန်းတဲ့ ဒီအပင်ရဲ့အမည်ကတော့ Manchineel ဖြစ်ပါတယ်။ Poison Guava လို့လည်းခေါ်ပါတယ်။ အမေရိကန်ရဲ့ ဖလော်ရီဒါ ၊ ဘမားမတ် ၊ မက္ကဆီကို နဲ့ တောင်အမေရိကနိုင်ငံအချို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်..။

တောင်အမေရိကမှာတော့ ဒီအပင်ကို “Tree of Death” သေမင်းတမန်သစ်ပင် လို့လူသိများပါတယ်။ ကမ္ဘာကျော် ရေကြောင်းခရီးသွားလာသူ ကိုလံဘတ် နဲ့ သူ့ရဲ့သင်္ဘောသားတွေလာရောက်ခဲ့တဲ့ အချိန်တည်းက ဒီအပင်ကို သိခဲ့ကြပါတယ်။ စားမိသူတချို့သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့မှတ်တမ်းထဲမှာ ဒီအပင်ကို သေစေတဲ့ပန်းသီးငယ်(little apple of death) လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

အဲဒီဒေသတွေရဲ့ ရှေးတိုင်းရင်းသား Carib အင်ဒီးယန်းတွေဟာ ဒီအပင်ကို မြှားမှာသုတ်လိမ်းတဲ့ အဆိပ်အဖြစ်အသုံးပြုခဲ့ပါတယ်။ နာမည်ကြီး စပိန်လူမျိုးနယ်မြေချဲ့ထွင်သူတစ်ဦးဖြစ်တဲ့ Juan Ponce de León ဟာ ဒီအဆိပ်သုတ်လိမ်းထားတဲ့ မြှားကြောင့် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

ဒီအပင်ဟာ အသီးတင် အဆိပ်ရှိတာ မဟုတ်ပါဘူး။ တစ်ပင်လုံး အကိုင်း အခက် အရွက်တွေက အစ အဆိပ်ပြင်းတာဖြစ်ပါတယ်။ ဒီအပင်ရဲ့ အကြောင်းကို မသိတဲ့ ခရီးသွားအချို့ဟာ မိုးရွာလို့ အပင်ရဲ့အောက်မှာ ခိုနားတဲ့အခါ အပင်ကကျလာတဲ့ ရေစက်တွေကြောင့် အသားအရည်တွေလောင်ကျွမ်းခဲ့သလို မျက်စိကိုထိတဲ့အခါ မျက်စိကန်းသွားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း ယခုအခါ ဒီအပင်တွေရှိတဲ့နေရာတွေမှာ အပင်တွေကို အနီရောင်ကြက်ခြေခတ် အမှတ်အသားတွေ လက်ဝါးအမှတ်အသားတွေနဲ့ ထင်ထင်ရှားရှားပြသထားလေ့ရှိပါတယ်။ အပင်ကိုလည်း အနီးကပ်ကြည့်ရှု့ခွင့်မပေးပဲ မီတာ အနည်းငယ်အကွာကသာ ကြည့်ရှု့ခွင့်ပေးထားပါတယ်။

ဒီအပင်ရဲ့ အရွက်ဟာ ဘဲဥပုံစံရှိပြီး ပျမ်းမျှအမြင့်ကတော့ ပေ ၅၀ခန့် ဖြစ်ပါတယ်။ ဒီအပင်ရဲ့ အသီးဟာ တစ်ကိုက်ကိုက်ရုံနဲ့တော့ မသေပဲ အန္တရာယ်ပဲဖြစ်စေမှာပါ။ ဒါကို စမ်းသပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ အင်္ဂလန်က ရေဒီယိုကြေငြာသူ Nicola H Strickland က စမ်းစားခဲ့တုန်းက ခံစားခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြပါတယ်။

” Caribbean ကျွန်းရဲ့ ကမ်းခြမှာ ဒီအသီးကို တွေ့ရပါတယ်။ လုံးဝန်းပြီး သရက်သီးလိုအသီးပါ။ တစ်ကိုက်စကိုက်လိုက်တော့ အရမ်းချိုတဲ့အရသာကို ခံစားရပါတယ်။ ဒါပေမယ့် ခဏလေးမှာပဲ ပါးစပ်ဟာ ပူစပ်ပူလောင်ဖြစ်လာတယ်။ မီးနဲ့ရှို့သလိုခံစား ရပါတယ်။ နာကျင်လွန်းလို့ မျက်ရည်ပါထွက်တယ်။ လည်ချောင်းထဲကလည်း တင်းကျပ်တဲ့အရာသာကို ခံစားရပါတယ်။ သေမတတ်ပါပဲ ။ ၈နာရီလောက် ဒီလက္ခဏာတွေကို ခံစားခဲ့ရပါတယ်”

