Knowledge

လက်လွန်နေတဲ့ ငွေများ အကြွေးများ အမြန်ဆုံးပြန်ရအောင် ဒီလိုလုပ်ပါ

လက်လွန်နေတဲ့ ငွေများ(အကြွေးများ) အမြန်ဆုံးပြန်ရအောင် ဒီလိုလုပ်ပါ

အခုခေတ်ကတော့ အများဆုံးက ပြန်မရကြတော့ပါဘူး

ဒါပေမယ့် ကိုယ့်ဘက်က လုပ်လို့ရတဲ့ယတြာလေးတွေတော့ လုပ်ရင်မမှားပါဘူး အခုပြောမယ့်နည်းလေးက

လွယ်ကူပေမယ့် အကျိုးတော့ အတော်ရှိတာကိုတွေ့ရပါတယ်။

သောကြာနေ့နံနက် ၇နာရီမှ၇:၃၀အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ

(ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်=အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားရှင်ဘက်ကိုလှည့်ထားပါ

ကွမ်းရွက်ရဲ့အောက်ဘက် !ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ ‘အမြန်ဆုံးငွေကြေးအဆင်ပြေ၍ အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ’ဟုရေးထားပါ)

အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့်ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။

ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍

မိမိ၏မိသားစုမဟုက်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။

ဆုံးတော့မလို ဖြစ်နေတဲ့အကြွေးများအမြန်ဆုံးပြန်ရကြပါစေ ကျန်းမာချမ်းသာကြပါစေ ။










