ဆေးပညာအရ ဦးနှောက် အာရုံမဲ့နေချိန်မျိုးမှာ လျှာကို ကိုက်မိမှာဆိုးတဲ့အတွက် အံကပ်လို အတားအစီးထဲ့ထားရပါတယ်။ ရုံးကန်လို့ ပိုက်တွေ အနေအထား ပျက်မသွားအောင် ပါးစပ်နဲ့ ပိုက်ကို တွဲပြီး၊ တိတ်ကပ်ထားပါတယ်။ချွဲစုပ်ပြီးပြီဆိုရင် ဆရာတော်ဟာ နေ
ထိုင်ကောင်း လာပါတယ်။ ဒါပေမယ့်လည်း ခဏတာ နေထိုင်ကောင်းခြင်းဖြစ်ပါတယ်။ ချွဲ ခဏခဏစုပ်ရခြင်းဟာ ဆရာဝန့်ကြီးတွေအတွက် သိပ် အဆင်မပြေလှပါဘူး။
ဆရာတော်ဟာ သက်တော် ၈၀ နှစ် ရှိတာကြောင့် အစစအရာအရာ ထိန်းပြီး လုပ်ကိုင်နေရ ပါတယ်။နောက်တော့ ချွဲစုပ်တဲ့ နည်းလမ်းကော င်းကို ရှာကြတဲ့ အခါ လည်ချောင်းကို အပေါက်ဖောက်ဖို့နည်းလမ်းကို ရဟန်း အမဆီ ခွင့်တောင်းလာပါတယ်။ ဆရာတော်ရဲ့ အသက်ရှင်ခြင်း ရပ်တည်ဖို့ ဒီနည်းလမ်းဟာ သင့်တော်တဲ့အတွက် လုပ်သင့်မလုပ်သင့်ကို ဆရာဝန်ကြီးတွေက တိုင်ပင်ခိုင်းခြင်းပါပဲ။ လည်ပင်းကို အပေါက်ဖောက်ပြီ ဆိုတာနဲ့ ဆေးရုံက ဆင်းဖို့လည်း အချိန်ထပ်ပြီး၊ အတော်ကြန့်ကြာသွားမယ်လို့ ဆိုပါတယ်။
နောက်တော့ ရဟန်းအမဟာ ဆရာ တော် အသက်ရှင်ဖို့ ခေါင်းငြိမ့်လိုက်ပါတော့တယ်။ ဒီနေ့ ခေါင်းငြိမ့်ရင် မနက်ဖန် ညနေ လည်ချောင်းကို အပေါက်ဖောက်မှာပါ။ နောက်နေ့မနက်မှာ တာဝန်ကျ ကပ္ပိယ နှစ်ယောက်ဟာ မနက်စာ စားပြီးလို့ ပိုးသတ်ဆေးဝတ်စုံ ဝတ်ပြီး၊ အထူးကြပ်မတ်ဆောင်ထဲကို ဝင်လာ ခဲ့ကြပါတယ်။
အဲဒီမှာ ထူးဆန်းတဲ့ အဖြစ် အပျက်ကို တွေ့ကြရပါတယ်။ဆရာတော်ရဲ့ ကိုယ်ပေါ်မှာ တစ်ထောင် တန် ငါးရွက် တွေ့ခြင်းပါပဲ။ အဲဒီ တစ်ထောင်တန်ငါးရွက် ဆရာတော်ထံ ရောက်တဲ့နေ့က စပြီး၊ ဆရာတော်ဟာ တစ်ရက်ထက် တစ်ရက် ကျန်းမာလို့ လာခဲ့ပါတယ်။ တစ်ပတ်ခန့်အကြာ ဆေးရုံကြီးက ဆင်းခွင့်ရလောက်အောင် အံသြခဲ့ရပါတယ်။ဆရာတော်ဟာ ဆေးရုံကဆင်းပြီးတော့ ပဲခူးက ဦးကျော်ဆွေနေအိမ်မှာ အထူးသူနာပြုများနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်လကျော် ကြာခဲ့ပါတယ်။
ဆရာတော်ရဲ့ ကျန်းမာရေး ကုန်ကျစ ရိတ်နဲ့ ဆရာတော်နောက်က ပါလာသူအားလုံးရဲ့ စားဝတ်နေ(ဟော်တယ်ခများ)ရေးပါ မကျန်၊ မန္တလေးပြန်ရောက်ချိန်ထိ တာဝန်ယူခဲ့သူဟာ ပဲခူးက ဦးကျော်ဆွေပါပဲ။ (ဦးကျော်ဆွေဟာ ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် သူ၏ ရှိတဲ့စည်းစိမ် ကုန်သွားပါစေ။ သူ့ဘဝကို တစ်ကပြန်စမယ်လို့ ခံယူချက်နဲ့ ကုသပေးသူပါ။)