ဂင်းနစ်မှတ်တမ်းမှာရော ကမ္ဘာ့စွယ်စုံကျမ်းမှာပါ အဆိပ်အပြင်းဆုံးအပင်အဖြစ် သတ်မှတ်ဖော်ပြထားတဲ့ ဒီအပင်မှာ ကောင်းကျိုးတချို့လည်းရှိပါသေးတယ်။ မြေဆီလွှာတိုက်စားမှုကို အထူးကာကွယ်ပေးပြီး ဂေဟစနစ်ကို အကျိုးပြုတာပဲဖြစ်ပါတယ်။ ရှားပါတဲ့ ဒီအပင်တွေဖျက်ဆီးခြင်းကို နိုင်ငံအများစုက ဥပဒေနဲ့ တားမြစ် ထားပါတယ်။

Credit to thutazone

စားတာ ထိေတြ႕တာ နဲ႔ ဒုကၡေရာက္ေစမယ့္သစ္ပင္(သို႔) ကမၻာ့အႏၲရာယ္အရွိဆုံး ေသမင္းတမန္သစ္ပင္

ၾကည့္လိုက္ရင္ေတာ့ ဒီအပင္နဲ႔ အသီးဟာ သံပရာသီးလိုလို ပန္းသီးလိုလိုအရည္ရႊမ္းတဲ့ အသီးတစ္လုံးနဲ႔ တူေနတာကို ေတြ႕ရတာေၾကာင့္ စားလို႔ရတဲ့အသီးလို႔ ထင္မိၾကမွာပါ။ တကယ္ေတာ့ တစ္ကိုက္စားတာနဲ႔ အႏၲရာယ္ျဖစ္ေစမယ့္ အဆိပ္အျပည့္နဲ႔ အသီးျဖစ္ၿပီး ဒီအပင္ဟာ ကမၻာ့အဆိပ္အျပင္းဆုံးသစ္ပင္အျဖစ္ သတ္မွတ္ခံထားရပါတယ္။

အရသာကေတာ့ အခ်ိဳဓာတ္ရွိၿပီး အႏၲရာယ္ျပင္းလြန္းတဲ့ ဒီအပင္ရဲ့အမည္ကေတာ့ Manchineel ျဖစ္ပါတယ္။ Poison Guava လို႔လည္းေခၚပါတယ္။ အေမရိကန္ရဲ့ ဖေလာ္ရီဒါ ၊ ဘမားမတ္ ၊ မကၠဆီကို နဲ႔ ေတာင္အေမရိကနိုင္ငံအခ်ိဳ႕မွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။

ေတာင္အေမရိကမွာေတာ့ ဒီအပင္ကို “Tree of Death” ေသမင္းတမန္သစ္ပင္ လို႔လူသိမ်ားပါတယ္..။ ကမၻာေက်ာ္ ေရေၾကာင္းခရီးသြားလာသူ ကိုလံဘတ္ နဲ႔ သူ႔ရဲ့သေဘၤာသားေတြလာေရာက္ခဲ့တဲ့ အခ်ိန္တည္းက ဒီအပင္ကို သိခဲ့ၾကပါတယ္..။ စားမိသူတခ်ိဳ႕ေသဆုံးခဲ့တဲ့အတြက္ သူ႔ရဲ့မွတ္တမ္းထဲမွာ ဒီအပင္ကို ေသေစတဲ့ပန္းသီးငယ္(little apple of death) လို႔ မွတ္တမ္းတင္ထားခဲ့ပါတယ္။

အဲဒီေဒသေတြရဲ့ ေရွးတိုင္းရင္းသား Carib အင္ဒီးယန္းေတြဟာ ဒီအပင္ကို ျမႇားမွာသုတ္လိမ္းတဲ့ အဆိပ္အျဖစ္အသုံးျပဳခဲ့ပါတယ္။ နာမည္ႀကီး စပိန္လူမ်ိဳးနယ္ေျမခ်ဲ႕ထြင္သူတစ္ဦးျဖစ္တဲ့ Juan Ponce de León ဟာ ဒီအဆိပ္သုတ္လိမ္းထားတဲ့ ျမႇားေၾကာင့္ ေသဆုံးခဲ့တာပဲျဖစ္ပါတယ္။

