Knowledge

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း

၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။

၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။

၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။အဆိပ်ပြေ လိမ့်မည်။

၄။ မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။အဆိပ် ပြေပါ လိမ့်မည်။

(ကင်းမြီးကောက် ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်… သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်းမသိသူများ မှတ်သားရန်မှာ…

လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။

မကြာသေးမီက ရထားကောင်ပေါ်ဖိအိပ်မိသော ကျောင်းသားလေးတစ်ဦး၏ လည်ပင်းတွင် အညိုအမည်းစွဲသည့် ဒဏ်ရာဖြစ်ကျန်ရစ်သည့် ပို့စ်ကို တင်ပေးခဲ့ပြီးဖြစ်ပါသည်။

ရထားကောင်အား ဖိအိပ်မိပြီး သူ၏ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့်အချိန်ကြာစွာ ထိမိ၍ ဤသို့ဖြစ်ရခြင်း ဖြစ်သော်လည်း သာမန်အားဖြင့်ထိုရထားကောင်များမှာ အန္တရာယ် မပေးသည့် သတ္တဝါ ဖြစ်သည့်အပြင်သူ့အား တို့ထိလိုက်ပါက သင်းခွေချပ်ကဲ့သို့ ခန္ဓာကိုယ်တခုလုံးအားခွေပြီးနေလိုက်သဖြင့် ကလေးများ၏ ဆော့ကစားခြင်းကိုပင် ခံရသည့်သတ္တဝါဖြစ်ပါသည်။

ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါ ဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ…)

မူရင်း ဆရာကျေးဇူးပါ

#Credit

 

ကင္းၿမီးေကာက္ ကင္းေျခမ်ား အကိုက္ ခံရပါက အျမန္အဆိပ္ေျဖနည္း

၁။ ကင္းေျခမ်ား မေတာ္တဆ ကိုက္ခံရပါက –သေဘၤာသီး အစိမ္း အခြံမွ အေစးကို ကိုက္ခံရေသာ ေနရာတြင္လိမ္းေပး ျခင္းျဖင့္ အဆိပ္ ခ်က္ခ်င္း ေျပႏိုင္ ပါတယ္။

၂။ ကင္းျမႇီးေကာက္ ကိုက္ခံ ရပါက –သံပုရာသီး အရည္ႏွင့္ အခ်ိဳမႈန႔္ သမေအာင္ ေရာစပ္၍ရေသာ အရည္ျဖင့္ ကိုက္ခံရေသာ ေနရာအား လိမ္းေပးပါက၁၀ မိနစ္ အတြင္း အဆိပ္ေျပ ႏိုင္သည္။

၃။ ၾကက္သြန္နီ ၃ လုံးကို မီးဖုတ္ပါ –မီးဖုတ္ၿပီးေသာ ၾကက္သြန္နီကို ေထာင္း၍ အရည္ ညစ္ယူပါ။ၾကက္သြန္ မီးဖုတ္ အရည္ကို အကိုက္ ခံရသည့္ ေနရာကို လိမ္းေပးၿပီးအဖတ္မ်ား ကိုလည္း အနာေပၚကို အုံ၍ အဝတ္ျဖင့္ စည္းထားပါ။အဆိပ္ေျပ လိမ့္မည္။

၄။ မန္က်ည္းသီး အေစ့ကို ေသြး၍ အရည္ကို အနာေပၚ လိမ္းေပးပါ။အဆိပ္ ေျပပါ လိမ့္မည္။

(ကင္းၿမီးေကာက္ ကို အလြယ္တကူ သိျမင္ႏိုင္ေသာ္လည္း အခ်ိဳ႕မွာကင္းေျခမ်ားႏွင့္ ရထားေကာင္တို႔ကို ဆင္တူေနသျဖင့္ မွားယြင္းတတ္ၾကပါသည္… သိသူမ်ားကေတာ့ အလြယ္တကူခြဲျခား ႏိုင္ေသာ္လည္းမသိသူမ်ား မွတ္သားရန္မွာ…

လူကို အႏၲရာယ္ မေပးတတ္ေသာရထားေကာင္မွာ ေႏွးေကြးေလးလံစြာသြာ သြားသည့္အေကာင္မ်ိဳးျဖစ္၍ကင္းေျခမ်ားမွာေတာ့ သင္ ဖမ္းမမီေအာင္ အသြားျမန္သည့္ သတၱဝါမ်ိဳးျဖစ္ပါသည္။ ရထားေကာင္က ခႏၶာကိုယ္ လုံးၿပီး၊ ကင္းေျခမ်ားကေတာ့ျပားေသာ ခႏၶာကိုယ္ ရွိပါသည္။

မၾကာေသးမီက ရထားေကာင္ေပၚဖိအိပ္မိေသာ ေက်ာင္းသားေလးတစ္ဦး၏ လည္ပင္းတြင္ အညိဳအမည္းစြဲသည့္ ဒဏ္ရာျဖစ္က်န္ရစ္သည့္ ပို႔စ္ကို တင္ေပးခဲ့ၿပီးျဖစ္ပါသည္။

ရထားေကာင္အား ဖိအိပ္မိၿပီး သူ၏ခႏၶာကိုယ္မွ ထြက္သည့္အရည္မ်ားႏွင့္အခ်ိန္ၾကာစြာ ထိမိ၍ ဤသို႔ျဖစ္ရျခင္း ျဖစ္ေသာ္လည္း သာမန္အားျဖင့္ထိုရထားေကာင္မ်ားမွာ အႏၲရာယ္ မေပးသည့္ သတၱဝါ ျဖစ္သည့္အျပင္သူ႔အား တို႔ထိလိုက္ပါက သင္းေခြခ်ပ္ကဲ့သို႔ ခႏၶာကိုယ္တခုလုံးအားေခြၿပီးေနလိုက္သျဖင့္ ကေလးမ်ား၏ ေဆာ့ကစားျခင္းကိုပင္ ခံရသည့္သတၱဝါျဖစ္ပါသည္။

ကင္းေျခမ်ားႏွင့္ ကင္းၿမီးေကာက္ကေတာ့ အဆိပ္ရွိသတၱဝါ ျဖစ္ၿပီး မလြဲမေရွာင္သာ တိုးမိ၍ေသာ္လည္းေကာင္း တက္နင္းမိ၍ေသာ္လည္းေကာင္း အကိုက္ခံရပါက အဆိပ္တက္ႏိုင္ပါသျဖင့္ထိုသတၱဝါမ်ားကို ခြဲျခားသိျမင္ ေရွာင္ရွားႏိုင္ၾကပါေစ…)

မူရင္း ဆရာေက်းဇူးပါ

#Credit