မိန္းမမာယာ သဲကိုးျဖာ ဘုန္းႀကီးအလည္နဲ႔ ေတြ႕ေသာအခါ”
တစ္ခါတုန္းကဘုန္းႀကီးတစ္ပါးဟာ ဆြမ္းခံပ်င္းေတာ့ “ေနမေကာင္းလို႔”၊ “ေခါင္းမူးလို႔” ဆိုတာမ်ိဳးနဲ႔ အေၾကာင္းအမ်ိဳး
မ်ိဳးျပၿပီး ဒကာမအိမ္မွာ မၾကာခဏဆြမ္းသြားစားတယ္။
ခဏခဏဆိုေတာ့ ဒကာမလည္း သဒၶါတရားပ်က္လာတာေပါ့။တစ္ရက္ေတာ့ ဘုန္းႀကီးက “ဗိုက္နာလို႔ဆြမ္းခံ မထြက္ႏိုင္ဘူး” ဆိုၿပီး ဆြမ္းစားရေအာင္သြားျပန္တယ္။
ဒီတစ္ခါေတာ့ ဒကာမက “ဒီဘုန္းႀကီးပ်င္းကို ဆြမ္းမကပ္ရေအာင္ ငါ့မာယာနဲ႔ ပထုတ္မယ္” လို႔ႀကိမ္းဝါးၿပီး အခုလို ေျပာလိုက္တယ္။ “အရွင္ဘုရား။
တပည့္ေတာ္မအိမ္မွာ ဆန္ျပတ္ေနလို႔ဆြမ္းကပ္စရာမရွိဘူး။ ဒါေပမယ့္ တစ္ျခားအိမ္မွာရွိလို႔ရွိျငား ထြက္ေခ်းၾကည့္ပါဦးမယ္ဘုရား” ဆိုၿပီး ဗန္းကေလးဆြဲထြက္သြားတယ္။
ဘုန္းႀကီးကလည္း အလည္ဆိုေတာ့ “ဒါ ငါ့ကို ညာတာျဖစ္ႏိုင္တယ္” ဆိုၿပီး ဒကာမထြက္အသြားမွာ မီးဖိုေခ်ာင္ထဲဝင္ၿပီး ေထာက္လွမ္းေရးလုပ္ေတာ့တာေပါ့။
အိုးထဲဖြင့္ၾကည့္လိုက္ေတာ့ ငကြၽဲဆန္ေတြ အိုးနဲ႔အျပည့္ေတြ႕ရတယ္။ ၿပီးေတာ့ ဆီ၊ ငါးရံ႕ေျခာက္ျပား နဲ႔ ႀကံေခ်ာင္းႀကီးတစ္ေခ်ာင္းကိုေတာင္ နံရံမွာ ေထာင္ထားတာေတြ႕သြားတယ္။
တေအာင့္ၾကာတယ္ဆိုရင္ပဲ ဒကာမက သူ႔လုပ္ရပ္အပိုင္ပဲဆိုၿပီး တစ္ျခားအိမ္ကေန ျပန္လာတယ္။ အိမ္ေရာက္ေတာ့ “တပည့္ေတာ္မ ဆန္ေခ်းလို႔လည္း မရဘူးဘုရား။ ဒါေၾကာင့္ ဒီေန႔ေတာ့ ဆြမ္း မကပ္ႏိုင္ေတာ့ပါဘူးဘုရား” ဆိုေတာ့အဲဒီဘုန္းႀကီးက “အင္း…။
ထင္သားပဲ။ ဒါေၾကာင့္ လမ္းမွာ နိမိတ္ဆိုးတာနဲ႔ ႀကဳံရတာကိုး” လို႔ေျပာေတာ့ ဒကာမက “ဘယ္လိုနိမိတ္ဆိုးနဲ႔မ်ား ႀကဳံခဲ့ရတာလဲဘုရား”လို႔မိန္းမသားတို႔ထုံးစံ စပ္စုလိုစိတ္ႀကီးၿပီး ေမးလိုက္တယ္။
အဲအခ်ိန္မွာ ဘုန္းႀကီးက “က်ဳပ္ ဒီအိမ္ကို လာတဲ့ လမ္းမွာေႁမြေဟာက္ႀကီးတစ္ေကာင္နဲ႔ ေတြ႕တယ္ဗ်ာ။ ရွည္လိုက္တာလည္း မေျပာပါနဲ႔ေတာ့” ဆိုၿပီး စကားကို ျဖတ္လိုက္တယ္။
အဲအခ်ိန္မွာ ဒကာမက မိမိရဲ႕ သိလိုစိတ္ကို (စုပ္စုလိုစိတ္ကို) မထိန္းႏိုင္ေတာ့ဘဲ “ဘယ္ေလာက္မ်ားရွည္လို႔တုန္းဘုရား” လို႔ ထပ္ေမးမိျပန္ပါေလေရာ။