ဒီအပင္ဟာ အသီးတင္ အဆိပ္ရွိတာ မဟုတ္ပါဘူး။ တစ္ပင္လုံး အကိုင္း အခက္ အရြက္ေတြက အစ အဆိပ္ျပင္းတာျဖစ္ပါတယ္။ ဒီအပင္ရဲ့ အေၾကာင္းကို မသိတဲ့ ခရီးသြားအခ်ိဳ႕ဟာ မိုးရြာလို႔ အပင္ရဲ့ေအာက္မွာ ခိုနားတဲ့အခါ အပင္ကက်လာတဲ့ ေရစက္ေတြေၾကာင့္ အသားအရည္ေတြေလာင္ကၽြမ္းခဲ့သလို မ်က္စိကိုထိတဲ့အခါ မ်က္စိကန္းသြားတာေတြ ျဖစ္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္လည္း ယခုအခါ ဒီအပင္ေတြရွိတဲ့ေနရာေတြမွာ အပင္ေတြကို အနီေရာင္ၾကက္ေျခခတ္ အမွတ္အသားေတြ လက္ဝါးအမွတ္အသားေတြနဲ႔ ထင္ထင္ရွားရွားျပသထားေလ့ရွိပါတယ္။ အပင္ကိုလည္း အနီးကပ္ၾကည့္ရႈ႔ခြင့္မေပးပဲ မီတာ အနည္းငယ္အကြာကသာ ၾကည့္ရႈ႔ခြင့္ေပးထားပါတယ္။

ဒီအပင္ရဲ့ အရြက္ဟာ ဘဲဥပုံစံရွိၿပီး ပ်မ္းမၽွအျမင့္ကေတာ့ ေပ ၅၀ခန္႔ ျဖစ္ပါတယ္။ ဒီအပင္ရဲ့ အသီးဟာ တစ္ကိုက္ကိုက္႐ုံနဲ႔ေတာ့ မေသပဲ အႏၲရာယ္ပဲျဖစ္ေစမွာပါ။ ဒါကို စမ္းသပ္ခဲ့တဲ့သူေတြ ရွိပါတယ္။ အဂၤလန္က ေရဒီယိုေၾကျငာသူ Nicola H Strickland က စမ္းစားခဲ့တုန္းက ခံစားခဲ့ရတဲ့ သူ႔ရဲ့အျဖစ္ကို ေျပာျပပါတယ္။

” Caribbean ကၽြန္းရဲ့ ကမ္းျခမွာ ဒီအသီးကို ေတြ႕ရပါတယ္..။ လုံးဝန္းၿပီး သရက္သီးလိုအသီးပါ။ တစ္ကိုက္စကိုက္လိုက္ေတာ့ အရမ္းခ်ိဳတဲ့အရသာကို ခံစားရပါတယ္။ ဒါေပမယ့္ ခဏေလးမွာပဲ ပါးစပ္ဟာ ပူစပ္ပူေလာင္ျဖစ္လာတယ္။ မီးနဲ႔ရွို႔သလိုခံစား ရပါတယ္။ နာက်င္လြန္းလို႔ မ်က္ရည္ပါထြက္တယ္..။ လည္ေခ်ာင္းထဲကလည္း တင္းက်ပ္တဲ့အရာသာကို ခံစားရပါတယ္။ ေသမတတ္ပါပဲ ။ ၈နာရီေလာက္ ဒီလကၡဏာေတြကို ခံစားခဲ့ရပါတယ္”

ဂင္းနစ္မွတ္တမ္းမွာေရာ ကမၻာ့စြယ္စုံက်မ္းမွာပါ အဆိပ္အျပင္းဆုံးအပင္အျဖစ္ သတ္မွတ္ေဖာ္ျပထားတဲ့ ဒီအပင္မွာ ေကာင္းက်ိဳးတခ်ိဳ႕လည္းရွိပါေသးတယ္။ ေျမဆီလႊာတိုက္စားမႈကို အထူးကာကြယ္ေပးၿပီး ေဂဟစနစ္ကို အက်ိဳးျပဳတာပဲျဖစ္ပါတယ္။ ရွားပါတဲ့ ဒီအပင္ေတြဖ်က္ဆီးျခင္းကို နိုင္ငံအမ်ားစုက ဥပေဒနဲ႔ တားျမစ္ ထားပါတယ္။

Credit to thutazone