ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ထမင်းကို မသိုးပဲ ကြာရှည် အထားခံအောင် လုပ်နည်း
ထမင်းပေါင်းအိုးနဲ့ချက်တိုင်း သိုးလွယ်လို့ မသိုးအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး မေးတာတွေ့လို့.. ကိုယ့်အတွေ့အကြုံလေးကို မျှဝေပေးပါရစေ.. ကိုယ်လည်းအဲ့ဒုက္ခကို တော်တော်ခံစားခဲ့ရတာ ဘယ်လောက်ဆိုးသလဲဆို မနက်ပိုင်းချက်ထားတဲ့ထမင်းကို ညနေမမှောင်ခင် အပြေအလွှားစားမှ မှီတယ်.. မဟုတ်ရင် စားခါနီးကျ ထမင်းကသိုးရော.. အဲ့လိုဖြစ်ပေါင်းများလို့ ခေါင်းဆွဲပြုတ်နဲ့ ညားရတာအခါခါပါပဲ..
ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ ဆန်ဆေးရင် ဆန်ကို သေချာပြောင်အောင်ဆေးရမယ်.. ပြီးရင်ထည့်ချက်မယ့်ရေကလည်း သန့်ရမယ်.. ပြီးရင် အိုးကလည်း သန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်.. ခဏခဏသိုးတဲ့အိုးကို အရင်ဆုံးရေထည့်ပြီး ပွက်ပွက်ဆူနေအောင်တည်ပြီး ပိုးသတ်ပါတယ်..
ပြီးရင်အဲ့ရေနွေးကို သွန် အိုကိုအခြောက်ခံပြီး ဆားနဲ့နာနာတိုက်ပါတယ်.. ကိုယ်တော့ နာရီဝက်လောက်ကို ထိုင်တိုက်တာ အိုးမှာရှိတဲ့ဂျေးတွေက ဆားနဲ့အတူပါသွားပြီး ဆားက မဲညစ်ညစ်အရောင် ပြောင်းသွားလိမ့်မယ်.. ကိုယ်စိတ်ကျေနပ်လောက်တဲ့ အနေအထားရောက်ရင် ပန်ကန်ဆေးအစိမ်းဖတ်ထဲ ဆပ်ပြာထည့်ပြီး သေချာပွတ်ဆေးလိုက်ပါ..
အဲ့ဒါဆိုရင် မသိုးတော့တဲ့အိုး ဖြစ်သွားပါလိမ့်မယ်.. ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းက ထမင်းမသိုးတော့တာ နှစ်ရက်လောက်ထားလဲ ထမင်းက နဂိုအတိုင်းလေးပဲ.. တစ်ခါတလေ နှစ်ညအိပ်တွေဘာတွေတောင် ဖြစ်ကုန်တာ ဒါတောင်မသိုးတော့ဘူး.. အားလုံးလည်း အဆင်ပြေကြပါစေရှင့်..
Khin San Wai

Zawgyi
ထမင္းေပါင္းအိုးနဲ႔ ခ်က္တဲ့ ထမင္းကို မသိုးပဲ ၾကာရွည္ အထားခံေအာင္ လုပ္နည္း
ထမင္းေပါင္းအိုးနဲ႔ခ်က္တိုင္း သိုးလြယ္လို႔ မသိုးေအာင္ ဘယ္လိုလုပ္ရမလဲဆိုၿပီး ေမးတာေတြ႕လို႔.. ကိုယ့္အေတြ႕အႀကဳံေလးကို မွ်ေဝေပးပါရေစ.. ကိုယ္လည္းအဲ့ဒုကၡကို ေတာ္ေတာ္ခံစားခဲ့ရတာ ဘယ္ေလာက္ဆိုးသလဲဆို မနက္ပိုင္းခ်က္ထားတဲ့ထမင္းကို ညေနမေမွာင္ခင္ အေျပအလႊားစားမွ မွီတယ္.. မဟုတ္ရင္ စားခါနီးက် ထမင္းကသိုးေရာ.. အဲ့လိုျဖစ္ေပါင္းမ်ားလို႔ ေခါင္းဆြဲျပဳတ္နဲ႔ ညားရတာအခါခါပါပဲ..
ထမင္းမသိုးဖို႔ဆိုရင္ ကိုယ္သိသေလာက္ကေတာ့ ဆန္ေဆးရင္ ဆန္ကို ေသခ်ာေျပာင္ေအာင္ေဆးရမယ္.. ၿပီးရင္ထည့္ခ်က္မယ့္ေရကလည္း သန႔္ရမယ္.. ၿပီးရင္ အိုးကလည္း သန႔္ရမယ္လို႔ အၿမဲမွတ္ထားပါတယ္.. ခဏခဏသိုးတဲ့အိုးကို အရင္ဆုံးေရထည့္ၿပီး ပြက္ပြက္ဆူေနေအာင္တည္ၿပီး ပိုးသတ္ပါတယ္..
ၿပီးရင္အဲ့ေရေႏြးကို သြန္ အိုကိုအေျခာက္ခံၿပီး ဆားနဲ႔နာနာတိုက္ပါတယ္.. ကိုယ္ေတာ့ နာရီဝက္ေလာက္ကို ထိုင္တိုက္တာ အိုးမွာရွိတဲ့ေဂ်းေတြက ဆားနဲ႔အတူပါသြားၿပီး ဆားက မဲညစ္ညစ္အေရာင္ ေျပာင္းသြားလိမ့္မယ္.. ကိုယ္စိတ္ေက်နပ္ေလာက္တဲ့ အေနအထားေရာက္ရင္ ပန္ကန္ေဆးအစိမ္းဖတ္ထဲ ဆပ္ျပာထည့္ၿပီး ေသခ်ာပြတ္ေဆးလိုက္ပါ..
အဲ့ဒါဆိုရင္ မသိုးေတာ့တဲ့အိုး ျဖစ္သြားပါလိမ့္မယ္.. ကိုယ္ေတာ့အဲ့လိုလုပ္ၿပီးကတည္းက ထမင္းမသိုးေတာ့တာ ႏွစ္ရက္ေလာက္ထားလဲ ထမင္းက နဂိုအတိုင္းေလးပဲ.. တစ္ခါတေလ ႏွစ္ညအိပ္ေတြဘာေတြေတာင္ ျဖစ္ကုန္တာ ဒါေတာင္မသိုးေတာ့ဘူး.. အားလုံးလည္း အဆင္ေျပၾကပါေစရွင့္..
Khin San Wai



