Knowledge

မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်

မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်.. လုပ်ကြည်ပါ လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲပုဆိုးတစ်ကွင်းပဲ လိုပါတယ်.

ညောင်းငြာကိုက်ခဲသူများအတွက်ဆေးထိုးဆေးစား၊အနှိပ်အနင်းမလိုဘဲ လက်တွေ့သက် သာပျောက်ကင်းစေသောနည်းလေးအား တင်ပြလိုက်ပါသည်။

ကိုယ်လက်ညောင်းညာကိုက်ခဲသူများ၊ဒူးနာခါးနာသူများ အတွက် လွန်စွာအသုံးတည့်ပါသည် ကုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်အိပ်ပြီးပုဆိုးတွင်အုတ်နီခဲကျိုး(၁)လုံး(သို့) (၂)လုံးကိုလိပ်ပြီး နဖူးကိုချိတ်ဆွဲပေးခြင်းဖြစ်ပါသည် ခါးပတ်ပြားကြီးကြီး၊ကြိုးပြားကြီးကြီးများဖြင့်လည်းဆွဲနိုင် ပါသည်။လက်နှစ်ဖက်ကိုဆန့်တန်းထားပြီ ခြေနှစ်ဖက်ကိုစုထားပါ။

မိမိခန္ခာကိုယ်ခံနိုင်ရည်ရှိမည့် အလေးချိန် အတိုင်းအတာ ကိုဆွဲကြည့်ပါ ဒူး၊ခါး၊တစ်ကိုယ်လုံး အရိုးအကြောများ တရှိန်းရှိန်း နှင့်ပါလာပါလိမ့်မည်(၁၅)မိနစ်၊ နာရီဝက်၊(၄၅)မိနစ်စမ်းကြည့်ပါ သိသိသာသာကြီး အကြောအချဉ်များ ပြေခြင်း ၊ဒူးနာ၊ခါးနာများ သက်သာ ပျောက်ကင်းခြင်းကို အမှန်ခံစားရပါမည်။

အမှတ်မထင် မိတ်ဆွေတစ်ဦးအိမ်တွင် ခါးနာသူ တစ်ဦးအုတ်ခဲဆွဲနေသည်ကို မြင်ရ၍မေးကြည့်ရာ အကြောအချဉ်တွေတက်လွန်းပြီး ခါးနာခြင်း အတွက် ဆရာဝန်ကနဖူးတွင်အုတ်ခဲဆွဲလေ့ကျင့်ခန်း လုပ်ခိုင်း၍ ဆောင်ရွက်နေသည်ဟုဆိုပါသည် မိမိကိုယ်တိုင်လည်း စမ်းသပ်လုပ်ကိုင်ကြည့်ရာ အတော်ပင်အကြောတက် ၊ညောင်းညာကိုက်ခဲမှုများ ပြေလျော့သည်မှာအမှန်ပင်ဖြစ်ပါသည်။

နေ့စဉ်အားလပ်ချိန်လေးတွင် ကုတင်လေးပေါ်ပက်လက် လှန်ရင် အုတ်ခဲဆွဲလေ့ကျင့်ခန်းလေးပြုလုပ်ပါက အနှိပ် အနင်း သာ မက ဒူးနာ၊ခါးနာပါ သက်သာပျောက် ကင်းစေနိုင် ပါ ကြောင်းသိမီသမျှဝေလိုက်ရပါသည်

Crd

 







Crd