ၿမိဳ႕ရန္ကုန္ ကႀကိဳးရယ္စုံပါေပ့.. မနက္က လိုတာေလး ဝယ္ရေအာင္ ေစ်းဖက္ ထြက္ခဲ့တယ္.. ညက လိုက္ေအာ္ထားလို႔နဲ႔တူပါရဲ႕ လမ္းေဘးေစ်းသည္ တစ္သည္မွမရွိ..
လမ္းထိပ္ေရာက္ေတာ့.. က်ေနာ့ ေရွ႕ကသြားေနတဲ့ လူက မလုံမလဲ နဲ႔ ေဘးဘီၾကည့္ရင္း.. လမ္းေထာင့္မွာရပ္ေနတဲ့ အိႏၵိယသား တေယာက္ နားကပ္သြားၿပီး တိုးတိုး တိုးတိုးေျပာတယ္ .. ၿပီးေတာ့(ပိုက္ဆံလို႔ ထင္တာဘဲ) ကပ္ေပးလိုက္တယ္.. အိႏၵိယသား(မုတ္ဆိတ္နဲ႔)က ဖုန္းထုတ္ၿပီး ဆက္တယ္ သူ႔ကိုလည္း ခဏေစာင့္ဖို႔ ေျခဟန္လက္ဟန္နဲ႔ျပတယ္..
ဟား ဟ.. ဒါ.. ေသခ်ာတယ္.. ကိုယ္လည္း ရန္ကုန္မွာေမြးတဲ့သူဘဲ.. ေပါက္တာေပါ့ ဒီလို အထာမ်ိဳးေတြကို.. ကိုယ္ကလည္း ဒါမ်ိဳးဆို သိပ္သိခ်င္တဲ့ ေကာင္.. ဖုန္းလာသလိုလို ေျပာသလိုလို နဲ႔ မေယာင္မလည္ရပ္လိုက္ရင္း အေျခအေနကို အကဲခတ္ေနလိုက္တယ္..
႐ႊီ.. ကနဲ ေလခြၽန္သံ တခ်က္ အၿပီးမွာ ေနာက္ကတိုက္ သုံးထပ္ေပၚက အထုတ္ေလး တစ္ထုတ္က်လာတယ္ မုတ္ဆိတ္က လွမ္းဖမ္းလိုက္ၿပီး ခုနက လူကိုေပးတယ္.. ဟိုလူက ရတာ နဲ႔ ခ်ာကနဲ လွည့္လစ္သြားတယ္.. ဟား.. လုပ္လွခ်ည့္လား ကိုယ့္အပိုင္ထဲ မွာေတာင္ ဒါမ်ိဳးေတြျဖစ္ေနပါ့လား ဟ ဟ ဟ ..
ငါသိတယ္ေနာ္ ဆိုတဲ့ အထာ နဲ႔ မုတ္ဆိတ္ကို ရႈိးလိုက္တယ္.. အိႏၵိယသား ကလည္း နပ္တယ္ က်ေနာ့ကိုလွမ္းၿပဳံးျပတယ္.. ဖုန္းနံပါတ္တခု ေရးထားတဲ့ ကတ္ျပားေလးတခု လွမ္းေပးရင္း တီးတိုး ေမးတယ္ အကို.. လိုရင္လွမ္းမွာလို႔ရေအာင္.. အခုေရာ ယူသြားဦးမွာလား? အခုခ်က္ျခင္း ရမွာလား..? ၾကာမွာလား..? အဲ့ မုတ္ဆိတ္ ကပ္ေျပာတယ္ ၅ မိနစ္ေလာက္ ပါဘဲ အကို အေပၚထပ္မွာ ဆက္တိုက္ ယာေနပါတယ္..
