ဆိုင်ကယ်စီးသူတိုင်းသတိထားသင့်တဲ့အချက်
အင်းဆက် အကောင်လေးတွေဆိုတာက အမှောင်ကို ကြိုက်ကြတာများပါတယ်။ ဂျောင်ဂျိုဂျောင်ကြားတွေထဲ ဝင်နေတတ်ပြီးတချိူ့
အကောင်တွေဆိုရင်လူ့အသကိုတောင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
မလေးရှားနိုင်ငံက Wak Sarepလို့ခေါ်တဲ့အမျိုးသားကTiktok မှာvideoတစ်ခုကိုတင်ခဲ့ပါတယ်။၄၈နာရီအတွင်းမှာပဲ ကြည့်ရှူသူ
ပေါင်း၃၀၀၀၀၀ ကျော်ရရှိခဲ့ပါတယ်။
Video ထဲမှာတော့ကင်းခြေများတစ်ကောင်ကဦးထုပ်ထဲမှာဝင်နေတာကို မြင်ရမှာပါ။သူဟာ Perak မြို့ကို သွားနေတဲ့အချိန်ဆိုင်ကယ်စီးဦးထုပ်ထဲနဲ့ နားရွက်ကြားထဲမှာ
တစ်ခုခု ထောက်နေတယ်လို့ ခံစားမိပါတယ်။ မိနစ် ၄၀ လောက်အကြာမှာတော့ စိတ်မရှည်တော့ပဲ ဦးထုပ်ကို ချွတ်ပြီး အတွင်းထဲကို သေချာရှာကြည့်ခဲ့ပါတယ်။
အဲ့လို ရှာရင်းကနေ ကင်းခြေများဟာ ဦးထုပ်ထဲမှာ ဝင်အိပ်နေတာကို တွေ့ခဲ့ရတာပါ။ တော်တော်ကို ကံကောင်းမှုလို့ ဆိုရမှာပါပဲ။ ကင်းခြေများက စိတ်အခန့်မသင့်လို့ ခေါင်းကို ထကိုက်လိုက်ရင်တော့ မတွေးဝံ့စရာပါပဲ။
Rider တို့လဲ ခရီးမသွားခင် မိမိရဲ့ ဦးထုပ်ကို သေချာစစ်ဆေးစေချင်ပါတယ်။ ပြီးတော့ Safety ဖြစ်တဲ့ ဦးထုပ်ကိုသာ သုံးဖို့ အကြံပေးချင်ပါတယ်။ အသက်လောက် အရေးကြီးတာ မရှိလို့ပါ။
Zombie (Lovemedia)
သချာရှာကြည့်ခဲ့ပါတယ်။
Zombie (Lovemedia)