ဆရာတော် ကျန်းမာရေး ကောင်းလာလို့ အထူးကြပ်မတ်ဆောင် မှာ ဆရာတော်ကို တစ်ထောင်တန် ငါးရွက် ကပ်လှူထားတဲ့ အကြောင်းကို ကပ္ပိယ တစ်ယောက်က လျှောက် ထားပါတယ်။ “ဆရာတော်….တပည့်တော်တို့ဟာဆရာတော်ရဲ့ ကျန်းမာရေး ဆေးပညာအရ ကုစားလို့ မရတော့ဘူး။
မန္တလေးကို ပြန်ပင့်ဖို့ထိ စီစဉ်ထား ခဲ့ပါတယ်ဘုရား။ ဆရာတော်ဟာ ပရိနိဗ္ဗာန်ပြုပြီလို့ကို ထင်ခဲ့ကြတာပါဘုရား။ ဆရာတော်ရဲ့ လည် ချောင်းကို အပေါက်ဖောက်မယ့် မနက်ခင်းမှာ ဆရာတော်ကို ကပ်လှုခဲ့တဲ့ ထူးထူးဆန်းဆန်း တစ်ထောင်တန် ငါးရွက်ကြောင့် ကျန်းမာရေး ပြန်လည်ကောင်း လာတယ်လို့ ထင်မြင်ယူဆ မိပါတယ်ဘု ရား။ အဲဒီ တစ်ထောင်တန် ငါးရွက်ဟာ ဘယ်ပုဂ္ဂိုလ်ကများ လှူဒါန်းခဲ့ပါသလဲအရှင် ဘုရား။
”“သိကြားမင်း….။” “ဘယ်အလိုအတွက်ကြောင့် လှူဒါန်းခဲ့ ပါသလဲဘုရား။” ဆရာတော်သည် မည်သို့မှ ပြန်လည် မိန့်ကြားခြင်း မရှိတော့။ တိတ်တဆိတ် သီ တင်းသုံးကာ နေပါတော့တယ်။မြန်မာပြည်သူ ပြည်သားများအားလုံး ကပ်ဘေးမှ ကင်းလွတ်ကြပါစေ။ထိ.သိ.သတိဇော်နိုင်(မန္တလေး)တထောင်တန်၅ရွက်ထဲက တရွက်ပုံအစစ်ပါလို့ စာရေးသူက ပြောထား ပါတယ်
ေဆးပညာအရ ဦးေႏွာက္ အာ႐ုံမဲ့ေနခ်ိန္မ်ိဳးမွာ လွ်ာကို ကိုက္မိမွာဆိုးတဲ့အတြက္ အံကပ္လို အတားအစီးထဲ့ထားရပါတယ္။ ႐ုံးကန္လို႔ ပိုက္ေတြ အေနအထား ပ်က္မသြားေအာင္ ပါးစပ္နဲ႔ ပိုက္ကို တြဲၿပီး၊ တိတ္ကပ္ထားပါတယ္။ခြၽဲစုပ္ၿပီးၿပီဆိုရင္ ဆရာေတာ္ဟာ ေန ထိုင္ေကာင္း လာပါတယ္။ ဒါေပမယ့္လည္း ခဏတာ ေနထိုင္ေကာင္းျခင္းျဖစ္ပါတယ္။ ခြၽဲ ခဏခဏစုပ္ရျခင္းဟာ ဆရာဝန႔္ႀကီးေတြအတြက္ သိပ္ အဆင္မေျပလွပါဘူး။
ဆရာေတာ္ဟာ သက္ေတာ္ ၈၀ ႏွစ္ ရွိတာေၾကာင့္ အစစအရာအရာ ထိန္းၿပီး လုပ္ကိုင္ေနရ ပါတယ္။ေနာက္ေတာ့ ခြၽဲစုပ္တဲ့ နည္းလမ္းေကာ င္းကို ရွာၾကတဲ့ အခါ လည္ေခ်ာင္းကို အေပါက္ေဖာက္ဖို႔နည္းလမ္းကို ရဟန္း အမဆီ ခြင့္ေတာင္းလာပါတယ္။ ဆရာေတာ္ရဲ႕ အသက္ရွင္ျခင္း ရပ္တည္ဖို႔ ဒီနည္းလမ္းဟာ သင့္ေတာ္တဲ့အတြက္ လုပ္သင့္မလုပ္သင့္ကို ဆရာဝန္ႀကီးေတြက တိုင္ပင္ခိုင္းျခင္းပါပဲ။ လည္ပင္းကို အေပါက္ေဖာက္ၿပီ ဆိုတာနဲ႔ ေဆး႐ုံက ဆင္းဖို႔လည္း အခ်ိန္ထပ္ၿပီး၊ အေတာ္ၾကန႔္ၾကာသြားမယ္လို႔ ဆိုပါတယ္။
