မန္တလေးသားတွေတောင် သိပ်မသိကြတော့တဲ့ မန္တလေးမြို့က သမိုင်းကြောင်းရှိသည့် ရှေးဗိသုကာ လက်ရာလေး တစ်ခု …
မန္တလေး တောင်တော်ကြီး ဖြစ်ပေါ်လာအောင် အစပြုခဲ့တဲ့ နေရာလေးကို မေ့ပျောက် ပစ်ပါယ်ခံထားရတာတော့ စိတ်မကောင်းစရာပါ။

ဒီအကြောင်း သိသူများက သမိုင်းအကျဉ်းရေးပြီး မှတ်တမ်းတင်ထားရင် ကောင်းမယ်။ ။
ကျနော်က မန္တလေးသား မိတ်ဆွေတွေနဲ့တွေ့ရင် မေးခွန်းတခုကို ဟာသအနေ နဲ့ အမြဲမေးတတ်ပါတယ်။ ။
ခင်ဗျား မန္တလေးသားလား….(ဟုတ်တယ်လေကွာ)

ဒါဆိုရင် မန္တလေးတောင် သိလား…(ဟာ .. မင်းမနောက်နဲ့လေကွာ၊ ငါမန္တလေးသား အစစ်ပါကွ)
ဒါဆိုရင် မန္တလေးတောင်ခြေက ခြင်္သေ့ကြီး၂ကောင်သိလား ….( ဟာ…. သိတယ်လေကွာ )
အဲဒီ ခြင်္သေ့ကြီး ၂ကောင်ရဲ့ ညာဘက် ခပ်လှမ်းလှမ်းက အုတ်ဂမု (ဂုံး )လေးသိလား…
(အဖြေပြန်မလာတော့ဘူး။ ရပ်သွားပြီး စဉ်းစားရင်း ငြိမ်သွားတော့တာ)

အဲဒီ အုတ်ဂမုလေးဟာ မန္တလေးတောင်ကို ပြုပြင်မွန်းမံမည့် ပန်းရံဆရာကြီးကို ရသေ့ကြီး ဉီးခန္တီးနဲ့ သက်ဆိုင်ရာ လူကြီးတွေက
ပန်းရံဆရာရဲ့ လုပ်ငန်းအတွေ့အကြုံကို ပြသခိုင်းတဲ့အခါ ပန်းရံဆရာကြီးက ငြမ်းမပါဘဲ ဂုံးလေးတခု လုပ်ပြပြီး သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံကို ပြသခဲ့တာပါ။
အဲဒီလို သမိုင်းအကြောင်းအရာ ရှိတဲ့ ဒီအုတ်ဂမု (ဂုံး) နေရာလေးကို သန့်ရှင်း မွန်းမံပြီး သမိုငိးကြောင်းကို ဂဃနဏ သိရှိသူများက သမိုင်းအကျဉ်း ရေးသား မှတ်တမ်းတင်သင့်ပါတယ်။

Credit: Farouk Drums မြတ်နိုးသူ
Aung Ngwe Latt ထံမှ ပြန်လည်မျှဝေပါသည်။ ။
ခငျဗြား မန်တလေးသားလား….(ဟုတျတယျလကှော)