အကိုက ဘာ နဲ႔ စားမွာလဲ ႏိုင္တီတူးနဲ႔လား ဘုရင္မနဲ႔လား.. ဘယ္ေလာက္ဖိုးလဲ.. တဲ့ (၅၂၈)
ျပဳံးရယ္နိုင္ၾကပါေစ …
Credit to Uploder
Unicode
ကိုဗစ်ကာလ မှာ ပေါ်လာတဲ့ ရန်ကုန်မြို့က မြေအောက်လောက တခု (ဒီကိစ္စတွေ ကတော့ ဖြစ်မှာပါပဲ)
မြို့ရန်ကုန် ကကြိုးရယ်စုံပါပေ့.. မနက်က လိုတာလေး ဝယ်ရအောင် ဈေးဖက် ထွက်ခဲ့တယ်.. ညက လိုက်အော်ထားလို့နဲ့တူပါရဲ့ လမ်းဘေးဈေးသည် တစ်သည်မှမရှိ..
လမ်းထိပ်ရောက်တော့.. ကျနော့ ရှေ့ကသွားနေတဲ့ လူက မလုံမလဲ နဲ့ ဘေးဘီကြည့်ရင်း.. လမ်းထောင့်မှာရပ်နေတဲ့ အိန္ဒိယသား တယောက် နားကပ်သွားပြီး တိုးတိုး တိုးတိုးပြောတယ် .. ပြီးတော့(ပိုက်ဆံလို့ ထင်တာဘဲ) ကပ်ပေးလိုက်တယ်.. အိန္ဒိယသား(မုတ်ဆိတ်နဲ့)က ဖုန်းထုတ်ပြီး ဆက်တယ် သူ့ကိုလည်း ခဏစောင့်ဖို့ ခြေဟန်လက်ဟန်နဲ့ပြတယ်..
ဟား ဟ.. ဒါ.. သေချာတယ်.. ကိုယ်လည်း ရန်ကုန်မှာမွေးတဲ့သူဘဲ.. ပေါက်တာပေါ့ ဒီလို အထာမျိုးတွေကို.. ကိုယ်ကလည်း ဒါမျိုးဆို သိပ်သိချင်တဲ့ ကောင်.. ဖုန်းလာသလိုလို ပြောသလိုလို နဲ့ မယောင်မလည်ရပ်လိုက်ရင်း အခြေအနေကို အကဲခတ်နေလိုက်တယ်..
ရွှီ.. ကနဲ လေချွန်သံ တချက် အပြီးမှာ နောက်ကတိုက် သုံးထပ်ပေါ်က အထုတ်လေး တစ်ထုတ်ကျလာတယ် မုတ်ဆိတ်က လှမ်းဖမ်းလိုက်ပြီး ခုနက လူကိုပေးတယ်.. ဟိုလူက ရတာ နဲ့ ချာကနဲ လှည့်လစ်သွားတယ်.. ဟား.. လုပ်လှချည့်လား ကိုယ့်အပိုင်ထဲ မှာတောင် ဒါမျိုးတွေဖြစ်နေပါ့လား ဟ ဟ ဟ ..
ငါသိတယ်နော် ဆိုတဲ့ အထာ နဲ့ မုတ်ဆိတ်ကို ရှိုးလိုက်တယ်.. အိန္ဒိယသား ကလည်း နပ်တယ် ကျနော့ကိုလှမ်းပြုံးပြတယ်.. ဖုန်းနံပါတ်တခု ရေးထားတဲ့ ကတ်ပြားလေးတခု လှမ်းပေးရင်း တီးတိုး မေးတယ် အကို.. လိုရင်လှမ်းမှာလို့ရအောင်.. အခုရော ယူသွားဦးမှာလား? အခုချက်ခြင်း ရမှာလား..? ကြာမှာလား..? အဲ့ မုတ်ဆိတ် ကပ်ပြောတယ် ၅ မိနစ်လောက် ပါဘဲ အကို အပေါ်ထပ်မှာ ဆက်တိုက် ယာနေပါတယ်..
အကိုက ဘာ နဲ့ စားမှာလဲ နိုင်တီတူးနဲ့လား ဘုရင်မနဲ့လား.. ဘယ်လောက်ဖိုးလဲ.. တဲ့ (၅၂၈)
ပြုံးရယ်နိုင်ကြပါစေ …
Credit to Uploder