ေနာက္ေတာ့ ရဟန္းအမဟာ ဆရာ ေတာ္ အသက္ရွင္ဖို႔ ေခါင္းၿငိမ့္လိုက္ပါေတာ့တယ္။ ဒီေန႔ ေခါင္းၿငိမ့္ရင္ မနက္ဖန္ ညေန လည္ေခ်ာင္းကို အေပါက္ေဖာက္မွာပါ။ ေနာက္ေန႔မနက္မွာ တာဝန္က် ကပၸိယ ႏွစ္ေယာက္ဟာ မနက္စာ စားၿပီးလို႔ ပိုးသတ္ေဆးဝတ္စုံ ဝတ္ၿပီး၊ အထူးၾကပ္မတ္ေဆာင္ထဲကို ဝင္လာ ခဲ့ၾကပါတယ္။
အဲဒီမွာ ထူးဆန္းတဲ့ အျဖစ္ အပ်က္ကို ေတြ႕ၾကရပါတယ္။ဆရာေတာ္ရဲ႕ ကိုယ္ေပၚမွာ တစ္ေထာင္ တန္ ငါး႐ြက္ ေတြ႕ျခင္းပါပဲ။ အဲဒီ တစ္ေထာင္တန္ငါး႐ြက္ ဆရာေတာ္ထံ ေရာက္တဲ့ေန႔က စၿပီး၊ ဆရာေတာ္ဟာ တစ္ရက္ထက္ တစ္ရက္ က်န္းမာလို႔ လာခဲ့ပါတယ္။ တစ္ပတ္ခန႔္အၾကာ ေဆး႐ုံႀကီးက ဆင္းခြင့္ရေလာက္ေအာင္ အံၾသခဲ့ရပါတယ္။ဆရာေတာ္ဟာ ေဆး႐ုံကဆင္းၿပီးေတာ့ ပဲခူးက ဦးေက်ာ္ေဆြေနအိမ္မွာ အထူးသူနာျပဳမ်ားနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ တစ္လေက်ာ္ ၾကာခဲ့ပါတယ္။
ဆရာေတာ္ရဲ႕ က်န္းမာေရး ကုန္က်စ ရိတ္နဲ႔ ဆရာေတာ္ေနာက္က ပါလာသူအားလုံးရဲ႕ စားဝတ္ေန(ေဟာ္တယ္ခမ်ား)ေရးပါ မက်န္၊ မႏၲေလးျပန္ေရာက္ခ်ိန္ထိ တာဝန္ယူခဲ့သူဟာ ပဲခူးက ဦးေက်ာ္ေဆြပါပဲ။ (ဦးေက်ာ္ေဆြဟာ ဆရာေတာ္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ရင္ သူ၏ ရွိတဲ့စည္းစိမ္ ကုန္သြားပါေစ။ သူ႔ဘဝကို တစ္ကျပန္စမယ္လို႔ ခံယူခ်က္နဲ႔ ကုသေပးသူပါ။)
ဆရာေတာ္ က်န္းမာေရး ေကာင္းလာလို႔ အထူးၾကပ္မတ္ေဆာင္ မွာ ဆရာေတာ္ကို တစ္ေထာင္တန္ ငါး႐ြက္ ကပ္လႉထားတဲ့ အေၾကာင္းကို ကပၸိယ တစ္ေယာက္က ေလွ်ာက္ ထားပါတယ္။ “ဆရာေတာ္….တပည့္ေတာ္တို႔ဟာဆရာေတာ္ရဲ႕ က်န္းမာေရး ေဆးပညာအရ ကုစားလို႔ မရေတာ့ဘူး။
မႏၲေလးကို ျပန္ပင့္ဖို႔ထိ စီစဥ္ထား ခဲ့ပါတယ္ဘုရား။ ဆရာေတာ္ဟာ ပရိနိဗၺာန္ျပဳၿပီလို႔ကို ထင္ခဲ့ၾကတာပါဘုရား။ ဆရာေတာ္ရဲ႕ လည္ ေခ်ာင္းကို အေပါက္ေဖာက္မယ့္ မနက္ခင္းမွာ ဆရာေတာ္ကို ကပ္လႈခဲ့တဲ့ ထူးထူးဆန္းဆန္း တစ္ေထာင္တန္ ငါး႐ြက္ေၾကာင့္ က်န္းမာေရး ျပန္လည္ေကာင္း လာတယ္လို႔ ထင္ျမင္ယူဆ မိပါတယ္ဘု ရား။ အဲဒီ တစ္ေထာင္တန္ ငါး႐ြက္ဟာ ဘယ္ပုဂၢိဳလ္ကမ်ား လႉဒါန္းခဲ့ပါသလဲအရွင္ ဘုရား။
”“သိၾကားမင္း….။” “ဘယ္အလိုအတြက္ေၾကာင့္ လႉဒါန္းခဲ့ ပါသလဲဘုရား။” ဆရာေတာ္သည္ မည္သို႔မွ ျပန္လည္ မိန႔္ၾကားျခင္း မရွိေတာ့။ တိတ္တဆိတ္ သီ တင္းသုံးကာ ေနပါေတာ့တယ္။ျမန္မာျပည္သူ ျပည္သားမ်ားအားလုံး ကပ္ေဘးမွ ကင္းလြတ္ၾကပါေစ။ထိ.သိ.သတိေဇာ္ႏိုင္(မႏၲေလး)တေထာင္တန္၅႐ြက္ထဲက တ႐ြက္ပုံအစစ္ပါလို႔ စာေရးသူက ေျပာထား ပါတယ္