သူ႔အကြက္ထဲ ဝင္လာတာကို သိလိုက္ေတာ့ ဘုန္းႀကီးကလည္း “ေႁမြေဟာက္ႀကီးကလည္းဗ်ာ ဒကာမရဲ႕ မီးဖိုေခ်ာင္ထဲက ႀကံေခ်ာင္ႀကီးေလာက္ရွည္တယ္ဗ်။” လို႔ေျဖလိုက္တယ္။ ဒကာမလည္း “ဟင္”ဆိုၿပီး အံ့ၾသသြားတာေပါ့။
ဒကာမ အံ့ဩလို႔ မဆုံးေသးခင္မွာပဲ ဘုန္းႀကီးက ဆက္ၿပီးေျပာလိုက္တယ္ “က်ဳပ္ကိုျမင္ေတာ့ဗ်ာ…ေႁမြေဟာက္ႀကီးက ေဒါသတႀကီးနဲ႔ ပါးပ်ဥ္းႀကီးကို ေထာင္လိုက္ေသးတယ္။
အဲဒီ ပါးပ်ဥ္းႀကီးကလည္း ဒကာမႀကီး မီးဖိုေခ်ာင္ထဲက ငါးရံ႕ေျခာက္ျပားႀကီးေလာက္ေတာ့ရွိတယ္” ဆိုလိုက္ျပန္ေရာ။ဒကာမႀကီးလည္း ေနာက္တစ္ႀကိမ္ “ေဟာေတာ့’ ဆိုၿပီး အံ့ၾသသြားရျပန္တယ္။
အဲအခ်ိန္မွာ ဘုန္းႀကီးက ဆက္ၿပီး ေျပာလိုက္ေသးတာက “ေႁမြေဟာက္ႀကီးကဗ်ာ ပါးပ်ဥ္းေထာင္ၿပီး က်ဳပ္ကိုေပါက္ ေတာ့မယ့္ဟန္နဲ႔ အစြယ္ကို ၿဖီးၿဖီးျပေသးတယ္။ အဲဒီအစြယ္ကလည္း ဒကာမႀကီးရယ္ ဒကာမႀကီးရဲ႕ ဆန္အိုးထဲကငကြၽဲဆန္ေစ့ေလာက္ေတာ့ရွိမယ္ဗ်” လို႔ဆိုလိုက္ေတာ့ ဒကာမႀကီးလည္း သေဘာေပါက္သြားၿပီး
“ကဲ… ကိုယ္ေတာ္ဘုရား။ ေအးေအးေဆးေဆးပဲေနပါေတာ့။ တပည့္ေတာ္မပဲ ဆြမ္းခ်က္ကပ္ပါေတာ့မယ္။”လို႔ေလွ်ာက္လိုက္ရပါေတာ့တယ္•••။
Credit
unicode
မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ”
တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ “နေမကောင်းလို့”၊ “ခေါင်းမူးလို့” ဆိုတာမျိုးနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။
ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။တစ်ရက်တော့ ဘုန်းကြီးက “ဗိုက်နာလို့ဆွမ်းခံ မထွက်နိုင်ဘူး” ဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။
ဒီတစ်ခါတော့ ဒကာမက “ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်” လို့ကြိမ်းဝါးပြီး အခုလို ပြောလိုက်တယ်။ “အရှင်ဘုရား။
တပည့်တော်မအိမ်မှာ ဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ပါဦးမယ်ဘုရား” ဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။
ဘုန်းကြီးကလည်း အလည်ဆိုတော့ “ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ်” ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။
အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အိုးနဲ့အပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား နဲ့ ကြံချောင်းကြီးတစ်ချောင်းကိုတောင် နံရံမှာ ထောင်ထားတာတွေ့သွားတယ်။
တအောင့်ကြာတယ်ဆိုရင်ပဲ ဒကာမက သူ့လုပ်ရပ်အပိုင်ပဲဆိုပြီး တစ်ခြားအိမ်ကနေ ပြန်လာတယ်။ အိမ်ရောက်တော့ “တပည့်တော်မ ဆန်ချေးလို့လည်း မရဘူးဘုရား။ ဒါကြောင့် ဒီနေ့တော့ ဆွမ်း မကပ်နိုင်တော့ပါဘူးဘုရား” ဆိုတော့အဲဒီဘုန်းကြီးက “အင်း…။
ထင်သားပဲ။ ဒါကြောင့် လမ်းမှာ နိမိတ်ဆိုးတာနဲ့ ကြုံရတာကိုး” လို့ပြောတော့ ဒကာမက “ဘယ်လိုနိမိတ်ဆိုးနဲ့များ ကြုံခဲ့ရတာလဲဘုရား”လို့မိန်းမသားတို့ထုံးစံ စပ်စုလိုစိတ်ကြီးပြီး မေးလိုက်တယ်။
အဲအချိန်မှာ ဘုန်းကြီးက “ကျုပ် ဒီအိမ်ကို လာတဲ့ လမ်းမှာမြွေဟောက်ကြီးတစ်ကောင်နဲ့ တွေ့တယ်ဗျာ။ ရှည်လိုက်တာလည်း မပြောပါနဲ့တော့” ဆိုပြီး စကားကို ဖြတ်လိုက်တယ်။
အဲအချိန်မှာ ဒကာမက မိမိရဲ့ သိလိုစိတ်ကို (စုပ်စုလိုစိတ်ကို) မထိန်းနိုင်တော့ဘဲ “ဘယ်လောက်များရှည်လို့တုန်းဘုရား” လို့ ထပ်မေးမိပြန်ပါလေရော။
သူ့အကွက်ထဲ ဝင်လာတာကို သိလိုက်တော့ ဘုန်းကြီးကလည်း “မြွေဟောက်ကြီးကလည်းဗျာ ဒကာမရဲ့ မီးဖိုချောင်ထဲက ကြံချောင်ကြီးလောက်ရှည်တယ်ဗျ။” လို့ဖြေလိုက်တယ်။ ဒကာမလည်း “ဟင်”ဆိုပြီး အံ့သြသွားတာပေါ့။
ဒကာမ အံ့ဩလို့ မဆုံးသေးခင်မှာပဲ ဘုန်းကြီးက ဆက်ပြီးပြောလိုက်တယ် “ကျုပ်ကိုမြင်တော့ဗျာ…မြွေဟောက်ကြီးက ဒေါသတကြီးနဲ့ ပါးပျဉ်းကြီးကို ထောင်လိုက်သေးတယ်။
အဲဒီ ပါးပျဉ်းကြီးကလည်း ဒကာမကြီး မီးဖိုချောင်ထဲက ငါးရံ့ခြောက်ပြားကြီးလောက်တော့ရှိတယ်” ဆိုလိုက်ပြန်ရော။ဒကာမကြီးလည်း နောက်တစ်ကြိမ် “ဟောတော့’ ဆိုပြီး အံ့သြသွားရပြန်တယ်။
အဲအချိန်မှာ ဘုန်းကြီးက ဆက်ပြီး ပြောလိုက်သေးတာက “မြွေဟောက်ကြီးကဗျာ ပါးပျဉ်းထောင်ပြီး ကျုပ်ကိုပေါက် တော့မယ့်ဟန်နဲ့ အစွယ်ကို ဖြီးဖြီးပြသေးတယ်။ အဲဒီအစွယ်ကလည်း ဒကာမကြီးရယ် ဒကာမကြီးရဲ့ ဆန်အိုးထဲကငကျွဲဆန်စေ့လောက်တော့ရှိမယ်ဗျ” လို့ဆိုလိုက်တော့ ဒကာမကြီးလည်း သဘောပေါက်သွားပြီး
“ကဲ… ကိုယ်တော်ဘုရား။ အေးအေးဆေးဆေးပဲနေပါတော့။ တပည့်တော်မပဲ ဆွမ်းချက်ကပ်ပါတော့မယ်။”လို့လျှောက်လိုက်ရပါတော့တယ်•••။
Credit